♡ 7 ♡

244 30 2
                                    

If you.......♡♡♡🖇️🦋( 7 )









Taehyung ကတော့ လိုက်လာခဲ့မယ် ပြောပြီး ဘယ်မှာ ကျန်နေခဲ့ပါလိမ့်။
ခနနေရင်ပဲ Companyရဲ့ CEO ရောက်လာတော့မယ်  အဖော်ရအောင် သူ့ကို ခေါ်လာပါတယ်ဆိုမှ ဘယ်ကို သဝေထိုးနေလဲမသိ...။


*Taehyung စုတ် ပြီးမှ တွေ့မယ် ဟွန်း နောက်က လိုက်လာမယ်ပြောပြီး အခုထိပေါ်မလာဘူး*
စိတ်ထဲတွင်ရေရွတ်နေတုန်း ဝန်ထမ်းတစ်ဦးရဲ့အသံကြောင့် တွေးလက်စအတွေး ရပ်သွားရသည်။



"" အားလုံးခင်ဗျ ခဏနေရင် စပြီး Interview မယ်နော် CEO ရောက်နေပါပြီ ""



""ဟမ် ငါလဲ မမြင်လိုက်ပါလားဘယ်ကနေ ဝင်သွားတာလဲ မသိဘူး ""


"" အော် ဒီက ညီလေး မလား ""


"" ဗျာ ! အာ ဟုတ်ကဲ့ ""


"" ခုနကလူပြောတဲ့ CEO ကရောက်ပြီဆိုတာက အခန်းထဲကို ရောက်နေပြီ ‌ပြောတာ မဟုတ်ဘူး Company ကိုရောက်နေပြီလို့ ‌ပြောတာ ""




"" အော် အဲ့လိုပြောတာလား ဒါ့ကြောင့်ကျွန်တော်က အခန်းထဲ ဝင်သွားတာ မမြင်လိုက်ပါဘူး လုပ်နေတာ ""



"" အင်း ငါ့ညီက ဒီက မဟုတ်ဘူးထင်တယ် ဒါ့‌ကြောင့် စကားကောက်တာ လွဲတာဖြစ်မယ်""



"" ဟုတ်တယ်ဗျ ကျွန်တော်က နယ်မြို့လေးကပါ ""



""အော် ဟုတ်လား ဘယ်မြို့လဲဗျ ""



"" အော် Buu....""





** ဟဲ့ ဟဲ့ဟဲ့ ဟိုမှာ CEO လာနေပြီ**
**အေး ဟုတ်သားပဲ အမလေး ချောလိုက်တာဟယ် **
** ဟဲ့ ဟုတ်ပ ကြားရတဲ့သတင်းကအမှန်ပဲ**
**ယောင်္ကျားပီသလိုက်တာဟယ် အားကိုးချင်စရာကြီး**



အမျိုးမျိုးသောစကားသံတွေကြောင့်
ပြောလက်စ စကားတောင် ပျက်သွားရသည်။
သေချာကြည့်တော့မှ ဟုတ်ပါသည်
သူတို့တွေ ပြောနေကြတဲ့ CEO လို့
ထင်ရတဲ့သူ...။
ထောင်ထောင်မောင်းမောင်း
အရပ်မြင့်မြင့်နဲ့body ကလည်း Gym ဆော့ထားပုံရသည်လုံးဝ ကောင်မလေးတွေ အသည်းစွဲမည့်ပုံပင်....။
ခန့်ခန့်ညားညားရှိပြီး ချောမောသည်ဆိုတာတော့ အမှန်ပင်...။
ကျွန်တော့် ဘေးနားက ကောင်မလေးတွေ အရမ်းဆူကြတာပဲ အခုထိပြောနေ‌ဆိုနေကြတုန်းပင်...။



If you......♡🖇️🐝Dove le storie prendono vita. Scoprilo ora