Unicode,
Extra Chapter
Kiss me underneath the mistletoe
'Last Christmas I gave you my heart
But the very next day you gave it away'
ကုတင်ထက်ကနေ လဲလျောင်းနေရင်း Jimin ကြားအောင် တမင်အော်ဆိုနေသည့် Jungkook ကြောင့် Jimin Luggage လေးထဲ အဝတ်ခေါက်သိမ်းနေရာမှ ရယ်ရင်း ခေါင်းခါလိုက်မိသည်။
"This year.."
"တော်ပါတော့ဗျာ ကြားပါတယ်၊ ဇွတ် အသည်းကွဲပြနေတော့တာပဲ"
Jimin ၏ ရန်ထောင် စကားကြောင့် Jungkook လဲလျောင်းနေရာမှ ဆတ်ခနဲ ထလာသည်။
"ကိုယ့်နေရာလည်း ဝင်စဉ်းစားကြည့်ဦးလေ"
"ဘယ်နေရာမှ ဝင်မစဉ်းစားဘူး၊ ကျောင်းတုန်းက သူငယ်ချင်းပါလို့ ပြောခဲ့တာကို ဇွတ် အသည်း ကွဲချင်နေတာ ဘယ်သူလဲ"
Jimin စကားကြောင့် Jungkook အဆူခံလိုက်ရတဲ့ ကလေးငယ် တစ်ယောက်လို ငိုင်ကျသွားလေသည်။ မနေ့ညက အပြင်အတူညစာသွားစားကြရင်း သူငယ်ချင်းတစ်ယောက်နဲ့ ဆုံတွေ့ခဲ့ရာမှ စသည့် ဇာတ်လမ်း ဖြစ်သည်။
"ဘယ်လို သူငယ်ချင်းမျိုးက တစ်ယောက်ခါး တစ်ယောက် ဖက်ကြလို့လဲ"
"ဒီတိုင်း မတွေ့တာကြာလို့ ဖက်လိုက်ရင်း စကားပြောရာကနေ လက်မလွတ်မိတာ နေမှာပါ၊ ပြီးတော့ ကျွန်တော်တောင် ကိုယ့်ကိုကိုယ် ဖက်ခဲ့မိမှန်း သတိထားမိတာ မဟုတ်ဘူး"
ဖြေရှင်းချက်များကို Jimin တရစပ် ထုတ်ပြောနေပေမဲ့လည်း Jungkook က ခုထိ လက်ခံချင်သေးပုံမပေါ်။ နှုတ်ခမ်းစူထားရင်း ခေါင်းစိုက်ကာ ငြိမ်သက်နေလေ၏။
"ဘယ်လိုဖြစ်နေတာလဲ ခင်ဗျားရယ်၊ မနက်ဖြန်ပဲ ခရီးသွားရမှာကို ဒီလိုကြီး စိတ်ကောက်နေမှာ လား"
သက်ပြင်းတစ်ချက်နဲ့အတူ Jungkook ထိုင်နေရာကုတင်၏ အစွန်းနားလေးပေါ် Jimin နေရာယူရင်း ပြောလိုက်သည်။
"ကိုယ်စိတ်ကောက်နေတာ မဟုတ်ဘူး Jimin"
တိုးညင်းစွာ ထွက်လာသည့် အငြင်းသံကတော့ စိတ်ကောက်သံနဲ့ တူနေဆဲ။
ESTÁS LEYENDO
Gift from Santa
Fanfic(Unicode + Zawgyi) Unicode, ပေါ့ပေါ့လေးဆိုပြီး စခဲ့တဲ့ ဇာတ်လမ်းလေးက ပေါ့ပေါ့လေး ဆိုတဲ့အတိုင်းပါပဲ ပေါ့ရာ ပေါ့ရာကနေ တဖြေးဖြေး လေးနက်လာသတဲ့.....။ Zawgyi, ပေါ့ပေါ့လေးဆိုပြီး စခဲ့တဲ့ ဇာတ်လမ်းလေးက ပေါ့ပေါ့လေး ဆိုတဲ့အတိုင်းပါပဲ ပေါ့ရာ ပေါ့ရာကနေ တဖြေးဖြေး...