Unicode,
Chapter-4
သံယောဇဉ်ဟာ အချိန်တိုရှည် မခွဲသလို အချစ်မှာလည်းဘရိတ် မပါပါ
'မောနင်း Diaper Boy'
'ဒီအချိန်ကို မောနင်းလို့ ခေါ်သေးလား နေ့လည်တောင် ရောက်နေပြီ'
Jimin ပို့လိုက်သည့် စာတိုလေးကို ဖတ်ရုံနဲ့တင် ရန်ထောင်နေမည့် အသံစူးစူးလေးကိုပါ Jungkook နားထဲ အလိုလို ကြားယောင်ကာ ပြုံးမိသည်။ ဒီကောင်လေးနဲ့ ဆက်သွယ်နေတဲ့အချိန် ဒါမှမဟုတ် အတူ ရှိနေတဲ့ အချိန်ဆို Sun အကြောင်း သိပ်မတွေးမိတော့တာ အမှန်။ Diaper Boy က သူ့ mission ကို ကောင်းကောင်း လုပ်နေတာပဲ။
"အဲ့တော့ နင်က ဝမ်ခြောက်သိန်းအတွက် ရည်းစားထားလိုက်ပြီပေါ့"
ဟန်ဘာဂါ ဆိုင်လေးရဲ့ မီးဖိုချောင်လေးထဲ Jimin သူငယ်ချင်း ဖြစ်သူ Panny အသံက ကျယ်လောင်စွာ လွှမ်းမိုး နေလေသည်။
"မဆိုးပါဘူး တန်ပါတယ်ဟ၊ ဝမ်ခြောက်သိန်းပေမဲ့ အဲ့နေ့ကလည်း Diaper တွေ အကုန်ဝယ် သွားတော့ ငါ Commission ခတွေ အများကြီးရတယ်၊ မနေ့ကလည်း ငါအချိန်ပိုင်း လုပ်နေတဲ့ စတိုးဆိုင်မှာ ကြိုက်တာ ဝယ်ဆိုပြီး သူ့ကတ်ကြီး ထုတ်ပေးလို့ အားနာနာနဲ့ ခေါက်ဆွဲ နှစ်တွဲ ယူလိုက်တယ် ဟီးဟီ"
"ဝါး.. နင်တော့ ရွှေထုပ်ကို ခလုတ်တိုက်မိတာပဲ"
Panny မ က အားကျနေသလို မျက်လုံးတွေနဲ့ ကြည့်နေတာမို့ Jimin အနည်းငယ်တော့ ကြိတ်ဂုဏ်ဆာ နေမိသည်။ ဘဝရဲ့ ပထမဆုံး ရည်းစားမို့လားတော့မသိ။
"ပြီးတော့ ဒီလက်စွပ်လေးလည်း ရတယ်၊ စိန်အစစ် 0.5 ကာရက်တဲ့"
"ဝါး.. မိုက်လိုက်တာ၊ နင်တော့ တကယ် သကြားဖေဖေကြီး ရထားတာပဲ၊ ခြောက်ရက်တာလေး တွဲဖို့ ဒီလောက် ထောက်ပံ့နေပုံအရဆို ထိပ်ပြောင် ခါးကုန်းအောင် အသက်ကြီးနေပြီလား"
"ဘယ်ကသာ ချောလွန်းလို့၊ ရယ်လိုက်ရင်လည်း ချစ်စရာလေး အသက်တော့ မမေးမိလို့ မသိပေမယ့် အလွန်ဆုံးရှိလှ 25 ပေါ့"
ŞİMDİ OKUDUĞUN
Gift from Santa
Hayran Kurgu(Unicode + Zawgyi) Unicode, ပေါ့ပေါ့လေးဆိုပြီး စခဲ့တဲ့ ဇာတ်လမ်းလေးက ပေါ့ပေါ့လေး ဆိုတဲ့အတိုင်းပါပဲ ပေါ့ရာ ပေါ့ရာကနေ တဖြေးဖြေး လေးနက်လာသတဲ့.....။ Zawgyi, ပေါ့ပေါ့လေးဆိုပြီး စခဲ့တဲ့ ဇာတ်လမ်းလေးက ပေါ့ပေါ့လေး ဆိုတဲ့အတိုင်းပါပဲ ပေါ့ရာ ပေါ့ရာကနေ တဖြေးဖြေး...