(ZAWGI)
ကောင်းကင်အထက်ရှိ တိမ်များဟာ မှောင်မိုက်လျက်
မိုးသည်းထန်စွာ ရွာနေသည်"ဟူး"
သက်ပြင်းတခါချမိပြန်သည်
Jimin hyung
က ထွက်သွားတာ မနက်၉ နာရီကတည်းကပင်
အခုဟာ ည ၇ နာရီရှိနေလေပြီး"ငါဖုန်းဆက်သင့်လား"
ဖွယ်ဖွယ်ရာရာ ပြင်ထားသော ညစာက သွန်ပစ်ဖို့ ကံပါလာပြန်ပြီး
တဲ့လား~
တနေကုန် ဒီအိမ်ကြီးထဲမှာ သူတယောက်တည်းရှိနေသည်ဟာ
သူ့အတွက် အရမ်းကို အထီးကျန်စွာ ကောင်းပေသည်
Jimin hyung ဟာလည်း ၉ နာရီ အလုပ်သွား ၊ ၃ နာရီ
မှ ပြန်ရောက်သည်
ပြန်ရောက်ရင်လဲ ရေမိုးချိုး ၊ ညစာစားပြီးရင် စာကြည့်ခန်းထဲ
ဝင်ပြီး အလုပ်လုပ်နေတာမို့
သူ့အတွက် အဖော်ဆိုလို့မရှိမိုးကလည်း ပိုမို သည်းထန်စွာ ရွာလာပြီး မိုးချုန်းများလဲ ချိန်းနေတာ
မို့ ရုတ်တရက် ပူပင်လာကာ မပြန်လာသေးသော
Jimin hyung ကို စိတ်ပူရပြန်ပါသည်
ဒါဟာ အိမ်ထောင်သည် ယောင်္ကျားတယောက်ရဲ့တာဝန်အရ
စိတ်ပူခြင်းလား ၊ ချစ်လို့ စိတ်ပူခြင်းလားဆိုတာတော့ သူဝေခွဲ
မရပါ သေချာတာကတော့ သူစိတ်တွေ ပူပင်နေပါသည်"မဖြစ်တော့ပါဘူး"
ပြန်နွေးထားသော ဟင်းရည် ကို မီးခလုတ်ပိတ်ပြီး ဧည့်ခန်းရှိ
ဆိုဖာပေါ်တွင် တင်ထားသော ဖုန်းကို ကောက်ကိုင်ကာ
ဖုန်းနံပါတ်တခုကိုနှိပ်လိုက်သည်'ယောင်္ကျားတဲ့'
မဖြစ်မနေ ခေါ်ရမှာမို့လို့သာ ခေါ်ရခြင်းဖြစ်တဲ့ ဒီနာမ ကို
ဘာလို့ ဖုန်းနံပါတ်တွင် မှတ်ထားလဲ ဆိုတာ သူကိုယ်တိုင်လဲ
နားမလည်နိုင်ပါ*တူး...တူး....တူး*
** Hello **
တော်တော်ကြာမှာ ကိုင်လာသော ဖုန်း call လေး
** ယောင်္ကျား အလုပ်မပြတ်သေးဘူးလား **
** အော်.. Yoon ကိုယ် ဒယ်ဒီတို့ အိမ်မှာပဲ
အိပ်လိုက်တော့မှာ****အော် ညစာစားပြီးပြီးလား ယောင်္ကျား**
**အင်း အခုပဲ ပြီးတာ ဒါပဲနော် Yoon**
**အွန်းအွန်း**
တီးကနဲ့ ကျသွားသောဖုန်း
ဆိုဖာပေါ်မှာ သူထိုင်ချပစ်လိုက်သည်
ကြည့်ပါလား ကျွန်တော်ပြောတာပဲ ညစာကတော့ သွန်ပစ်ဖို့
ကံပါလာပါပြီးဆို ....
YOU ARE READING
WINGS FOR YOU
Fanfictionမင်းက အတောင်စုံတစုံ ဆိုရင် ကိုယ်က လေပွေ တခုလို မင်းရဲ့အနားမှာ ဝေ့လည်ချင်တယ် ကလေးငယ် Jeon__meri