18

481 102 3
                                    

                        အခန်း(၁၈)
                      သရဲကမ္ဘာ(၁)

ကူရိုတစ်ယောက် ကိုယ့်လက်အား တင်းတင်းကြပ်ကြပ်ဆုပ်ကိုင်ထား၏။

"သူတို့ ဘယ်အခန်းထဲ ၀င်သွားကြလောက်မလဲ?"

ကိုယ်နှင့် ကူရိုရှေ့တွင် တံခါးသုံးချပ်ရှိနေ၏။

"ငါလဲ မပြောတတ်ဘူး..ဒီအတိုင်း တံခါးတစ်ချပ်စီ လှပ်ကြည့်ပြီး အဆင်ပြေမယ့် အခန်းထဲ ၀င်မယ်လေ.."

ကိုယ်ပြောတာကို ကူရို ထောက်ခံသည့်အနေဖြင့် ခေါင်းငြိမ့်ပြ၏။

ကာဘိုင်းနှင့် ရှင်းရီတို့အတွဲသည် ရှေ့ဆုံးကနေ ၀င်သွားခြင်းဖြစ်သည်။ ထို့နောက် ကေးနှင့် အေလန်တို့ ဒုတိယအသုတ် ၀င်ကြ၏။ ကိုယ်နှင့် ကူရိုမှာ နောက်ဆုံးမှ ၀င်လာကြ၏။
ထိုကတည်းက ကူရိုတစ်ယောက် ကိုယ့်လက်ကို ဆုပ်ကိုင်ထားသည်မှာ ကလေးလေးတစ်ယောက် သရဲအိမ်ထဲ ၀င်ကာစ ဘေးတွင်ပါလာသော အမေ့လက်အား အတင်းအကြပ်ဆုပ်ကိုင်ထားသကဲ့သို့ပင်...

ကြောက်ရင်လည်း ဒီကို လာမယ် ဘာလို့ပြောခဲ့သေးလဲ..

စိတ်ထဲတွင် ကူရို့ပုံစံအား ကြည့်ကာ ကြိတ်ရယ်နေမိ၏။

"အဲ့တာဆို ဘေးအခန်းက စဖွင့်ကြည့်မယ်.."

"အင်း.."

ကျွီ..~

"ဘာမှမရှိဘူး..ကူရို..အမ်..ကူရို..?"

ကူရိုတစ်ယောက် ကိုယ့်ပုခုံးနောက်တွင် ခေါင်းကို အတင်းအကြပ်ငုံ့ထား၏။ ကိုယ် ထိန်းမရတော့ပေ...

"ဖွီ.."

ကူရို့ခေါင်းလေးအား ပုတ်ကာ..

"သားလေး..မေမေပြောနေတယ်..အခန်းထဲမှာ ဘာမှမရှိဘူး..မယုံရင် ကြည့်ကြည့်.."

ကူရိုတစ်ယောက် သူရုပ်ပျက်ဆင်းပျက်ဖြစ်နေသည်ကို သတိထားမိသွားကာ ကိုယ့်လက်အား ပုတ်ထုတ်လိုက်၏။

"ဘယ်ကို သားလဲ.."

"ဟ..ဟ..မင်းက ကြောက်နေတာကိုး..ငါ့ ကိုယ်ထဲလည်း၀င်တော့မယ် ပုန်းနေတာ.."

"အဲ့တာ ကြောက်လို့ပုန်းနေတာ မဟုတ်ဘူး!"

"ကြောက်လို့ ပုန်းနေတာပါ.."

Love in VR❲Completed❳Where stories live. Discover now