အပိုင်း ၅။

33 6 0
                                    

Unicode

Yifan pov ;

လောကကြီးကပုံမှန်အတိုင်းပဲ လည်ပတ်နေဆဲ။ ကားသံတဝီဝီနဲ့ လူတွေက ပျားပန်းခတ်လှုပ်ရှားနေကြတယ်။ Yifan မြို့ပြကြီးထဲမှာ နေရတာ သ‌ဘောမကျဖြစ်လာတယ်။ တစ်နေ့နေ့ကျရင်တော့ မြို့ပြတဲ့ဝေးတဲ့ တိတ်ဆိတ်အေးချမ်းတဲ့ တောရွာငယ်လေး တစ်နေရာမှာ တစ်စုံတစ်ယောက်နဲ့အတူ နေဖို့ဆန္ဒရှိပါတယ်။

Ring ~

"Yifan ခုချက်ချင်း သတင်းဖွင့်ကြည့်လိုက် မြန်မြန်"

"Geကလည်း အလန့်တကြားနဲ့"

"အလန့်တကြားဖြစ်စရာကိစ္စမလို့ အလန့်တကြားဖြစ်တာပေါ့ ‌မြန်မြန်ဖွင့်ကြည့်လို့!"

"ဟုတ်ပြီ ဟုတ်ပြီ ဒါပဲ"

Manager Geတစ်ယောက် အခုလိုအလန့်တကြားဖြစ်ပုံအရဆိုရင် သတင်းထူးတစ်ခုခုဖြစ်‌ပေလိမ့်မယ်။ ဒါပေမယ့် အမှန်အတိုင်းပြောရရင် Yifan ဘယ်သူ့သတင်းမှစိတ်မဝင်စားနိုင်ပါ။ ကိုယ့်ကိစ္စနဲ့ ကိုယ်တောင် အတော်စိတ်ပင်ပန်းနေရတာ၊ သူများကိစ္စစပ်စုဖို့ အချိန်ဘယ်မှာရှိလို့လဲ။
Yifanက သူ့အတွေးတွေနဲ့ဆန့်ကျင်စွာပဲ ရီမုဒ်ကို ကောက်ကိုင်တာ သတင်းဖွင့်လိုက်တယ်။

တကယ့်ကို သတင်းအကြီးကြီးမှ အကြီးကြီးပဲ။ Manager Geဘာလို့ အလန့်တကြားဖြစ်ရလဲဆိုတာ သူနားလည်ပြီ။ သူကိုယ်တိုင်တောင် မယုံနိုင်ပဲ ထိုသတင်းကိုမမှိတ်မသုန် ကြည့်နေမိသည်လေ။ သူ့ရဲ့ lawyer နဲ့ သူ့teamတစ်ခုလုံး ကြိုးစားပမ်းစား သက်သေတွေရှာဖွေခဲ့ပေမယ့် လုံးဝမတွေ့ခဲ့ရတဲ့ သက်သေတွေ၊ IP address ကို ခြေရာခံလိုက်ပေမယ့် လုံးဝသတင်းအစအနမကြားခဲ့ရတဲ့ ကောလဟာလဖွသူတွေ၊ အခုတော့ ကိုယ်တိုင် ထွက်ဆို ဝန်ခံနေသည်တဲ့လေ။
ဒါဟာ ရိုးရှင်းတဲ့ ကိစ္စဖြစ်ပါ့မလား။ ဒီ‌အတောအတွင်း သူကြောက်မနေခဲ့ဘူးပြောရင် လိမ်ရာကျလိမ့်မယ်။ ကြောက်တယ်ဆိုတာထက် စိတ်ရော ကိုယ်ပါ ပင်ပန်းခဲ့ရတာ။ သူ့ကိုတောက်လျှောက် threatတွေပို့ပြီး ခြိမ်းခြောက်ခဲ့တဲ့ လူတစ်စုက ဒီလောက်လွယ်လွယ်နဲ့ ကိုယ်တိုင်လာဝန်ခံသည်တဲ့။ သူ့ကို လုံးဝပျက်စီးသွားစေချင်တဲ့ လူတစ်စုက သူတို့ကိုယ်တိုင် မဟုတ်မမှန်တဲ့ ကောလဟာလများ ဖွခဲ့သည့်အကြောင်း ကိုယ်တိုင်ထွက်ဆိုသည်တဲ့။

You've reached the end of published parts.

⏰ Last updated: Nov 05, 2022 ⏰

Add this story to your Library to get notified about new parts!

AgainWhere stories live. Discover now