(ZAWGI)
ကြည်လင်နေသော ကောင်းကင် ၊ သာယာသောရာသီဥတုနှင့်
ငြိမ့်ညောင်းစွာ ထွက်ပေါ်လာသော ငှက်ကလေးတို့ဧ။် အသံများဟာ
နေ့တနေ့သာ စတင်ဖို့ အတွက် ပြီးပြည့်စုံလှသည်ခြံဝန်းကျယ်ကြီးတွင် အိမ်ကို သွားရာ လမ်းတလျှောက်ရှိ ဘေးဘက်
ရာများတွင် ပန်းပင်များ နှင့် သစ်ပင်ကြီး သစ်ပင်ငယ်များကို
စိုက်ပျိုးထားသည်
အရမ်းကို လှပီး သာယာလှသည်
ခြံထဲကနေ အိမ်ထိသွားမည်ဆိုရင် ၂ မိနစ်စာလောက်
လမ်းလျှောက်ရသည်ရှည်လျားလှတဲ့ ခြံထဲ ဖြတ်လျှောက်ပီးလျှင် နှစ်ထပ်တိုက် အိမ်ကို
တွေ့ရပေမည်
အမဲရောင်နှင့် အဖြူရောင် ကို အသုံးပြုထာသော အိမ်လေးဟာ
အမြင်ရိုးရှင်းပြီး ခေတ်ဆန်လှသည်< pic crd >
အိမ်ထဲရှိ မီးဖိုချောင်တွင် မနက်စာ လုပ်နေပုံရတဲ့
ကောင်လေးတဦး
ညအိပ် ဝတ်စုံ အဖြူ ဝမ်းစပ်ကို ဝတ်ဆင်ထားသော
ထိုကောင်လေးဟာ ချစ်ဖို့ကောင်းလွန်းသည်" သူ မနိုးသေးဘူးထင်တယ် "
ပေါင်မုန့်နှစ်ခြမ်းကို ဘေးသားလေးတွေ ဓားဖြင့် လှီးဖယ်လိုက်သည်
ထိုသူက ပေါင်မုန့်ဘေးသားတွေကို မကြိုက်ဘူးလေ
ဘေးသားဖယ်ပီးသော ပေါင်မုန့်နှစ်ခြမ်းကို စတော်ဘယ်ရီ ယို
သုတ်လိုက်ပြီး ပန်ကန်ထဲတွင် ထည့်ထားကာ
အိပ်ရာက မနိးသေးသော သူ့ခင်ပွန်းကို သွားခေါ်သည်အခန်းထဲ ဝင်ကြည့်လိုက်တော့
ပက်လက်ကလေး အိပ်ပျော်နေသည်
နှိုးလိုက်ရတော့မည်လေ" ယောင်္ကျား ထတော့လေ ... ယောင်္ကျား"
သူရဲ့ လက်မောင်းကို လှုပ်ကာ နှိုးလိုက်သည်
'ယောင်္ကျား' ဆိုသည့်နာမလေးဟာ သူ့ရဲ့ ယောက်ခမကြီးတို့က
အချင်းချင်း ရင်းနှီးအောင် လို့ ခေါ်ခိုင်းခဲ့ခြင်းပင်
စစချင်းတုန်းက ခေါ်ရတာ အနည်းငယ်စိမ်းပေမဲ့လည်း
လက်ထက်ခါစမှာ မာမီနဲ့ ဒယ်ဒီ တနည်းအားဖြင့် Jimin hyung ရဲ့မိဘတို့က အိမ်ခွဲမနေခိုင်းဘဲ သူတို့နဲ့သာ နေစေသည်
မာမီတို့ ရှေ့မှာ "ယောင်္ကျား ဆိုတဲ့ နာမ လေးကိုသာ
ခေါ်စေခဲ့သည်
အဲ့ကြောင့်မို့ နှုတ်ကျိုးနေပီးလေ
YOU ARE READING
WINGS FOR YOU
Fiksi Penggemarမင်းက အတောင်စုံတစုံ ဆိုရင် ကိုယ်က လေပွေ တခုလို မင်းရဲ့အနားမှာ ဝေ့လည်ချင်တယ် ကလေးငယ် Jeon__meri