(ZAWGI)
"Yoon .... Yo .. "
လက်ထဲက အကောင်ပေါက်လေးကို ကိုင်လျက်
အိမ်တံခါးမကြီးကို ဝင်ရင်း ကောင်လေးငယ် ရဲ့
နာမည်ကိုအော်ခေါ်ကာ
ဆိုဖာကို အကြည့်ရောက်မိတော့ ခေါ်နေသည့်နာမည်လေးဟာ
လေထဲတွင် တိုးညှင်းသွားကာ တဝက်တပျက်လေး ဖြစ်သွားသည်အကြောင်းကာ ကောင်လေးဟာဆိုဖာတွင်
ကွေးကွေးလေးအိပ်နေပြီး
စောင်ကို မျက်နှာ တဝက်လေးသာချန်ကာ
တကိုယ်လုံးခြုံထားသည်ပင်ပိုးတုံးလုံးလေး ~
လက်ထဲက အကောင်ပေါက်လေးကို
အိမ်အနှံ့လျှောက်ပြေးနေမှာစိုးသဖြင့် ကြိုးဖြင့်ချည်
ထားလိုက်သည်ပြီးသည်နှင့် ဆိုဖာရှိ ပိုးတုံးလုံးလေးကို ပွေ့ချီကာ အပေါ်ထပ်
အိပ်ခန်းရှိ မွေ့ရာတွင် ချပေးသည်
အင်းအဲသာ အသံပြုပြီး ပြန်အိပ်ပျော်သွားပြန်တဲ့
ကာလနဂါးအသေးလေးနာရီကိုကြည့်တော့ မနက် ၆ နာရီသာရှိသေးသည်
ကောင်းလေး မနိုးစေရန် အခန်းထဲက ဖြည်းညှင်းစွာ ထွက်ရင်း
အောက်ထပ်ရှိ မီးဖိုချောင်ထဲ ဦးတည်လိုက်သည်
ဘာမှ ဖွယ်ဖွယ်ရာရာ မချက်တတ်တဲ့သူ့အဖို့
ပေါင်မုန့်ယိုသုတ်နှင့် coffee နှစ်ခွက်ပင်
ပြင်ဆင်လိုက်သဘ်မနေ့တုန်းက မနက်ကတည်းက ကမန်းကတန်း ဒယ်ဒီတို့အိမ်
သွားကာ ဒယ်ဒီနှင့် စက်ရုံဘက်ကို သွားစစ်ဆေးခဲ့သည်
ဘယ်လောက်ကြာလဲဆို နေ့လည်စာတောင် ၂ နာရီ ခွဲ
မှစားရသည်
ဒယ်ဒီကတော့ ဗိုက်မဆာတဲ့ ပုံဆိုပေမဲ့ ကျွန်တော်ကတော့
Yoon ပြင်ပေးထားတဲ့ မနက်စာတောင် မစားလိုက်ရဘဲ
လောလော လောလော နဲ့ ထွက်လာခဲ့ရသည်လေ
တွေးကြည့်လိုက်တော့ ကောင်လေးအပေါ် အားနာစိတ်
ဝင်မိသည်အိမ်ပြန်ရောက်တော့လဲ မာမီက ညစာ စားသွားလေ ဆိုပြီး
ခေါ်နေတာမို့ စားခဲ့သည် ၊ ညစာစားပြီးတော့ တနေကုန် ပင်ပန်း
ထားတဲ့ဒဏ်ကြောင့် ခဏတာ မှေးနေရာကနေ အိပ်ပျော်
သွားခဲ့သည်လေ"Jimin hyung ~ "
မျက်လုံးကို လက်လေးတွေနဲ့ ပွတ်ရင်း အိပ်မဝသေးပုံ
ပေါ်တဲ့ Yoon က လှေကားရဲ့ အလယ်လောက်မှာ
ရပ်နေရင်း သူ့ကိုခေါ်သည်
ရုတ်တရက်ကျဆင်းလာတဲ့ မျက်ရည်ဥ ကလေးတွေကြောင့်
သူ့မှာ ခြေမကိုင်မိ လက်မကိုင်မိ
ပူထူလာခဲ့သည် ဒါဟာ ဘာခံစားချက်ပါလိမ့်
YOU ARE READING
WINGS FOR YOU
Fanfictionမင်းက အတောင်စုံတစုံ ဆိုရင် ကိုယ်က လေပွေ တခုလို မင်းရဲ့အနားမှာ ဝေ့လည်ချင်တယ် ကလေးငယ် Jeon__meri