♡ 8 ♡

240 28 0
                                    

If you........♡♡♡🖇️🦋( 8 )






"" ဝူဘင် ဘာထူးခြားသေးလဲ ""

"" ဘာမှတော့ မထူးခြားသေးဘူး လာပြောတဲ့သူတွေတော့ ရှိတယ် ဒါပေမယ့် မင်းရှာတဲ့သူ မဟုတ်ဘူး ""

"" အင်း အခြေအနေ ထူးရင်

တစ်ခုခုပြောအုံး ""

"" အခုထိ သူ့ကို ရှာနေတုန်းပဲနော် အဲ့လောက်ထိ မင်းအတွက် အရေးပါခဲ့တာလား

Page ကို မင်းလဲ ဝင်ကြည့်လို့ ရအောင် ငါ လုပ်ပေးထားတယ် ""

"" အင်း ကျေးဇူးပဲကွာ သူက ငါ့အတွက် အရေးကြီးလားဆိုတာတော့...ငါလဲ မသိဘူး အဲ့နေ့က.......မဟုတ်ပါစေနဲ့လို့ပဲ ဆုတောင်းနေမိတယ် သူ့ပုံပန်းသဏ္ဉာန်လေးက အခုထိ ​မျက်လုံးထဲက မထွက်ဘူး ""

"" အင်း သူ အဆင်ပြေလောက်မှာပါ ""

"" အဲ့လိုပဲ မျှော်လင့်ရတာပဲ ဒါပေမယ့် အိပ်မက်ထဲက သူ့မျက်နှာလေးက တစ်ခုခုကို ပြောချင်နေတဲ့ပုံပဲ ပြီးတော့ တစ်ခါတစ်ခါဆိုရင် အကြည့်စိမ်းစိမ်းနဲ့ ကြည့်သေးတာ ငါနည်းနည်းတော့.... ""


"" အရမ်း စိတ်ထဲ မထားပါနဲ့ကွာ သူအဆင်ပြေမှာပါ ဒါက အိပ်မက်တစ်ခုပါပဲ ""

"" အင်းပါ  Sorry ! ကွာ ငါနည်းနည်း စကားပြောတာ များသွားတယ် ""

"" မများပါဘူးကွာ ဒီလောက် တော့ ဖြစ်ပါတယ် ပြီးတော့  မင်းစကားအများကြီးပြောတဲ့ အချိန်က အဲ့ဒီ့ ကလေးအကြောင်း ပြောတဲ့ အချိန်တွေပဲ ငါတို့ စတွေ့ကတည်းက ""

"" အေးပါကွာ ""


-^-^-----^-^-----^-^----^-^---

"" Hello! အင်း jiminaa ဘယ်မှာလဲ ငါ အခု အခန်းရှေ့မှာ bell တီးနေတာ ကြာပြီ တံခါးဖွင့်မပေးလို့ မင်း မရှိဘူးလား ""

"" အော် မနေ့က ပြောဖို့ မေ့သွားတာ ငါ အလုပ်ဝင်နေရပြီလေ ""

"" ဟင် ဘယ်မှာ အလုပ်ရသွားတာလဲ ငါလဲ မသိလိုက်ပါလား ""

If you......♡🖇️🐝Wo Geschichten leben. Entdecke jetzt