♡ 17 ♡🌻💛❣️

242 30 25
                                    

If you......♡♡♡🖇️🦋( 17 )







တအားထူးဆန်းနေသည်။ခုနကအထိ တံခါးကို ခဏခဏခေါက်ရင်ခေါက် ၊မဟုတ်ရင် ဟိုမေးဒီမေးနဲ့ စကားကို ဆီလို အပေါက်ရှာပြီး ပြောနေတဲ့ လူကြီးက အခုတော့ဖြင့် တိတ်ဆိတ်လို့နေသည်။အဲ့ဒီ့လူကြီး ပြောနေရင်လဲ စိတ်မရှည်ချင်သလိုနဲ့ ငြိမ်နေပြန်ရင်လဲ တစ်ခုခုက လိုနေသလိုလို။ကျွန်တော်ရေချိုးတာ အရမ်းကြာလို့များ တအားပျင်းပြီး အိပ်ပျော်သွားတာများလား ။
ရေကို အမြန်ပြီးအောင် ချိုးကာ အဝတ်ကို အမြန် ဝတ်လိုက်သည်။ခေါင်းပင် သေချာမသုတ်မိလိုက်။ တံခါးအနား နားလေးကပ်ကာ နားစွင့်ကြည့်တော့ ခပ်တိုးတိုးရယ်သံလေးတွေ ထွက်နေသည်။ အခန်းထဲမှာ သူတစ်ယောက်ထဲရှိနေတာကို ဘာတွေ သဘောကျပြီး ရီနေသည်နည်း။
သိလိုစိတ်ကြောင့် တံခါးအမြန်ဖွင့်ပြီး သွားလိုက်တော့ မေမေ။

“ မေမေ !အခန်းထဲရောက်နေတာလား ”

“ အော် သားငယ်လေး ရေချိုးလို့ ပြီးပြီလား ကြာလိုက်တာသားရယ် ဒီမှာ ဧည့်သည်လဲပါလာတာကို အမြန်မချိုးဘူး Yoongi လေးကို အားနာစရာ ”


“ ဟို... ”

“ ရပါတယ် အန်တီ ကျွန်တော်စောင့်နိုင်ပါတယ် ”


ဟွန်းး ဇွတ် လိမ်မာနေတာပဲ။

“ Yoongi လေးက လိမ်မာလိုက်တာ သားငယ်လေးကို သားဆီ အပ်ပါတယ်နော် အမြင်‌မတော်တာရှိရင် ဆို၊ဆုံးမပေးအုံး မဟုတ်တာလုပ်ရင်လဲ

အန်တီ့ကိုလှမ်းပြောနော် ”



“ ဟာ မေမေ့!! သူ့ဆီ အပ်ရအောင်

သားက ကလေးလား ”


“ ဟုတ်ကဲ့ အန်တီ ကျွန်တော်သေချာလေး ကြည့်ထားပေးပါ့မယ် မလိမ်မာရင် နာနာလေးရိုက်ပြီး ဆုံးမပေးပါ့မယ် မဟုတ်တာလုပ်ရင်လဲ ကျွန်တော် အန်တီ့ဆီ

လှမ်းပြောမယ်လေ ”


“ ခင်ဗျား! ”

If you......♡🖇️🐝Onde histórias criam vida. Descubra agora