အခန်း(၂၇)
ကေး ဖွင့်ပြောခြင်း (၂)"ဟာရု ကို ကျွန်တော် ချစ်တယ်..!!"
ကေး၏စကားကြောင့် ကူရိုပင် နောက်ပြန်လှည့်ကြည့်လာ၏။
"မင်း ခုနက ဘာပြောလိုက်တယ်?!"
"ချစ်တယ်လို့ ဟာရုကို !"
"မင်း..! နောက်တစ်ခါ အဲ့စကားထပ်ပြောရဲ ပြောကြည့်!"
"ကျွန်တော် ချစ်တယ်, ဟာရုကို! "
"အေး ဒီနေ့ မင်းအသေပဲ!"
ကူရိုသည် ကိုယ့်လက်အား လွှတ်ချလိုက်ကာ ကေးဆီ သို့ အရှိန်ဖြင့် ပြေးကာ ထိုးလိုက်၏။
"ကူရို!"
ကိုယ်လည်း အမြန်ပြေးသွားကာ တား၏။
"ထပ်ပြောစမ်း! ထပ်ပြောစမ်း!"
ကူရိုသည် မြေပေါ်လဲကျနေသော ကေးအား ဆက်တိုက်ထိုးနေ၏။အမြန်သူ့လက်အားကိုင်ကာ တားလိုက်သည်။ သို့သော် ကိုယ်တားနေသည်အား အဖက်မလုပ်ကာ လက်ကိုပင် ပြန်ခါထုတ်လိုက်၏။
ထိုစဉ် ရှင်းရီတို့လည်း အိမ်ထဲသို့ ၀င်လာ၏။
[ကာဘိုင်းသည် အနီးအနား အသံချိတ်ဆက်မှုအား ဖွင့်လိုက်သည်။]
"ကူရို..!"
ရှင်းရီသည် သွေးရူးသွေးတန်းဖြစ်နေသည့်သူ့မောင် အခြေအနေအား မြင်သော် အမြန်လာတား၏။
"ဟာရုက ငါ့ချစ်သူဆိုတာ မင်းမသိဘူးလား!?ငါ့ရှေ့မှာ ရာရာစစ သူ့ကို ဖွင့်ပြောရဲတယ်!တော်တော် သတ္တိကောင်းနေတယ်ပေါ့!!"
"ကူရို တော်တော့!"
ကေးသည် ဘာမှပြန်မပြောဘဲ ကူရို၏ လက်သီးများကိုသာ မှိတ်ကြိတ်ခံနေ၏။ ရှင်းရီနှင့် ကိုယ်သည် ကူရိုအား မရရအောင် ဝိုင်းဆွဲနေကြသော်လည်း ကူရိုသည် ပါမလာအောင် အတင်းတောင့်ခံထားသည်။
"နှစ်ယောက်လုံး ဘေးဖယ်နေ!"
မလှမ်းမကမ်း မှ အေလန်၏ အော်သံအားကြား၍ ကြည့်လိုက်သော် ကာဘိုင်းသည် ပြောင်းတို အမြှောက်အား ဒီဘက်သို့ ပစ်ရန်ပြင်နေသည်ကို မြင်လိုက်ရ၏။ ရှင်းရီသည် ကူရိုကို လွှတ်ကာ ကိုယ့်အား ဘေးသို့ ဖယ်ရန် ဆွဲခေါ်သွားသည်။
YOU ARE READING
Love in VR❲Completed❳
Science Fiction#Writer's review# Type - BL/OC Tags- Comedy, Romance,Virtual Reality Warning ⚠️ - Violence Actions , Trauma, Bully, Cyber-bullying