(ZAWGI)
"မေမေရေ ~ "
"ဟယ် သားတို့ပါလား... လာကြ လာကြ"
ဒယ်ဂူရှိ မေမေတို့ အိမ်ရှေ့ ရောက်တော့ ဘဲလ် တီးစရာမလို
ကောင်လေးငယ်က အော်ခေါ်သည်
ခရီးတစ်လျှောက်လုံး အိမ်ပျော်လာသောကြောင့် မျက်လုံးကလဲ
အနည်းငယ် မို့အစ်နေပြီး တခနဲရှိ သန်းနေသေးသည်
ကောင်လေးငယ်ရဲ့ ခေါင်းလုံးလုံးလေး ဟာ ကားပြတင်းပေါက်နဲ့
တိုက်တိုက်နေတာမို့ သူ့မှာ ကောင်လေးရဲ့
ခေါင်းကို နေရာတကျ ပြန်ထားပေးနေတာကြောင့်
ကားရပ်ရပေါင်းလည်းမနဲ
ကောင်လေးခေါ်တော့ အိမ်ကနေ မေမေကထွက်လာသည်
သူတို့ကိုမြင်တော့ ဝမ်းသာပျော်ရွှင်နေသော မေမေ
အေးပေါ့လေ ကိုယ့်သားသမီးကို မလွမ်းတဲ့သူဘယ်သူ
ရှိပါ့မလဲ"လာ Jimin လာ... သားယောင်္ကျားကတော့ အခန်းထဲ
ဝင်ခွေနေပြီး ထင်တယ် ... "အန်တီက ရွှင်ပြုံးပြုံးပြောကာ သူ့ရဲ့လက်ကို ဆွဲကိုင်သည်
အိမ်ထဲရောက်တော့ မစိမ်းနေသော အိမ်ပုံစံ .. ရနေကျအိမ်
ရနံ့လေး ဘေးဘီတွင် သီးပင်နှံပင်တွေနှင့် ပန်းပင် ၊ အရိပ်ရအပင်
များ စိုက်ပျိုးထားသည်မို့ အလွန်ပင်သာယာသည်တနေကုန် အိပ်လာတဲ့ ကာလနဂါးအသေးစားကတော့
အခန်းထဲဝင်သွားနှင့်လေပြီး
သိတာပေါ့ သူအိပ်တော့မယ်ဟေ့ဆိုရင်
ကမ္ဘာအအိပ်နိုင်ဆုံး ကာလနဂါးဆုရရင်တောင် ဆုက
သူ့အအိပ်လောက် အရေးမကြီး ..._________________
"Yoon အဲ့ဘက်မသွားနဲ့... လာခဲ့ဒီကို"
ခေါ်နေသော သူဆီ အမြန်သွားရင်း
မျက်နှာကလည်း တည်နေလျက်သား
ငါ့ထက်လေး ၆ နှစ်ပဲကြီးတာကို
ဟိုတာ မလုပ်နဲ့ ဟိုဘက်မသွားနဲ့ နဲ့
အဘိုးကြီးလိုပဲ(ပြောရဲဆိုရဲ ရက်ကွက်မှလာသော မင်ယွန်ဂီ💃)
"လာခဲ့ ... အဲ့ကျွန်းထိပ်မှာ ဘာရပ်နေတာလဲ ပြုတ်ကျသွားမှဖြင့်"
"အဲ့ဘက်က လေတွေလဲအရမ်းတိုက်တယ် ... လှိုင်းပုတ်သံ
လေးတွေလဲ ကြားရတယ်... အရမ်းမိုက်တယ်ဗျ""ဟုတ်ပါပြီး... မာဖလာဝတ်.."
ဆိုပြီး Jimin hyungက သူဝတ်ထားတဲ့ မာဖလာကို
ချွတ်ပြီး ကျွန်တော့်ကို ဝတ်ပေးသည်
YOU ARE READING
WINGS FOR YOU
Fanfictionမင်းက အတောင်စုံတစုံ ဆိုရင် ကိုယ်က လေပွေ တခုလို မင်းရဲ့အနားမှာ ဝေ့လည်ချင်တယ် ကလေးငယ် Jeon__meri