Chapter-3

3K 615 92
                                    

Unicode,

Chapter-3

ခင်ဗျားက Santa လား

"ခုနာက အဖြစ်အပျက်တွေကို စိတ်ထဲမထားပါနဲ့၊ ဒီတိုင်း ငါက အကူအညီ တောင်းလိုက်တယ် လို့ပဲ တွေးပါ"

လက်စွပ်လေးကို လက်ခံပြီးသည့်နောက် လူသူရှင်းသွားချိန်မှ ကစားကွင်းထဲက စားသောက်ဆိုင်လေး အတွင်း နှစ်ယောက်ထဲ တိတ်ဆိတ်စွာ Jungkook ပြန်ဖြေရှင်းရသည်။ Jimin ကတော့ ဗိုက်ဆာနေသည် က အရင်မို့ စားပွဲထိုးလေး လာချသည့် စပါကတီ တစ်ပွဲကို ခေါင်းမဖော်တမ်း စားနေလေသည်။

"မင်း ငါပြောနေတာတွေ နားထောင်နေရဲ့လား"

"နားထောင်နေပါတယ် ဆက်ပြောပါ.."

Jimin စားနေရင်းမှ ပလုတ်ပလောင်း ပြန်ဖြေလိုက်သည်ကြောင့် Jungkook သက်ပြင်းသာ ချလိုက်မိ သည်။ အသည်းကွဲတဲ့ သူတွေအထဲကမှ ငါက ကံအဆိုးဆုံး အသည်းကွဲတဲ့သူလား။

"အား... ကောင်းလိုက်တာ.. ဟူး"

စပါကတီ တစ်ပွဲလုံးကို ပြောင်နေအောင် စားပြီး လိမ္မော်ရေခွက်လေး မယူကာ ရေခဲတုံးပဲကျန်တော့သည် အထိ ပိုက်နဲ့ တပြွတ်ပြွတ် စုတ်ယူသောက်ပြီးနောက် ပြောလိုက်တဲ့ Jimin ကို ငေးရင်း Jungkook ရယ်သာ ရယ်မိတော့သည်။ လောကကြီးက သင့်ဆီကို အဆိုးတွေပဲ ဆက်တိုက်ပေးနေလား။ လက်မခံနိုင်တော့ရင် ရယ်လိုက်ပါ။ ဒါမှမဟုတ် ပိုကောင်းမွန်တဲ့ အနာဂတ်ကို ရည်မှန်းပြီး လှူလိုက်ပါ။

"မင်း ထပ်ယူချင်သေးလား ငါဝယ်ကျွေးပါ့မယ်"

ရယ်ရင်း မေးလိုက်သည့် Jungkook မေးခွန်းကြောင့် Jimin အံ့ဩနေမိသည်။ ဒီလို ကစားကွင်းထဲက စားသောက်ဆိုင်က ဈေးအတော်အတန်မြင့်တာ သိသည်မို့ ခေါင်းညိတ်ကာ မဆာလည်း ထပ်စားဖို့ စဉ်းစား လိုက်မိသည်။ ပါဆယ်ယူလို့ရရင် ပါဆယ်ပါ ဆွဲချင်သေး။

"ခုနက အရာတွေအကုန်လုံး ခင်ဗျား စီစဉ်ထားခဲ့တာလား"

Jimin မေးခွန်းကြောင့် Jungkook မှန်ကို ကျော်လွန်ကာ အပြင်ဘက်ကို ငေးရင်း 'အင်း' တစ်လုံးထဲသာ ဖြေလေသည်။ လျင်သူပီပီ ဒါဟာ သေချာပေါက် အသည်းကွဲနေတဲ့ စတိုင်လ် ဆိုတာ Jimin နားလည်လိုက် သည်။ ဒါတွေ အကုန်တောင် စီစဉ်ပေးနိုင်တဲ့သူကို ဘယ်လိုလူကများ ထားခဲ့ရက်နိုင်ပါပေ့။

Gift from SantaHikayelerin yaşadığı yer. Şimdi keşfedin