Zawgyi
ပူပြင်းသောသြဂုတ်လတွင်လုရန်သည်ဝတ်စုံအပြည့်နှင့်(suitကိုပြောတာပါ) အင်တာဗျူးအတွက် City H၏ဆင်ခြေဖုံးရပ်ကွက်အသစ်ရှိ အထူးလူ့စွမ်းအားအရင်းအမြစ်ဗျူရိုသို့ သွားခဲ့သည်။
"ကျေးဇူးပြုပြီး ကိုယ့်ကိုကိုယ်မိတ်ဆက်ပါ။"
"မင်္ဂလာပါ၊ ကျွန်တော့်နာမည်ကလုရန်ပါ။ စိတ်ပညာဘွဲ့နဲ့တက္ကသိုလ်Aကဘွဲ့ရပါတယ်။ စိတ်ပညာရှင်လက်မှတ်လည်းရှိပါတယ်။ ဘွဲ့ရပြီးရင် စိတ်ပိုင်းဆိုင်ရာအကြံပေးအတွေ့အကြုံ နှစ်နှစ်ရှိပါတယ်။ ကျွန်တော့်ရဲ့ကိုယ်ရေးအကျဉ်းကယူနစ်ရဲ့ ဝန်ထမ်းခေါ်ယူမှုအခြေအနေတွေကိုအပြည့်အဝလိုက်နာထားပါတယ်။ တစ်ချိန်တည်းမှာဘဲ တခြားသူတွေကိုကူညီတဲ့အလုပ်ကို အရမ်းသဘောကျပါတယ်။ ကမ္ဘာမပျက်သုံးခင်တုန်းကပရဟိတသမားတစ်ယောက်ဖြစ်ဖို့က အိမ်မက်တစ်ခုပါ။" လုရန်သည်ကွန်ဖရင့်ခန်းလွတ်တစ်ခုတွင်ထိုင်ကာ အေးစက်စက်ကင်မရာနှင့်စကားပြောနေခဲ့သည်။
"မစ္စတာလုရန်၊ မင်းအသက်ကသုံးဆယ့်နှစ်နှစ် လို့ပြောတယ်၊ ဒါကြောင့်မင်းရခဲ့တဲ့ဒီပလိုမာတွေနဲ့လုပ်ငန်းအတွေ့အကြုံက လွန်ခဲ့တဲ့ငါးနှစ်လောက်ကဘဲမဟုတ်လား။" တွေ့ဆုံမေးမြန်းသူ၏စုံစမ်းမေးမြန်းမှုက ရေဒီယိုမှထွက်ပေါ်လာခဲ့သည်။
"ဟုတ်ကဲ့" လုရန်ကခေါင်းညိမ့်ပြီး "ငါးနှစ်တာလူသားတွေရဲ့ရှင်သန်မှုက နောက်ဆုံးနေ့ရက်တွေမှာ ပြဿနာတစ်ခုဘဲ။ ထုံးစံအတိုင်း ဇွန်ဘီးတွေမှာတိုင်ပင်ဆွေးနွေးပြီး ကုသရေးဝန်ဆောင်မှုတွေကို ငါမပေးနိုင်ဘူး။"
"ကမ္ဘာမပျက်ခင်မှာ နိုင်ငံသားတွေရဲ့သတင်းအချက်အလက်တော်တော်များများ ဆုံးရှုံးပြီးပျက်စီးသွားပါပြီ။ အမှားအယွင်းတွေကနေအမှန်အတိုင်းပြောဖို့ ခက်ခဲတယ်လို့ခင်များပြောခဲ့တယ်။"
"ဒါဆိုကိုယ်ရေးရာဇဝင်ရဲ့ စစ်မှန်မှုကိုဘယ်လိုသက်သေပြရမလဲ။ စိတ်ပိုင်းဆိုင်ရာအကြပ်အတည်းရဲ့ စွက်ဖက်မှုအကြောင်းပြောမလား၊ ဒါမှမဟုတ်မင်းတို့ထဲကဘယ်တစ်ယောက်ယောက်က တိုင်ပင်ဆွေးနွေးဖို့လိုအပ်လဲ။" လုရန်ကကင်မရာကိုကြည့်ပြီး ပါးစပ်ကိုတွန့်လိုက်ကာ "ကျေးဇူးပြုပြီး ဖျော်ဖြေဖို့ အနည်းဆုံးအခွင့်အရေးတော့ပေးပါ။"

VOCÊ ESTÁ LENDO
Zombie ဘုရင်ကသာမန်ဘဝမှာ နေထိုင်လိုတယ် (MM Translation)
RomanceLu Ren သည်ခေါင်းကိုက်နေပြီး ဤအန္ဓရာယ်များသောလူနာအား အကြမ်းဖက်ရန်ပင် ပြင်ဆင်ခဲ့သည်။ နှစ်ရက်အတွင်းသူ့ကိုဆက်သွယ်ခဲ့တဲ့သူသည် တခြားသူကိုနီရဲနေတဲ့မျက်နှာဖြင့်ဝန်ခံခဲ့သည်။ "ဒေါက်တာLu Ren ငါမင်းကိုအရမ်းချစ်တယ်လို့ ငါထင်တယ်။" "ဆရာဝန်နဲ့လူနာကြားကခင်မင်ရင်းန...