♡ 4 ♡

329 32 0
                                    

If you.......♡♡♡🖇️🦋( 4 )








ရောင်ခြည်ဖြာတဲ့ မနက်ခင်းလေးမှာ
Spring day သီးချင်းသံက နူးနူးညံ့ညံ့လေး ထွက်လာတော့ Jimin တစ်ယောက် အိပ်ယာထက်မှာ လူးလှိမ့်လာသည်။
အအိပ်မက်တဲ့ Jimin ထိုဖုန်းကို မကိုင်။
တစ်ဖက်ကဖုန်းခေါ်တဲ့သူကလဲ ဇွဲမလျှော့ မကိုင်မချင်းခေါ်နေသည်။
ကျစ်တစ်ချက် သပ်လိုက်ပြီး ဖုန်းကို လှမ်းယူကြည့်လိုက်တော့ Taehyung ။
ဖုန်းကိုင်လိုက်တော့ ပထမဆုံး ထွက်လာတဲ့ ခပ်စွာစွာ အသံ။

"" ရား!!!! Jimin_ah!!!! ငါခေါ်နေတာကြာပြီ ဘာလို့ ဖုန်းမကိုင်တာလဲကွ ""


အော်လွန်းတဲ့ Taehyungအသံကြောင့်
ဖုန်းကို နားကနေ ခဏလောက်ခွာပြီး ပြန်ကပ်ပြီးမှ

"" ကျစ် !! အစောကြီးပဲ ကွာ ဘာလို့ခေါ်နေတာလဲ ""


"" ဟင် ဘာစောရမှာလဲ နာရီပြန်ကြည့်အုံး 8 နာရီထိုးတော့မယ် ဒါနဲ့ မင်းအခုထိ အချိန် မထသေးတာတော့ မဟုတ်ပါဘူးနော် ""


"" အင် ....အင်း ""


"" ‌ရား!!!!!!!? Jiminshi!!!! ပြောနေရင်းအိပ်နေတာလား ?? ဟမ် ""



"" ဟာကွာ ချီး!!  မင်း လန့်တာ ""


"" ထတော့ကွာ ငါ ညောင်းလှပြီ အခုထတော့ !""


"" မင်းက ဘာညောင်းတာလဲ အိပ်ပါရစေကွာ မနှောက်ယှက်ပါနဲ့ ""


"" မရဘူး အခုထတော့ ငါ အရေးကြီးနေလို့ အဲ့တာ ""


"" ဘာအရေးကြီးတာလဲ Taehyung! မင်းစောစောစီးစီးမနှောက်နဲ့ကွာ ငါ အိပ်ချင်နေတာကို ""


"" ငါ အခု Toilet သွားချင်နေလို့ကွ ""


"" အဲ့တာ သွားပါလားကွာ ကျစ် လာနောက်နေသေးတယ် ဒါပဲ ကွာ ""

ဖုန်းချလိုက်ပြီး ပြန်အိပ်မယ် လုပ်တော့ ပြန်မြည်လာတဲ့ ဖုန်းကြောင့် jimin သက်ပြင်းချကာ ဖုန်းကိုင်လိုက်ပြီး.....


If you......♡🖇️🐝Hikayelerin yaşadığı yer. Şimdi keşfedin