Extra(3)

439 88 9
                                    

                  ❝ဖြစ်တည်မှုအသစ်❞

ထိုနေ့ကတည်းက ကိုယ့်သူငယ်ချင်းသည်ကိုယ့်နှင့် စကားမပြောတော့ပေ။ အရင်က ကိုယ့်အရှေ့ခုံတွင် ထိုင်နေကြသူသည် ကိုယ်နှင့်ဝေးရာသို့ နေရာရွှေ့သွားလေသည်။ အကြောင်းပြချက်အား မေးချင်သော်လည်း သူကိုယ့်အားတွေ့လျှင် ရန်သူကြီးတစ်ယောက်နှယ် သို့မဟုတ် ကြောက်ရွံ့‌သည့်အရာကြီး‌အား တွေ့ရသည့်နှယ် ရှောင်ထွက်သွား၏။ထို့အပြင် အတန်းထဲမှ ကိုယ်နှင့်ပေါင်းနေကြ သူများလည်း တဖြည်းဖြည်းကိုယ့်နားမှ ခွာခွာလာကြသည်။ အရင်က အပေါင်းအသင်းခြွေခြွေရံရံဖြင့်နေ‌နေကျဖြစ်သောကြောင့် ယခုကဲ့သို့ ရုတ်ချည်း ဆန့်ကျင်ဘက်အခြေနေကို လျှောက်ရှိသွားသည့်အဖြစ်မှာ ပြောမပြတတ်လောက်အောင်ပင် ခံစားရသည်။ အမြင့်၌ ရှိနေသော လူတစ်ယောက် အောက်ခြေသို့ အရှိန်ပြင်းစွာ ထိုးကျသွားသည့်အတိုင်းပင်။ ကိုယ်ဒီအခြေအနေကို လက်မခံနိုင်သေးပေ။ ကိုယ်ဘယ်နေရာက စမှားသွားသနည်း။

တနေ့ ကျောင်းစင်္ကြန်လမ်းတွင် ကိုယ့်ဘက်သို့လျှောက်လာသော ကိုယ့်အား ရှောင်နေသည့် သူငယ်ချင်းဆိုသူအား ရှေ့တွင် ပိတ်ရပ်ကာ တားလိုက်သည်။

"မင်း ငါ့ကို အကြောင်းအရင်းလေးတော့ ပြောသင့်တယ် မထင်ဘူးလား? "

မျက်မှောင်များကြုတ်ကာ စိတ်အနှောင့်အယှက်ဖြစ်၍ အထင်သေးသည့်အကြည့်များဖြင့် ကိုယ့်အားကြည့်လာသည်။

"ဖယ်.."

သူသည် လွတ်သည့်နေရာသို့ ရှောင်ပြေးရန်ပြင်သည်။ သို့သော် ကိုယ်ကလည်း အမှီလိုက်ကန့်လန့်ကာကာ ပိတ်ပိတ်ရပ်ပစ်လိုက်သည်။ ထိုစဉ် အနောက်မှ တစ်စုံတစ်ယောက်သည် ကိုယ်၏ ဖြန့်ကားနေသော လက်တစ်ဖက်အား အားပြင်းပြင်းဖြင့် ရိုက်ချလိုက်သည်။

ဖြန်း..

လှည့်ကြည့်လိုက်သော် ကိုယ့်အား ဖွင့်ပြောဖူးသည့်ကောင်မလေးပင်..

"ငါ့ကောင်လေးကို လာမမြူစွယ်နဲ့..ဂေးကောင်!"

ပြောပြီးပြီးချင်း ကိုယ့်သူ့ငယ်ချင်းလက်အား ဆွဲကိုင်ကာ ကိုယ့်အနားမှ အမြန်ပင် ထွက်ခွာသွားကြ၏။ ထိုကောင်မလေး ပြောသွားသည့်စကားအား ကိုယ်သေချာနားမလည်လိုက်သောကြောင့် တစ်ယောက်တည်း စင်္ကြန်လမ်းပေါ် ငိုင်တိုင်တိုင်ဖြင့်သာ ကျန်ခဲ့တော့သည်။

Love in VR❲Completed❳Where stories live. Discover now