Chapter_6

122 19 5
                                    

Unicode

ညအချိန်မှာ ပုံနှစ်ခုဟာ လူတွေကြားထဲကနေ တစ်ဦးကိုတစ်ဦးဘေးချင်းယှဥ်ရပ်လျက် ရှေ့ဆက်သွားလို့နေသည်။ ရန်သည် လက်နှစ်ဖက်စလုံးကို အိတ်ကပ်ထဲထည့်လိုက်ပြီး ရုတ်တရက်မရပ်လိုက်မီအချိန်တွင်း သီးခြားလူသွားတံတားအောက်သို့ လမ်းလျှောက်သွားသည်။

လုရန်က သူ့အနောက်မှာရှိနေသေးတဲ့ အမြီးလေးကိုကြည့်ပြီး ညည်းတွားချင်တဲ့ဆန္ဒ ကိုခုခံကာ စီးကရက်ထုတ်ပြီး သူ့ရဲ့ပါးစပ်ထဲထည့်ဖွာလိုက်သည်။

ယွိယွီက မီးခြစ်ကိုခြစ်လိုက်ကာ သူ့အနားသို့ရောက်လာလေသည်။

"ဘာလို့မီးခြစ်ကမင်းဆီမှာရှိနေရတာလဲ?" လုရန်ကမျက်မှောင်ကြုတ်လိုက်ပြီးယွိယွီပေးတဲ့မီးနဲ့ဆေးလိပ်ကိုမညှိလိုက်ခြေ။

"ကျွန်တော်စျေးဆိုင်ကနေဝယ်လာပြီးတော့ အိတ်ကပ်ထဲထည့်ထားလိုက်တာ"

"မင်းကဘာလို့မီးခြစ်ကိုဝယ်တာလဲ? ဆေးလိပ်သောက်လို့လား?"

"မင်းမှာစိတ်အခြေအနေဆိုးရွားနေတဲ့အချိန်ကြမှပေါ့" ယွိယွီကအမှန်အတိုင်းပြောလေသည်။

"သိမ်းထားလိုက်။ လူနာကဆေးလိပ်သောက်လို့မရဘူး။" လုရန်ကယုယူရဲ့မျက်နှာကိုစိုက်ကြည့်လိုက်ပြီး မီးခြစ်ကိုယူလိုက်ကာဆေးလိပ်ကိုမီးညှိလိုက်ပြီး "ခန္ဓာကိုယ်အတွက် မကောင်းဘူး။ ဒါကြောင့်ငယ်ရွယ်တဲ့အချိန်ကတည်းကဆေးလိပ်ဖြတ်ထားတာကောင်းတယ်။"

"‌ဒေါက်တာ ကျွန်တော့်ရဲ့ဖိုင်ကိုမဖတ်ရသေးဘူးလား။"  ယွိယွီကမေးလိုက်သည်။

"ဘာ?"

"ဒေါက်တာ ကျွန်တော့်‌အသက်က၂၃နှစ်ရှိပြီဆိုတာသိသင့်တယ်" ယွိယွီရဲ့အသံကအနည်းငယ်ခိုကိုးရာမဲ့လို့နေသည်။ "၁၅နှစ်လည်းမဟုတ်သလို ၆နှစ်အောက်လည်းမဟုတ်ဘူးလေ" 

"အိုး ၂၃နှစ်ကလည်းဘာဖြစ်နေလို့လဲ? မကောင်းဆိုးရွားလေးဖြစ်နေတာမှမဟုတ်ဘဲ"

"၂၃နှစ်အရွယ်ကကောင်းတာမရှိပါဘူး။ ဒါပေမယ့်ဒေါက်တာ မင်းတောင်ဒီလိုအသက်အရွယ်မှာ ဆေးလိပ်သောက်နိုင်တာဘဲ။" ယွိယွီကစွန့်ပစ်ထားတဲ့သစ်သားထိုင်ခုံမှာ ဝင်ထိုင်လိုက်သည်။ သူ့ရဲ့ဆံပင်ကိုသပ်တင်လိုက်ပြီး

Zombie ဘုရင်ကသာမန်ဘဝမှာ နေထိုင်လိုတယ် (MM Translation)Donde viven las historias. Descúbrelo ahora