Unicode,
Chapter-5
စခဲ့တဲ့ နေရာမှာ အဆုံးသတ်မယ်
'မောနင်း လူကြီး သတင်းစာပို့နေပြီ'
'အခု ဟန်ဘာဂါဆိုင် အလုပ်သွားနေပြီ'
'အိပ်ပုတ်ကြီးလိုက်တာ ခုထိ မနိူးသေးဘူးလား'
Jungkook အိပ်ရာနိူးတာနဲ့ ဖုန်းမှာ ဝင်ထားသည့် စာတိုလေးတွေကြောင့် ကြည်နူးစွာ ပြုံးလိုက် မိသည်။ ဒီနေ့က သူတို့ဖန်တီးခဲ့တဲ့ ခြောက်ရက်စီမံကိန်းရဲ့ တတိယမြှောက်နေ့။ တစ်ရက်ထက် တစ်ရက် ပိုနွယ်လာတဲ့ သံယောဇဉ်ကြိုးလေးကို နှစ်ယောက်လုံး ထပ်တူ ခံစားမိနေပေမဲ့ အဆုံးသတ်ကို မမြင်ရပါ။
'အခုမှ နိူးတာ အလုပ်ကြိုးစားပါ ကောင်လေး'
ဒီနေ့လည်း အရင်လိုပါပဲ။ မနက်အိပ်ရာ နိူးတာနဲ့ Diaper Boy လေးဆီ မက်ဆေ့ပို့၊ ရေချိုး၊ အလုပ်သွား၊ နေ့လည်စာစားချိန် မက်ဆေ့ထပ်ပို့၊ နေ့လည်စာစား၊ ညနေအလုပ်ကအပြန် Jimin အချိန်ပိုင်းလုပ်ရာ စတိုးဆိုင်လေးဆီ ထွက်လာခဲ့သည်။
"ကိုယ် ညစာ မစားရသေးဘူး"
"ခေါက်ဆွဲပြုတ်ပေးရမလား"
တခြားဈေးဝယ်တွေကို ငွေရှင်းပေးရင်း Jimin မေးလိုက်သည်။ ဈေးဝယ်အနည်းငယ် ကျနေသည့်မို့ Jungkook လည်း ခေါင်းပဲညိတ်ပြလိုက်ပြီး Jimin ကောင်တာ အနား ရပ်မနေတော့ပဲ Snack တန်းလေးဆီ မုန့်ရွေးနေလေသည်။
"ဒါလေး အရမ်း အရသာရှိတယ်"
ဈေးဝယ်များ ပြန်သွားချိန် အနားရောက်လာပြီး ရွေးပေးတဲ့ Diaper Boy လေးကြောင့် Jungkook လည်း ထိုကောင်လေး ညွှန်ပြရာ မုန့်ထုတ်လေးကိုသာ ခပ်များများ ယူလိုက်သည်။
"မင်းရော ကြိုက်တာရွေးယူလိုက်၊ ပြီးရင် ဒါနဲ့ ပေါင်းရှင်းလိုက်"
Jungkook လှမ်းပေးလိုက်တဲ့ Credit card လေးကို Jimin က မယူပဲ ခေါင်းငုံ့ထားမိသည်။ သုံးရက် မြှောက်နေ့မှာ အမြဲ ဒီလူကြီးဆီက ယူနေရတာကို Jimin မနှစ်မြို့တော့ပါ။ ဘာတွေဆက်ဖြစ်ကြမလဲ မသိတဲ့ အနာဂတ်ကြောင့် အမှတ်တရအဖြစ် ကိုယ့်ဘက်က တစ်ခုခုတော့ ပြန်ပေးချင်သည်။
YOU ARE READING
Gift from Santa
Fanfiction(Unicode + Zawgyi) Unicode, ပေါ့ပေါ့လေးဆိုပြီး စခဲ့တဲ့ ဇာတ်လမ်းလေးက ပေါ့ပေါ့လေး ဆိုတဲ့အတိုင်းပါပဲ ပေါ့ရာ ပေါ့ရာကနေ တဖြေးဖြေး လေးနက်လာသတဲ့.....။ Zawgyi, ပေါ့ပေါ့လေးဆိုပြီး စခဲ့တဲ့ ဇာတ်လမ်းလေးက ပေါ့ပေါ့လေး ဆိုတဲ့အတိုင်းပါပဲ ပေါ့ရာ ပေါ့ရာကနေ တဖြေးဖြေး...