Chapter-7

99 17 2
                                    

Unicode

အထူး လူ့ အရင်းအမြစ် ဗျူရို ၏ဝန်ထမ်း အိပ်ဆောင်တွင် ၊ လုရန်သည် ဆိုဖာပေါ်ရှိ လက်တော့ပ်ကွန်ပျူတာ ကို ကောက်ကျစ်စွာကြည့်နေခဲ့သည်။ ‌

လေ့ကျင့်ရေးသင်တန်းဖွင့်လှစ်တော့မယ့်အချိန်က မကြာမီရောက်လာတော့မည်။ လူအသစ်တစ်ဦးအနေနဲ့လုရန်သည် အလုပ်အကိုင်အစီအစဉ်များနှင့် စိတ်ပိုင်းဆိုင်ရာအကြံပေးသင်တန်းများကို လျင်မြန်စွာ ပြုလုပ်ရမည်ဖြစ်သည်။ အဲ့တာကအလွန်ခက်ခဲတဲ့အလုပ်တော့ မဟုတ်ပါဘူး။ လုရန်အနေနဲ့ စိတ်ပိုင်းဆိုင်ရာအကြံပေးမှုစီးပွားရေးလုပ်ငန်းမှာ အတွေ့အကြုံရှိပြီးသားဖြစ်သည်။ ပြီးတော့ ‌‌ဒေါက်တာကျောက်ကသူ့ကို အလုပ်နမူနာပုံစံတွေကို မေးလ်ဘောက်စ်ကနေ ပို့ပြီးသွားပြီဖြစ်သည်။ သူလုပ်စရာရှိတာဆိုလို့ လွတ်နေတဲ့ကွက်လပ်လေးတွေကို လိုက်ဖြည့်လိုက်ရုံသာဖြစ်သည်။ 

"အကြံပေးချိန်၊ ဆရာအရေအတွက်၊ သင်ကြားပေးရတဲ့ အကြောင်းအရာတွေ... မဟုတ်သေးပါဘူး။ ဒီလိုရေးထားတာကြီးကအရမ်းရိုးရှင်းလွန်းတယ်။" လုရန်သည်ကွန်ပျူတာမောက်ကို အပေါ်အောက်ရွေ့လိုက်ပြီး အလုပ်နမူနာပုံစံသည် စာမျက်နှာတစ်ခုဘဲရှိသည်။ 

ဒီစနစ်ရဲ့အစီအစဉ်ကအရမ်းမလွယ်လွန်းဘူးလား။ ဒီဟာကအခြားစီးပွားရေးတွေကိုတောင်ယှဉ်နိုင်လောက်ပါ့မလား? 

လုရန်ကသူ့နှာတံရိုးညှစ်လိုက်ပြီးနောက်ထပ် ပထမတန်းမှာသင်ကြားပေးနေတဲ့ကျောင်းသားနှစ်‌ယောက်ပါတဲ့ ချုံ့ထားတဲ့စာအိတ်တစ်ခုကိုထုတ်လိုက်သည်။  အသေးစိတ်အကြောင်းအရာများနဲ့ ပုံတူအရောင်ပါ‌ဓာတ်ပုံအားလုံးပေါင်းရင် မိတ္တူအရွက်ပေါင်းငါးဆယ်ကျော်ရှိသည်။ လုရန်ကအမြန်ဘဲကျော်လိုက်ကာ သူ့ရဲ့ကျောင်းသားအားလုံးက သနားစရာ၊ အရောင်သွေး‌စုံလင်တဲ့ဆံပင်၊ မဗာရစ်ပုံသဏာန်ရှိပြီး အချို့သောကျောင်းသားများသည် လည်ပင်းတွင်ရွှေရောင်ချိန်းကြိုးများကိုဝတ်ဆင်ထားကြသည်။ ၎င်းတို့သည်၎င်းတို့ခန္ဓာကိုယ်အတွက်အင်အားကြီးကြပြီး ဝံပုလွေ ကျားတွေနှင့်ပင်တူနေသည်။

"အလုပ်တော်တော်ကြာအောင်လုပ်ပြီးတာနဲ့ ဒါကြီးကနတ်ဆိုးတွေနဲ့သရဲတစ္တေတွင်းကြီးလိုတောင်ဖြစ်လာပြီ။ သူတို့အားလုံးက လူမှုဆက်ဆံရေးမှာ ဆန့်ကျင်ဘက်ကိုယ်ရည်ကိုယ်သွေးတွေနဲ့ချည်းဘဲ" လုရန်ညီးတွားလိုက်သည်။ " ဒီအကြမ်းဖက်လူငယ်တွေက ဘယ်လိုလုပ်စိတ်ပိုင်းဆိုင်ရာအကြံဉာဏ်ပေးတာကို နားထောင်နိုင်မှာလဲ?"

Zombie ဘုရင်ကသာမန်ဘဝမှာ နေထိုင်လိုတယ် (MM Translation)Where stories live. Discover now