အပိုင်း ၃။

30 6 0
                                    

                           Unicode

Yixing ဒီနေ့တွင် No More Bets filming ရှိသည်။
Crime Crackdown ဖြင့် သရုပ်ဆောင်တစ်ယောက်အနေနဲ့ ‌ဝက်ဝက်ကွဲအောင်မြင်ကျော်ကြားခဲ့တာကြောင့် သူ့အား ကမ်းလှမ်းကြသည့် ဒါရိုက်တာများမှာ အမြောက်အမြားရှိလာသည်။ သို့သော် သူသည် idolတစ်ယောက်အနေနဲ့ debutခဲ့ကာ အဆို၊ အက ဂီတတွင် ပြိုင်စံရှား Professional တစ်ယောက်ဖြစ်သော်လည်း သရုပ်ဆောင်အပိုင်းတွင် တက်သစ်စ လူသစ်ကလေးသာ ရှိသေးသည်။
Rookie ဟူ၍ ကိုယ့်ကိုယ်ကိုယ် ခံယူထားတာကြောင့် Main Leadအနေဖြင့် ကမ်းလှမ်းလာသည်များကို ပယ်ချကာ Support role အနေနှင့်ပဲ သရုပ်ဆောင်သည်။ Yixingက သရုပ်ဆောင်မင်းသားကြီး၊ မင်းသမီးကြီး စီနီယာတွေနဲ့ ဒါရိုက်တာကြီးတွေဆီက သင်ယူဖို့ လိုသေးသည်လေ။

Manager Jiejie ကလည်း တကယ်တော်ပါသည်။ Yixing က Jiejieနဲ့အတူ တိုင်ပင်ပြီး ဇာတ်လမ်းတွေကို သေချာရွေးပြီးမှ လက်ခံဖြစ်သည်။ သမီးရည်းစားချစ်ကြိုက်ကားများအား Yixingမရိုက်ပါ။ ကိုယ်တိုင်က မိန်းကလေးတွေနှင့် skinshipမကြိုက်တာကြောင့် အနေခက်ရပြီး တစ်ဖက်မင်းသမီးအား အားနာစရာကိစ္စတွေ ဖြစ်လာရ‌ပေလိမ့်မည်။ ထို့ကြောင့်ပင် Yixingက Crime Crackdown ကဲ့သို့ Action ဇာတ်လမ်းတွဲမျိုး၊ historical ဇာတ်လမ်းတွဲမျိုး စသည့် Drama/Movie typeတွေကိုသာ လက်ခံရိုက်ဖြစ်သည်။

--

Yixing filming သို့ ရောက်သည်နှင့် ခါးကို ကွေးညွှတ်ကာ ဒါရိုက်တာကြီးမှအစ staffများအဆုံးအကုန် လိုက်လံနှုတ်ဆက်သည်။
ရိုက်ကွင်းခနနားသည့်အခါ Neastea နှင့် အဆာပြေမုန့်တချို့ကို လိုက်ဝေပေးသည်။
ရိုက်ကွင်းရှိ staffများတင် မကပဲ ရိုက်ကွင်းကို လာကြည့်ကြသည့် သူ့၏ဖန်များ တစ်ဖက်သရုပ်ဆောင်များ၏ဖန်များကိုပါ လိုက်ဝေပေးဖြစ်သည်။

----

"Cut"

"အားလုံးပဲ တာဝန်ကျေကြပါတယ်"

"အားလုံး ပင်ပန်းသွားကြပြီ"

"ကောင်းကောင်းပြန်ကြပါ"

ရိုက်ကွင်းပြီးသည့်အချိန်တွင် အားလုံးကို နှုတ်ဆက်၍ Yixing ကားရှိရာသို့ ပြန်လာခဲ့သည်။ ကားပေါ်ရောက်သည်နှင့် Yixingခုံကို မှီချကာ မျက်လုံးမှိတ်၍ မှေးနေလိုက်သည်။ တစ်နေ့လုံးရိုက်ကွင်းတွင်ရှိနေရတာကြောင့် သူအလွန်ပင်ပန်းနေပြီလေ။ Yixingတို့ကားလေး တိုက်ခန်းသို့ ပြန်လာခဲ့ကြသည်။

AgainWhere stories live. Discover now