4.

273 18 0
                                    

(ZAWGI)

"အားယား "

*ဒုတ်*

အရှေ့က ကျွန်းစားပွဲခုံးအကြီးကို သူ့ခြေထောက်သေးသေးလေးနဲ့
ပိတ်ကန်လိုက်သော Park Yoongi ပါလေ

"ဟော အဲ့တာ ဘာဖြစ်တာတုန်း"

အသံတခုခုကြားလို့ စာကြည့်ခန်းကနေ အပြေးထွက်လာကာ
ကြည့်မိတော့ ကိုယ်တော်ချော သူ့ခြေထောက်သူကိုင်ကာ
မျက်နှာကလဲ ရှံ့ မဲ့နေသည်

"ဘာမှမဖြစ်ဘူး "

ဟော အသံကလဲ မာနေတာ ရုပ်ကလဲ တည်နေသေး
စားပွဲပေါ်မှာကလဲ ကွန်ပြူတာ ရှိနေတာဆိုတော့
သိလိုက်ပြီး

"စာအုပ်အသစ်အတွက်လား Yoon "

ကွန်ပြူတာကို ကြည့်ပြီးမေးတော့

"အွန်း ဟုတ်တယ်ယောင်္ကျား"

"ဇာတ်လမ်းအတွက် မတွေးနိုင်သေးရင် ခဏလောက်နားပြီး
ပြန်ရေးပါလား"

"ဒီတအုပ်ကို new year အမှီပီးချင်တာ "

မျက်နှာကို ရှုံ့မဲ့ပြီး မျက်မှန်ကို ကောက်တပ်ရန်ပြင်ပြန်သည်
မျက်မှန်ကိုင်ထားသော လက်ကို ဆုပ်ကိုင်ရင်း မျက်မှန်ကို
ဘူးထံပြန်ထည့်ပေးလိုက်သည်

"အခုရော ရေးဖို့ ဇာတ်လမ်းကို တွေးမိနေပြီးလို့လား"

သူပြောတော့ သူ့ကို မော့ကြည့်ကာ ခဏ တွေဝေနေရင်း
ခေါင်းခါပြသည်

"အဲ့ဆိုလေ Yoon မေမေတို့ဆီ သွားမလို့ "

ဟုတ်သားပဲ ကောင်လေးလဲ သူမိဘကိုလွမ်းနေမှာပါပဲ
ဒယ်ဂူမှာရှိတဲ့ ယောက္ခမကြီးတို့ကို ဆိုးလ် မှာနေဖို့
ကျွန်တော်နဲ့ Yoon ကပြောသော်လည်း
ဒယ်ဂူက မွေးရပ်မြေကို မခွဲနိုင်သော
မေမေတို့က အမြဲငြင်းသည်
အေးပေါ့လေ ဘယ်သူက ကိုယ့်ဇာတိကို ခွဲရက်လေမလဲ

"အွန်းအွန်း အင်္ကျီ သွားလဲတော့... သွား ကိုယ်တို့ တူတူသွား
ကြတာပေါ့ "

"ဟုတ် "

သူ့ရဲ့စကားသံအဆုံး ရှုံ့မဲ့နေသောမျက်နှာက ချက်ချင်း
ပြုံလာပြီး လှစ်ကနဲ့ အခန်းထဲ ပြေးဝင်သွားသော
ထိုကောင်လေးရဲ့ ကျောပြင်ကို အဆုံးထိကြည့်နေမိသည်
ဘယ်လိုလဲမသိ သူပျော်ရင် ကျွန်တော်လဲ
စိတ်ပျော်နေသလို

WINGS FOR YOU Where stories live. Discover now