Unicode
ထပ်တွေ့ကြပြန်ပြီ။
ဒီနေ့သည် အနုပညာလောကထဲသို့ ဝင်ရောက်လာသည့်အချိန်မှစ၍ ထူးထူးခြားခြားအနေဖြင့် တစ်နေ့လုံး scheduleမရှိတာဖြစ်သည်။ အရမ်းကို ထူးထူးခြားခြားအနေနဲ့ပေါ့။
Yixingသည် နေ့တိုင်းနေ့တိုင်း အလုပ်တွေကို အဆက်မပြတ်ကြိုးစားပြီး တစ်ရက်တွင် အများဆုံး ၄နာရီသာ အိပ်ဖြစ်သည်။ weibo nameပင် "努力努力再努力 ကြိုးစားပါ၊ ကြိုးစားပြီးရင်း ကြိုးစားပါ" ဖြစ်ကာ အတော်လေးကို အလုပ်ကြိုးစားသူဖြစ်သည်။ မျက်စိတစ်မှိတ်အတွင်းတွင်ပင် လေဆိပ်ရောက်နေတတ်ပြန်သူ ဖြစ်သည်။ အလွန်အလုပ်ကြိုးစားတာကြောင့် မိဘများက စံပြပုဂ္ဂိုလ်အဖြစ် "Zhang Yixingလို ကြိုးစားစမ်းပါ'' ဟူ၍ဆုံးမတတ်သော်လည်း Fanများအနေနဲ့မူ သူ့၏ကျန်းမာရေးအား အလွန်အမင်းစိတ်ပူကြကာ နေ့တိုင်းနေ့တိုင်း အနားယူဖို့ social media platforms များတွင် တတွတ်တွတ်တင်ကြသည်။ Yixingဒီနေ့တော့ အရမ်းကိုထူးထူးခြားခြား အနေဖြင့် တစ်နေ့လုံး scheduleတွေဖျက်ဖို့ ပြောထားသည့်အတွက် Manager Jiejieပင် အံ့ဩမဆုံးဖြစ်ရသေးသည်။ ဒါပေမယ့် ခနပါ။ Yixingကို မိမိ၏မောင်ငယ်အရင်းကဲ့သို့ သဘောထားကာ ချစ်ခင်ပေးသည့် Jiejieက Yixingအနားယူမည်ဟုပြောလိုက်၍ အရမ်းဝမ်းသာဟန်ဖြင့် စိတ်မပူပဲ အေးအေးဆေးဆေးနေရန် အဆက်မပြတ်မှာကြားသွားပြန်ပါသေးသည်။
Yixingသည် Fanတွေဆီကရော၊ အနီးအနားပတ်ဝန်းကျင်ကသူတွေဆီကပါ အချစ်ခံ ဂရုစိုက်ခံရသည်။ Programတစ်ခုပါလိုက်လျှင်လည်း ထိုProgramရှိ staffများမှအစ သူနှင့်အတူပါဝင်သည့် အနုပညာရှင်တွေအဆုံး ဂရုစိုက်ပေးကြသည်။ Movie, Drama တွေ ရိုက်ခဲ့လျှင်လည်း ထိုသို့အတိုင်းပင်။ Yixingနှင့်အသက်တူသည့် သရုပ်ဆောင်မင်းသားများပင် သူ့အား ကလေးကဲ့သို့ ပြောဆိုဆက်ဆံကြသည်။ မွေးရာပါ ချစ်ဖို့ကောင်းသည့် သူ့၏အားနည်းချက်ကြောင့်ပင် ဖြစ်လိမ့်မည်။ ရုပ်ချောပြီး တစ်ပြိုင်တည်း ချစ်ဖို့ကောင်းရတာလည်း မလွယ်ပါလား။"လတ်တလော 'သူတို့ပြန်ဆုံကြပြီ'ဆိုတဲ့ topicက လူအပြောအများဆုံးဖြစ်နေပြီး hitအဖြစ်ဆုံးသတင်းလည်း ဖြစ်နေပါတယ်။ သူတို့ဆိုတာ တခြားမဟုတ်ပါဘူး။ တရုတ်ထိပ်တန်း ကြယ်ပွင့်တွေဖြစ်ကြတဲ့ Wu Yifan, Luhan, Zitao နဲ့ Zhang Yixingတို့ပဲဖြစ်ပါတယ်။ အဖွဲ့ဝင်ဟောင်း ၃ယောက်နဲ့ လက်ရှိ solo activitiesတွေ လုပ်ဆောင်နေတဲ့ အဖွဲ့ဝင်တို့ရဲ့ ၇နှစ်အကြာမှ ပြန်လည်ဆုံစည်းမှုကို တစ်ကမ္ဘာလုံးမှာရှိကြတဲ့ Fanတွေသာမက၊ Non-fan တွေအထိပါ သိချင်စိတ်ဖြင့်ရင်ခုန်စိတ်လှုပ်ရှားနေကြပါတယ်။ သူတို့ဟာဆိုရင် တရုတ်နိုင်ငံအတွင်း၌သာမက နိုင်ငံတကာအသိအမှတ်ပြု၊ ချစ်ခင်မှုတွေရရှိနေတဲ့ ကြယ်ပွင့်တွေဖြစ်ပါတယ်။ မင်းတို့ရော စိတ်လှုပ်ရှားနေကြတယ်မလား.."
YOU ARE READING
Again