Unicode,
The Last Chapter
Gift from Santa
"အဆင်ပြေနေတယ်မလား ကိုယ့် Diaper Boy လေး"
ဖုန်းထဲက ဝိုင်ပုလင်းလေးကိုင်ကာ လက်နှစ်ချောင်းထောင်နေသည့် ချစ်စရာ ပုံရိပ်ငယ်လေးကို ငေးရင်း Jungkook တိုးတိုးလေး ရေရွတ်လိုက်မိသည်။ တကယ်တမ်း အရာအားလုံးကို ယတိပြတ် ဖြတ်ချလိုက် တော့မှ သူ့နှလုံးသားက မည်သည့်အကြောင်းပြချက်မှ မပါပဲ Jimin ကို လိုအပ်နေမှန်း ပေါ်လွင်လာခဲ့၏။ သူလိုချင်တာလည်း ဒါပဲလေ။ ဒီအဖြေပေါ်လွင်ဖို့ နှစ်နှစ်လောက် အချိန်ပေးခဲ့ရပေမဲ့၊ ထို နှစ် နှစ်လုံးမှာ Jimin တစ်ယောက်တည်းကိုပဲ နေ့တိုင်း လွမ်းနေခဲ့ရပေမဲ့ ဒီအလွမ်းတွေအတွက် သူကျေနပ်ပါတယ်။ ဒါက Diaper Boy လေးကို တကယ်ချစ် မချစ် သူ့ကိုယ့်သူ စမ်းသပ်ထားတဲ့ စာမေးပွဲလေ။ သူ ခံယူနိုင်ရမယ်။
"မင်းက ဘာလို့ ကိုရီးယားပြန်မှာလဲကွ၊ နောက်လ Christmas ဆို ဒီနိုင်ငံမှာ အရမ်းလှတာကို"
အနောက်တိုင်းလို ပြောလိုက်တဲ့ အခန်းဖော် သူငယ်ချင်း နိုင်ငံခြားဓါတ်ပုံဆရာရဲ့ စကားကို Jungkook ခေါင်းခါပြရင်း
"နောက်နှစ်မတိုင် သေချာပေါက် ဘဝထဲကို ဆွဲခေါ်ချင်တဲ့သူဆီ ပြန်ချင်လို့ပါ"
"မင်းပြောပြဖူးတဲ့ Diaper Boy လား"
Jungkook ဘာမှမပြောပဲ ခေါင်းသာညိတ်ပြလိုက်သည်။ အလွမ်းတို့နဲ့ ယှဉ်လိုက်တော့ နှစ် နှစ် ဆိုတဲ့ အချိန်က ခဏလေးရယ်ပါ။ အခုဆို သူ့နှလုံးသားရဲ့ အဓိက ဦးတည်မှုက Jimin မှ Jimin ပဲ ဖြစ်နေပြီလေ။ Sun နဲ့ ပတ်သက်ခဲ့သမျှကိုလည်း ပြုံးရင်းပြောပြနိုင်ပြီ ဖြစ်သလို Sun အပေါ် မုန်းတီခြင်း၊ စိတ်နာခြင်း၊ စိတ်ဆိုးခြင်း၊ ဝမ်းနည်းခြင်းလည်း လုံးဝ ကင်းစင်နေပြီ။ သူ့ရဲ့ ချစ်ခြင်းမေတ္တာ စမ်းသပ်မှု စာမေးပွဲကြီး အောင်မြင်ခဲ့တယ်ခေါ်ရမယ်။ ဒီလောက်ဆို Diaper Boy လေးကို အကြောင်းပြချက်မပါတဲ့ ချစ်ခြင်း တစ်ခုထဲနဲ့ အနားခေါ်ထားလို့ ရပြီမလား။ စောင့်နေပါ့မလားတော့ မသေချာပေမယ့် ကိုယ်ကတော့ မျှော်လင့်နေမိတယ် ကောင်လေး။
YOU ARE READING
Gift from Santa
Fanfiction(Unicode + Zawgyi) Unicode, ပေါ့ပေါ့လေးဆိုပြီး စခဲ့တဲ့ ဇာတ်လမ်းလေးက ပေါ့ပေါ့လေး ဆိုတဲ့အတိုင်းပါပဲ ပေါ့ရာ ပေါ့ရာကနေ တဖြေးဖြေး လေးနက်လာသတဲ့.....။ Zawgyi, ပေါ့ပေါ့လေးဆိုပြီး စခဲ့တဲ့ ဇာတ်လမ်းလေးက ပေါ့ပေါ့လေး ဆိုတဲ့အတိုင်းပါပဲ ပေါ့ရာ ပေါ့ရာကနေ တဖြေးဖြေး...