. 7 (final)

343 26 0
                                    


(ZAWGI)

"Jimin hyung ....ဘယ်သွားမလို့လဲ "

"ကိုယ့်ကို ယုံတယ်မလား"

"အင်း... ဒါမဲ့"

"ရှူး... ကိုယ့်ကိုယုံရင် ကိုယ်ခေါ်ရာ ယုံကြည်ရာ လိုက်ခဲ့ပေး "

ခေါင်းကို ဖြေးဖြေးချင်းငြိမ့်လာသော ကြောင်ပေါက်လေ
မျက်လုံမှိတ်ခိုင်းတော့ အနည်းငယ်ကြောက်နေဟန်
သူ့ရဲ့ လက်ဖြူဖြူအုအုလေးဟာ ကျွန်တော့်ကို
ဆွဲကိုင်ထားသေးသည်

"ရောက်ပြီး မျက်လုံးဖွင့်တော့"

သူပြောတော့ မျက်လုံးကို ဖွင့်လိုက်သော အကောင်ပေါက်လေး

"ယ... ယောင်္ကျား ... ဒါက"

Jimin hyung ဟာ သူ့ကို တနေရာရာ သွားရအောင်
ဆိုပြီး ခေါ်သွားတာ အင်္ကျီတောင် မလဲလိုက်ရ
Jimin hyung ဟာ ကားထဲဝင်စေပြီး
Jimin hyung ကမောင်းသူနေရာကိုထိုင်
ကားကို မောင်းသည်
ဦးတည်ရာ နေရာက သူမသိတဲ့ နေရာတစ်ခုအပြင်
ဘာလုပ်မှာမှန်းမသိတာမို့ ပိုလိုပင် စိတ်လှုပ်ရှုားနေသည်

ရောက်တော့လည်း Jimin hyung က သူ့ရဲ့ မျက်စိကို
မှိတ်ထားဟာ ဆိုလာသည်မို့
မျက်လုံးနှစ်ဖက်လိုမှိတ်လိုက်တော့
ကျွန်တော့်လက်နှစ်ဘက်ကို ကိုင်ကာ
လျှောက်စေသည်
၂ မိနစ် လောက် လမ်းလျှောက်အပြီးတွင်
မှိတ်ထားသော မျက်လုံး နှစ်စုံကို ဖွင့်စေလိုက်သည်

ခရမ်းရောင် ပူပေါင်း လေးတွေကို နေရာအနှံ့ ချိတ်ဆွဲထားပြီး
အောက်မှာလဲ များစွာ ထားထားသေးသည်
ထိုနေရာတွင် စားပွဲတစ်စုံရှိနေပြီး
ထိုစားပွဲတွင် သူ့အကြိုက် ချောကလပ် ကိတ်မုန့်နှင့်
ဈေးကြီးဝယ်ရသော နှစ်ချို့ ဝိုင်တစ်ပုလင်းရှိနေသည်

ထိုစားပွဲရဲ့ ခရမ်းရောင် ပူပေါင်းတွေနှင့် ခြံရံထားသော
စာသားလေး... Will you marry me ? တဲ့

ရုတ်တရက် Jimin hyung ဟာ သူ့ရှေ့တွင်
ဒူးထောက်လိုက်ကာ
လက်စွပ်ဘူးကို ထုတ်လိုက်သည်

"ကိုယ့်ကို လက်ထပ်မှာလား Yoon "

"Jimin hyung ဘာလုပ်တာလဲ... ထပါ "

"ဟအင်း ငယ်မဖြမချင်း မထဘူးကွာ ... ကိုယ်မင်းကို ချစ်တယ်
ငယ်...ကိုယ်ဘယ်တုန်းက Yoon ကို စချစ်ခဲ့လဲ
မသိပေမဲ့... ကိုယ့်အချစ်ဟာ အချစ်စစ်ဆိုတာ ယုံပါ Yoon
ကိုယ့်ကို ချစ်လားကလေး"

WINGS FOR YOU Where stories live. Discover now