22

483 105 0
                                    

                       အခန်း(၂၂)
                       စီနီယာ (၁)
 
ဆရာ၊ဆရာမများနှင့် တချို့သော ပညာရှင်များသည် စန္ဒရားသံ ထွက်လာမည်ကို စိတ်ရှည်သည်းခံစွာစောင့်နေကြ၏။

"သူတကယ်ရော တီးတတ်ရဲ့လား?"

"ကလေးက လူရှေ့ မတီးဖူးသေးလို့ပါ..ဒါမျိုးတွေက ဖြစ်တတ်ပါတယ်"

တချို့သော စိတ်မရှည်သည့် ပညာရှင်များ သည်  စန္ဒရားရှေ့တွင်  ကြက်သေသေနေသည့် ကျောင်းသားလေးအား မေးခွန်းပေါင်းစုံထုတ်နေကြသည်။

ထိုစဉ် ထိုကျောင်းသားလေးသည် ထိုင်နေရာမှ ရုတ်တရက်ထလာ၏။ မကျေနပ်သံများ ဖြင့် ပြည့်နှက်နေခဲ့သော ဟောခန်းသည်လည်း ရုတ်ချည်းဆိုသလို ငြိမ်ကြသွားကာ အကုန်လုံး မျက်ပြူးစံပြာဖြစ်ကုန်ကြ၏။

ကျောင်းသားလေးသည် ဟောခန်း ပြင်ပသို့ ပြေးထွက်သွားသောကြောင့်ပင်။

"ဟေး!! ‌"

လမ်းတစ်လျှောက် ရှိသမျှ ကျောင်းသား၊ကျောင်းသူများအား ပြေးတိုက်သွားသောကြောင့် စင်္ကြန်လမ်းတစ်‌လျှောက်သည် မကျေနပ်ချက် အော်သံများဖြင့် ပြည့်နှက်သွား၏။

ဒုန်း..

စာသင်ခန်းတံခါးအား အရှိန်ပြင်းစွာ ဆွဲဖွင့်လိုက်သောကြောင့် စကားပြောသံများဖြင့်ပြည့်နှက်နေသော စာသင်ခန်းကြီးသည် ချက်ချင်းဆိုသလို ငြိမ်သက်သွား၏။ တံခါးဖွင့်သူအား ကြည့်လိုက်သော် မည်သူမှ ထိုကဲ့သို့ ကြမ်းကြမ်းတမ်းတမ်းပြုလုပ်လိုက်သည့်သူအား ဒေါသမထွက်ရဲ‌ကြတော့ပေ။ ထို့ကြောင့်ပင်  လျစ်လျူရှုကာ ကိုယ်လုပ်နေကျ အရာကိုသာဆက်လုပ်နေလိုက်ကြတော့၏။

အရပ်‌ရှည်ရှည် ထောင်ထောင်မောင်းမောင်းဖြင့် ထိုကျောင်းသားသည် သူ့ရှေ့ရှိသမျှ ထိုင်ခုံများကို ခြေဖြင့်ကန်ထုတ်ကာ ပါးစပ်မှလည်း တစ်စုံတစ်ရာကို မြည်တွန်တောက်တီးနေ၏။

"ငါ့၀င်တိုက်သွားတဲ့ ခွေးသူတောင်းစားလေး..!တောက်စ်! မလောက်လေး မလောက်စားကများ! တွေ့ရင် အရှင်လတ်လတ် မြေမြှုပ်သတ်ပစ်မယ်!!"

ထိုကျောင်းသားသည် ရှေ့တွင် ရှိသမျှ ခုံများအား ကန်ထုတ်ပြီးသော် စာသင်ခုံ တစ်ခုံရှေ့တွင် ရပ်တန့်သွား၏။

Love in VR❲Completed❳Where stories live. Discover now