စာရေးသူ၏ နှလုံးသားမှ ကျေးဇူးတင်လွှာ

501 99 9
                                    

♡ စာရေးသူသည် စိတ်ဂနာမငြိမ် ဖြစ်တတ်သည့်အတွက်  ကိုယ့်ကိုကိုယ်အား ပြန်ထိန်းရန် targetတစ်ခု ထားခဲ့သည်။ တစ်နေ့တစ်ပိုင်းနှုန်းဖြင့် တစ်လအတွင်း ficတစ်ခုကို အပြီးရေးရန်ပင်ဖြစ်သည်။ ထို targetအား ယနေ့ 11.1.2022 တွင် အပြီးသတ်သွားပြီဖြစ်သည်။🥳

♡တော်တော် ဦးနှောက်စားခဲ့ရပါသည်။ စိတ်မပါသည့် နေ့များတွင် မည်သည်ကိုရေးလို့ ရေးရမှန်းပင် မသိသည့်အထိ အကျပ်ရိုက်ခဲ့သည့်နေ့များလည်းရှိသည်။

♡ စာလုံးပေါင်းပြန်စစ်ရင်း ကိုယ်ရေးထားသည်များအား ပြန်ဖတ်ကြည့်လျှင် ..အားရသည့်နေရာများလည်း ရှိသလို..စိတ်တိုင်းမကျသည့်နေရာများလည်းရှိသည်။

♡ တစ်လအတွင်း အပြီးသတ်ရေးထားခြင်းဖြစ်သောကြောင့်  ficသည် ရုတ်ချည်းဆန်စွာ အဆုံးသတ်သလိုဖြစ်နေမည်ဖြစ်သည်။ စိတ်ကသိကအောင့်ဖြစ်သွားသော်‌ စာရေးသူ၏ လိုအပ်ချက်များသာ ဖြစ်သည်။

♡အဆုံးအထိလာခဲ့ပေးသည့် အတွက် ရင်ထဲမှ လှိုက်လှဲစွာ ကျေးဇူးတင်ရှိလျက်ပင်ဖြစ်သည်။

*********************************
                                              MilkBomb
                                             (11.1.2022)
                                                3:47 A.M

Love in VR❲Completed❳Where stories live. Discover now