Unicode;
ပေါ့ပေါ့လေးဆိုပြီး စခဲ့တဲ့ ဇာတ်လမ်းလေးက ပေါ့ပေါ့လေး ဆိုတဲ့အတိုင်းပါပဲ...
ပေါ့ရာ ပေါ့ရာကနေ တဖြည်းဖြည်း လေးနက်လာသတဲ့။
Chapter-1
ဇာတ်လမ်းလေးရဲ့အစ
နှင်းတွေ တဖွဲဖွဲကျနေတဲ့ December။ ဘုရားကျောင်းမှလာသည့် ခေါင်းလောင်း သံသည်လည်း နေရာအနှံ့ တညံညံ။ ပြီးတော့ မီးရောင်စုံထိန်းလင်းနေသည့် ထင်းရူးပင်ကြီးတွေ။ အချစ်ဆိပ် တက်နေလို့ လားတော့ မသိ ပတ်ဝန်းကျင်ရှိ အရာအားလုံးသည် ငြိမ့်ငြိမ့်ညောင်းညောင်း သာယာလှပနေလေသည်။
"ဒါလေး ယူမယ်"
Jungkook သည် ကောင်တာထဲရှိ စုံတွဲလက်စွပ်လေးတစ်စုံကို ထိုးပြရင်း အရောင်းစာရေးမလေးအား ပြောလိုက်သည်။ စီစဉ်ထားတဲ့ plan အရဆိုရင်တော့ မနက်ဖြန် ခရစ္စမတ်နေ့မှာ ချစ်သူလေးအား လက်ထပ်ခွင့် တောင်းရန်ဖြစ်သည်။ ကျောက်မျက်ရတနာ ဆိုင်လေးထဲမှ လက်ထပ်လက်စွပ်လေးဝယ်ပြီး ထွက်လာခဲ့သည့် Jungkook ခြေလှမ်းတွေသည် ပေါ့ပါး လန်းဆန်းနေလေသည်။ ကားလေးမောင်းကာ အိမ်မပြန်ပဲ မနီးမဝေးက နာမည်ကြီး ကစားကွင်းလေးထဲကို ချိုးကွေ့ဝင် သွားလိုက်၏။
ချစ်သူလေးအတွက် ရိုမန့်တစ် အဆန်ဆုံး၊ အလှပဆုံးသော ခရစ္စမတ်ညလေး ဖြစ်ဖို့ ကစားကွင်း လေး၏ တာဝန်ခံ မန်နေဂျာအား သူစီစဉ်ထားတဲ့ အရာအားလုံးကို ပြောပြနေလိုက်သည်။
"ကျွန်တော် ဖြစ်စေချင်တာက ကျွန်တော့်ချစ်သူ လာတဲ့အခါမှ လမ်းမီးတိုင် တစ်ခုချင်းက လင်း သွားရမယ်၊ ပြီးတော့ ကျွန်တော်တို့က Carousel (မြင်းကမ္ဘာ) ကို ဦးတည်နေမှာ ကျွန်တော် အဲ့ရှေ့မှာ ရပ်လိုက်တာနဲ့ Carousel (မြင်းကမ္ဘာ) တစ်ခုလုံးလည်း လင်းသွားရမယ်၊ ထပ် ပြီးတော့ အရုပ် Character ဝတ်ထားတဲ့လူတွေကို ငါးယောက်လောက် သုံးချင်တယ်၊ ဒီလက်စွပ် လေးနဲ့ ဘောလုံးရယ် ပြီးတော့ ပန်းစည်းရယ် ကိတ်ရော ကျွန်တော့်ချစ်သူက အချိုကြိုက်လို့"
BẠN ĐANG ĐỌC
Gift from Santa
Fanfiction(Unicode + Zawgyi) Unicode, ပေါ့ပေါ့လေးဆိုပြီး စခဲ့တဲ့ ဇာတ်လမ်းလေးက ပေါ့ပေါ့လေး ဆိုတဲ့အတိုင်းပါပဲ ပေါ့ရာ ပေါ့ရာကနေ တဖြေးဖြေး လေးနက်လာသတဲ့.....။ Zawgyi, ပေါ့ပေါ့လေးဆိုပြီး စခဲ့တဲ့ ဇာတ်လမ်းလေးက ပေါ့ပေါ့လေး ဆိုတဲ့အတိုင်းပါပဲ ပေါ့ရာ ပေါ့ရာကနေ တဖြေးဖြေး...