30 (END)

565 105 2
                                    

                            အခန်း(၃၀)
                               ကူရို

လွန်ခဲ့သော 2နှစ်ခန့်

စားသောက်ဆိုင်ထဲတွင် 17နှစ်အရွယ် ကောင်လေး သုံးယောက်စုကာ စကား‌ဘောင်ဘီဖွဲ့နေကြ၏။ထို့နောက် သူတို့နားသို့ ဟူဒီနှင့် ဂျင်းဘောင်ဘီအား ၀တ်ဆင်ထားသော ကောင်လေးတစ်ယောက် ထပ်ရောက်လာ၏။ထိုင်နေ‌သော ကောင်လေးသုံးယောက်ထဲမှ တစ်ယောက်က  ပြောလာ၏။

"ကဲကဲ..ဒီနေ့ရဲ့ အဓိက ဇာတ်လိုက်ကြီး လာပါပြီ.."

ဟူဒီနှင့်ကောင်လေးသည် ထိုသို့ပြောလိုက်သည့် ကောင်လေး၏ ပခုံးအားရိုက်ချလိုက်ကာ ရယ်မောစွာပြောလာ၏။

"ပေါက်တက်ကရတွေ.."

ထို့နောက် လွတ်နေသော ခုံတစ်‌ခုံပေါ်တွင် ထိုင်လိုက်၏။

"ဟားဟား..မဟုတ်လို့လား..ဒါနဲ့ မင်းရဲ့ နှုတ်ဆက်ပါတီကြီးက သိပ်တော့ လန်းမနေဘူးနော်..ကာရာအိုကေလေးဘာလေး ဆက်ဖို့ အစီအစဉ်ဘာညာ..?"

ဟူဒီနှင့်ကောင်လေးသည် လက်ခါလိုက်ကာ "တော်တော် အဲ့တာ‌တွေ စိတ်မ၀င်စားဘူး...ဟိုရောက်ရင် မင်းတို့ရဲ့ အသိစိတ်ပျောက်နေတဲ့ပုံတွေကို နောက်ဆုံးမြင်လိုက်ရတဲ့ ပုံရိပ်အဖြစ် မမြင်ချင်ဘူး.."

"ဟားဟား..အေးပါကွာ..ဒါပေမယ့် ဒီနေ့ငါတို့ အပြီအပြင်ကြိတ်မှာနော်..ငြိုငြင်တဲ့ အရိပ်အရောင်တွေ့ရင် မင်းဟိုမှာ ကောင်မလေး မရစေပါစေနဲ့..!"

ကျန်သည့်သူများလည်း ဝိုင်းဖွဲကာ ထောက်ခံလာကြ၏။

"ဟုတ်တယ်..ဟုတ်တယ်..ဟားဟား...!!"

"တော်ပါ..မှာစရာရှိတာသာ မှာ.."

"မင်း မရောက်ခင် ကတည်းက မှာပြီးသား ..ဟားဟား.."

"မင်းတို့ကောင်တွေ..ဒါမျိုးကျ မြန်ချက်..."

"ဟေ့ဟေ့..ခုနက မင်းနှာရှုံ့လိုက်တာမလား...
ဟေ့ရောင်တွေ ငါတို့တောင် မစရသေးဘူး..သူက အခုကတည်းက ငြိုငြင်နေပြီ..သွားပြီ..မင်းတော့ ကောင်မလေး မရတော့ဘူး...ဟားဟားဟား..."

".."

.…

စားသောက်ဆိုင်ရှေ့တွင် သူငယ်ချင်းများ အချင်းချင်းဖက်ကာ

Love in VR❲Completed❳Where stories live. Discover now