Chapter-2

3.1K 590 51
                                        

Unicode,

Chapter-2

ဖြစ်ပုံက ဒီလိုပါ

"မောင်ရင် Park Jimin တံခါးလာဖွင့်ဦး"

အိမ်ရှင်အဒေါ်ကြီး၏ အော်သံကြောင့် Jimin အိပ်နေရာမှ ထကာ တံခါးထဖွင့်ပေးလိုက်သည်။ အချိန်က ညနေလေးနာရီဆိုပေမဲ့ မနေ့ညက Bar မှာ မိုးလင်းအထိ စားပွဲထိုးပြီးနောက် 24 hour စတိုးဆိုင်လေး မှာပါ ဆက်ကာ နေ့လည် နှစ်နာရီအထိ အလုပ်လုပ်ခဲ့သည်မို့ လူက ငူငူငိုင်ငိုင် ဖြစ်နေလေသည်။ ဟုတ်ကဲ့... ကျွန်တော်က ငွေရမယ့် အလုပ်ဆို ကျောသား၊ ရင်သား မခွဲခြားပဲ အကုန်လုပ်ပါတယ်။

"ဘာလဲ အဒေါ်ကြီး"

"ဒီလကုန်ရင် နှစ်ကူးပြီဆိုတော့ နောက်ထပ် ခြောက်လစာ သွင်းရမှာနော်၊ မေ့နေမှာစိုးလို့ သတင်း လာပေးတာ"

"ကျွန်တော်က ဘယ်တုန်းက မေ့ဖူးလို့လဲ"

Jimin အဖြေကြောင့် အိမ်ရှင် အဒေါ်ကြီးက မျက်စောင်းလေး ထိုးကာ ထွက်သွားလေတော့သည်။ အိမ်ရှင် အဒေါ်ကြီး ထွက်သွားမှ Jimin ပိုက်ဆံသိမ်းရာ အိတ်လေးဖွင့်ပြီး ရေတွက်ကြည့်နေမိသည်။

"ရှေ့လကုန်ကမှ ညီလေးကို ကျူရှင် အပ်ပေးပြီး အမေ့ကိုလည်း အိမ်လခ လွှဲပေးထားတာကို၊ ဒီလိုနဲ့ ငါ လမ်းဘေးနေရတော့မယ်"

တစ်လ နှစ်လစာက သိပ်ပြသနာ မရှိပေမယ့် ခြောက်လစာ ဆိုသည်က Jimin လို အချိန်ပိုင်းအလုပ် ပတ်လုပ်နေသူအတွက် အနည်းငယ်တော့ အခက်အခဲ ဖြစ်တာအမှန်။ ဒါတောင် ဒီနေရာလေးက ဆိုးလ် မြို့တစ်ခွင် ဈေးအသက်သာဆုံး လမ်းကြိုလမ်းကြားက ခေါင်းမိုးထပ်လေး။ Jimin သည် ဆိုးလ်မှာ အလုပ် ပေါင်းစုံလုပ်ပြီး ဘူဆန်မှာ ကျန်ခဲ့သည့် အထက်တန်းကျောင်းသားအရွယ် ညီငယ်လေးနဲ့ အမေကို ထောက်ပံ့နေရသူ ဖြစ်သည်။ အခက်ခဲဆုံးကြီး အထိတော့ မဟုတ်ပေမယ့် မလွယ်ကူခဲ့ပါ။

နောက်ထပ် အချိန်ပိုင်း အလုပ် ထပ်ရှာရန် ရေချိုးပြီး အပြင်ခဏ ထွက်လာခဲ့သည်။ မနက်ဖြန် ခရစ္စမတ်နေ့မို့ Seoul မြို့ရဲ့ အထင်ကရ နေရာများဟာ စည်ကားလျက်ရှိလေ၏။ ခြေဦးတည့်ရာ လျှောက်ရင်း မြင်လိုက်ရသည့် ဆန်တာကလော့ ဝတ်စုံများနဲ့ အလှူခံနေရာ ဘုရားကျောင်းလေးရှေ့ Jimin အကြွေဝင်လှူလိုက်သည်။ စိတ်ထဲကနေလည်း ဘယ်ကရရ ငွေများများ ရပါစေ မျှော်လင့်လျက်ပေါ့။ လှူပြီးတာနဲ့ ပုံးလေးထဲက ကွက်ကီးတစ်ချပ် နှိုက်ယူလိုက်သည်။

Gift from SantaDonde viven las historias. Descúbrelo ahora