♡ 3 ♡

361 32 0
                                    

If you....♡♡♡🖇️🦋( 3 )








ကားပေါ်မှာအိပ်ပျော်သွားတာကြောင့် ကြိုတင်ခေါ်ထားတဲ့ Taxi ကလဲ ကျွန်တော်မဆက်သွယ်တော့ ပြန်သွားသည်လား ဒါမှ မဟုတ် တခြားခရီးသည်ကိုပဲ တင်ပြီးသွားသည်လား မသိ မတွေ့ရတော့။
ဖုန်းခေါ်ကြည့်တော့ ဟုတ်ပါသည် ခရီးသည်တင်သွားသည်တဲ့...။
ကျွန်တော့်ဖုန်းကိုခေါ်ပေမယ့် ပြန်မဖြေလို့တဲ့လေ ...။
ကားဂိတ်အတွင်းတော့ မည်သည့်Taxi မှ မရှိတော့။
ဒီအတိုင်းဆိုလျှင် သွားချင်တဲ့နေရာအထိ ရောက်တဲ့ bus ကားကိုပင်စီးသွားရမည်။
Bus ကားစီးဖို့အတွက် ကားမှတ်တိုင်အထိလက်လျှောက်ရအုံးမည်ပေါ့....။
ဟူးး...အအိပ်မက်မိလို့ အခုလို့ ဖြစ်ရတာ ဟင့်...
ဖြတ်သွားဖြတ်လာတစ်ယောက်ကို ကားမှတ်တိုင်နေရာမေးမိတော့....


"" ဟို...တစ်ဆိတ်လောက်ပါခင်ဗျ ""



"" ဒီအနီးအနားမှာ Bus ကား မှတ်တိုင် ဘယ်နားလောက်မှာ ရှိလဲဗျ ""


"" အော် bus ကားမှတ်တိုင်က ဒီ main လမ်းမကြီးကနေသွားရင် တောင်မြောက်ကားလမ်းမကြီးရှိတယ် အဲ့နားမှာပဲ မှတ်တိုင်ရှိတယ်ဗျ ""


"" ဟုတ် အချိန်ဘယ်လောက်လောက် လမ်းလျှောက်ရင် ရောက်လောက်လဲဗျ ""


"" 15 မိနစ် ။မိနစ် 20 လောက်လျှောက်လိုက်ရင် ရောက်ပြီဗျ ""



"" အာ ဟုတ်ကဲ့ကျေးဇူးပါဗျ ""


"" ရပါတယ်ဗျာ ""



ဟူးး...15 မိနစ် ။မိနစ် 20 တဲ့လားကွာ...။

စိတ်ပျက်လက်ပျက်နဲ့ သက်ပြင်းရှည်တစ်ခုချပြီး * ဟူးး မောတာ အခုသွားမှ ငါနေမယ့်နေရာကို မိုးမချုပ်ခင်ရောက်မှာ ဒီနေ့ ကံမကောင်းပါလား *

တစ်ဦးတည်းရေရွတ်နေရင်း အဝတ်အစားထုတ် ဆွဲပြီး သွားမယ် လုပ်တော့...

If you......♡🖇️🐝Where stories live. Discover now