အပိုင်း ၂။

43 6 0
                                    

Unicode

ညီအစ်ကိုတွေ?


Yixingပြန်လာခဲ့သည့် လမ်းတစ်လျှောက်လုံး ကားမောင်းနေရင်း ထိုလူ့အကြောင်း စဉ်းစားလာခဲ့သည်။ ထို့နောက် ဆိတ်ငြိမ်၍ လူအသွားအလာကြဲသော နေရာတစ်ခုတွင် ကားကိုထိုးရပ်ကာ ကားပေါ်မှဆင်းခဲ့သည်။ ထိုနေရာသည် Yixing သူ၏ဆရာဖြစ်သူနှင့် အတူလာနေကြနေရာဖြစ်သည်။ Yixing စီးကရက်တစ်လိပ်ကို ထုတ်ပြီး လက်ကြားထဲညှပ်၊ မီးညှိကာ ရှူရှိုက်မည့်ဆဲဆဲတွင် သူ့လက်ကို ဆွဲဖမ်းလိုက်သည့် လက်တစ်ဖက်။ သူ၏ ဆရာ ဒါမှမဟုတ် သူ၏အကောင်းဆုံး သူငယ်ချင်း။

"အလေ့အကျင့်ကောင်းတွေ တတ်နေပြီလား လူဆိုးကောင်"

ထိုလူက စီးကရက်ကို လက်မှကိုင်ရင်း Yixingအား ပြုံးစစဖြင့်မေးသည်။ စီးကရက်ကို ချိုးပစ်ရန်တော့ ထိုလူမလုပ်လောက်ပါ။ တကယ်လည်း မလုပ်ပါ။ ထိုလူသည် အင်မတန်ကပ်စီးနှဲ နှမြောတွန့်တိုတတ်သူ ဖြစ်သည်။

"တစ်ခါတစ်လေပါဗျာ။ hyungရော ဘယ်ကနေရောက်လာတာလဲ"

"မင်းရှိမှန်းသိနေလို့ အရောက်လာခဲ့တာလေ။ ဘယ်လိုလဲ တော်တယ်မလား"

"အပိုတွေ ပြောမနေနဲ့တော့"

"အယ် အတည်ပြောတာပါ ဆရာသမားရယ်"

"အဟက်"

Yixingသဘောတကျပင် ရယ်မောမိသည်။
ထိုလူက Yixingကို အတည်ပြောနေ‌တာ ဟူသော မျက်နှာဘေးဖြင့်ကြည့်နေသည်။
ထိုကိုးရီးယားလူမျိုးသူငယ်ချင်းက Yixingအတွက် Happy pill လို့ပင်ပြောရမလို။ သူနဲ့အတူရှိလျှင် Yixingစိတ်ထဲက အလိုလိုဝမ်းသာမိပြီး လှိုက်လှိုက်လှဲလှဲပင် ပြုံးရယ်မိသည်။ Yixingကိုယ်တိုင် သတိမထားမိပဲ သူ့ကို ပူဆာတတ်ကာ သူ့ရှေ့တွင် မထင်မှတ်ထားလောက်အောင် ကလေးဆန်တတ်သေးသည်။ သူငယ်ချင်းဆိုသော်ငြား သူ့ထက်အသက်အနည်းငယ်ကြီး၍ သူ၏ဆရာဖြစ်သူလည်းဖြစ်တာကြောင့် ထိုလူက ရင့်ကျက်ချင်ယောင်ဆောင်ပြီး ဇွတ်လူကြီးလူကောင်းပုံဖမ်းတတ်သည်။ အရပ်ကတော့ Yixingနှင့်မတိမ်းမယိမ်းပင်။ တစ်ခါတစ်ရံ အလွန်ဆရာလုပ်သော်လည်း Yixingကိုတော့ အတော်‌လေးအလိုလိုက်ပါသည်။

AgainWhere stories live. Discover now