Chapter_5

144 28 1
                                    

Unicode

ကုန်တိုက်၏ အခြေခံရေချိုးခန်းထဲတွင် လုရန်သည် မှန်ထဲသို့ကြည့်ကာ သူ့အင်္ကျီကော်လာကိုဖွင့်ကာ သစ်ကိုင်းတစ်ခုလိုမျိုး သူ့လည်ပင်းတွင် အနက်ရောင်ဘောပင်အမှတ်အသားကို ကြည့်လိုက်သည်။

ရိုရို၊ ကျောင်းပြန်တက်တဲ့ကျောင်းသားရဲ့ အင်္ဂလိပ်အမည် ဖြစ်နိုင်တယ်၊ ခွေးပေါက်လေးနာမည် ကြနေတာဘဲ။

"ဘယ်လောက်မိုက်ရိုင်းလိုက်တာလဲ။" လုရန်က ရေစိမ်ထားတဲ့ စက္ကူပုဝါကိုယူ၍ ညစ်ပတ်သောအစက်အပြောက်များကို ဖယ်ရှားရန် ကြိုးစားသော်လည်း လည်ပင်းကသာအနီရောင်သန်းသွားသည်  "YOYO" ၏ အနက်ရောင်လက်ရေးသည် အရေပြားပေါ်တွင် တင်းမာစွာ ကျန်နေခဲ့သည်။

"မင်းကလာနောက်နေတာဘဲ။ ဒီဖောင်တိန်ရဲ့ အရည်အသွေးက အရမ်းကောင်းတယ်? အဲဒါကို ဖယ်လို့မရဘူးလားဟ?" ဆယ်မိနစ်ကြာအောင် သုတ်ပြီးနောက် လုရန်သည် နောက်ဆုံးတွင် ခုခံမှုကိုစွန့်လွှတ်ကာ အင်္ကျီကော်လာကို မတ်တပ်ရပ်ကာ ဖုံးအုပ်ရန်ရွေးချယ်ခဲ့သည်။

သူက မှန်ထဲမှာ ညစ်ပတ်နေတဲ့ သူ့မျက်နှာကို ကြည့်လိုက်တော့ သူ့အမူအရာက မှိုင်းညို့နေတဲ့ သူ့မျက်လုံးတွေနဲ့နီရဲနေပြီး ခဏတာ မမျှော်လင့်ဘဲ ထူးဆန်းနေတယ်။

ငရဲနှင့်တူတဲ့ ကမ္ဘာမြေကြီးပေါ်တွင် ငါးနှစ်ကြာပြီးနောက်၊ သူသည် ဤမျှရုပ်ဆိုးပြီး ရက်စက်ကြမ်းကြုတ်သောအမူအရာမျိုး နောက်တစ်ကြိမ်ထပ်မပြတော့ဘူးလို့ သူထင်ထားခဲ့သည်။

မင်းဘာလို့ဒီလောက်ဒေါသထွက်နေတာလဲ? အဲ့တာကရီစရာကျီစယ်တာလောက်ဘဲလေ။ အဲဒီ့နိုင်ငံခြားကျောင်းသားက အသက်နှစ်ဆယ်ကျော် ကလေးလေးတစ်ယောက်သာသာဘဲရှိတယ်။ အဲဒါကို သေချာစဉ်းစားစမ်း။ ကမ္ဘာကြီး ဆုံးခန်းတိုင်ချိန်ရောက်ရင် တစ်ဖက်လူက အရွယ်ရောက်ပြီးသားဖြစ်နေမှာ။ ရက်စက်ကြမ်းကြုတ်ပြီး **** ပတ်ဝန်းကျင်မှာကြီးပြင်းလာတဲ့ ဒီလိုလူငယ်လေးက လူ့အဖွဲ့အစည်းအတွင်း အခြားသူတွေနဲ့ဆက်ဆံရေးကျင့်ဝတ်တွေကိုတောင် နားလည်တာမဟုတ်ဘူး။ ဒါဟာ သာမန်အရာတစ်ခုဘဲ။

ထိုလူငယ်သည် ရန်သူသိမ်းပိုက်ထားသော နယ်မြေတွင် တစ်ယောက်တည်းရှိနေခဲ့ပြီး ​နေ့တိုင်း သူ့ပတ်ဝန်းကျင်ကို ကြောက်ရွံ့ထိတ်လန့်နေရသည်။ ​နောက်ဆုံးတော့ သူ လွတ်မြောက်သွားရပြီ။ ဒါပေမယ့်သူရဲ့ စိတ်ပိုင်းဆိုင်ရာ ထိခိုက်မှုအနည်းငယ်ကြောင့် သူ့ကို လွတ်လွတ်လပ်လပ်လုံးဝမရှိတဲ့ လှောင်အိမ်ထဲမှာ အတင်းအကြပ်နေထိုင်ခြင်း ခံခဲ့ရသည်။

Zombie ဘုရင်ကသာမန်ဘဝမှာ နေထိုင်လိုတယ် (MM Translation)Where stories live. Discover now