အခန်း(21)
အကြိုပွဲ"အာ..ကျွန်တော် လုပ်နိုင်ပါ့မလား..?"
"အေးဆေး..ကေး..အရင်တစ်ခေါက်တုန်းကတောင် တီးနိုင်သေးတာပဲ..."
"အဲ့တုန်းက ကျွန်တော့်ပွဲမှ မဟုတ်တာ..."
"အေးလေ အခုက မင်းပွဲ မို့လို့လေ.."
"အဲ့တာကြောင့်လေ.. လူတွေအကုန်လုံး ကျွန်တော့်ကိုပဲ ကြည့်နေကြမှာ.."
"အာ..စိတ်မပူပါနဲ့ဆို. ငါတို့အကုန်လုံး မင်းဘေးနားမှာရှိတယ်"
ဆိုဖာပေါ်တွင်ထိုင်နေသော ကူရိုတစ်ယောက် ၀င်ပြောလာ၏။
"ငါတော့ မပါဘူးနော်"
"..ကူရို , မကူညီချင်နေ...မနှောင့်ယှက်နဲ့.."
"ဒီနေရာမှာတောင် အဲ့လောက် လူကြောက်တတ်နေရင်...မင်း အပြင်မှာဆို တစ်သက်လုံး ပွဲတိုးတော့မှာကို မဟုတ်ဘူး..မင်းကြိုးစားထားသမျှ အကုန်အလကားပဲ ဖြစ်သွားမှာ.."
"ကူရို..အဲ့လောက်ထိ ပြောစရာမလိုဘူးလေ.."
ကူရိုသည် မျက်နှာကို ဆူပုပ်ထားကာ တခြားဘက်သို့ အကြည့်ပြောင်းလိုက်သည်။
ကေးတစ်ယောက် ကူရို၏ စကားကြောင့် ခေါင်လေး ငိုက်ကျသွား၏။
"ဆောရီး..ကေး.."
"ရပါတယ် ဟာရု, ကူရိုပြောတာလည်း မှန်ပါတယ်"
ကေးတစ်ယောက် ထိုင်နေရာမှ ထပြီး နက်ဂတိုင်ကို တင်းနေအောင် ဆွဲလိုက်ကာ ၀တ်စုံကို သေချာပြန်ပြင်လိုက်၏။
"ကျေးဇူးပဲ , ကူရို ..ဟာရု , ကျွန်တော် အဆင်သင့်ဖြစ်ပြီ"
ယုံကြည်ချက်အပြည့်ဖြင့် အခန်းထဲမှ ထွက်သွားသော ကေးအား ကြည့်ကာ ကိုယ် မအံ့ဩပဲ မနေနိုင်တော့ပေ။။
"ဝေါင်း"
ကူရိုတစ်ယောက် ကိုယ့်၏ မှင်သက်မှုအား ပခုံးတွန့်ပြကာ တုန့်ပြန်လိုက်၏။
ကေးသည် သူ့ကျောင်းက ကျင်းပသော ဖြော်ဖြေပွဲတစ်ခုတွင် စန္ဒရားတီးရန် ရွေးချယ်ခဲ့ရသည်ဟုပြောသည်။ သို့သော် သူသည် လူရှေ့တွင် မတီးရဲသေးပေ။ထို့ကြောင့် ကာဘိုင်းတစ်ယောက် ကေးအား အစမ်းလေ့ကျင့်ပေးသည့် သဘောအနေဖြင့် မြို့သူမြို့သားများအပြင် တခြားမြို့က သူတွေကိုပါ ဖိတ်ထားကာ ပွဲတစ်ပွဲ စီစဉ်ပေးထားခြင်းဖြစ်သည်။နေရာမှာ ကေးအိမ်၏ မြေအောက်ခန်းတွင် ရှိသော ပြဇာတ်ရုံကြီးပင်...
YOU ARE READING
Love in VR❲Completed❳
Science Fiction#Writer's review# Type - BL/OC Tags- Comedy, Romance,Virtual Reality Warning ⚠️ - Violence Actions , Trauma, Bully, Cyber-bullying