♡ 21 ♡ ✨🌻

247 24 39
                                    

If you.......♡♡♡🖇️🦋( 21 )



အသိဝင်လာတော့ နားထဲမှာ ဆူညံညံသံတွေ ကြားနေရသည် ။ဟိုဘက်ဒီဘက် လူးလှိမ့်ကြည့်တော့ တစ်ကိုယ်လုံးကိုင်ရိုက်ခံထားရသည့်နှယ် နာကျင်နေသည် ။ညက နှစ်ယောက်သား နဲနဲသောက်လိုက်မိသေးသည်။

‘ အ့ ’

မျက်လုံးကို ဖွင့်ကြည့်တော့ အလင်းရောင်ကြောင့် အတော်စူးသွားရသည် ။ ပြန်မှိတ်လိုက်ပြီး အားယူပြီး ထပ်ဖွင့်ကြည့်ရသည် ။
အာ - ပင်ပန်းလိုက်တာ ။
ထထိုင်လိုက်ပြီး ပတ်ဝန်းကျင်ကို ကြည့်တော့ ဘယ်သူမှ ရှိမနေ ။ရင်းနှီးမနေတဲ့ အခန်း ။ ဒါ လူကြီးအိမ်ပဲ ၊ မနေ့ညက ဘယ်အချိန်အိပ်ယာဝင်လိုက်လဲ  မမှတ်မိ‌တော့ ။ရေလဲ မချိုးလိုက်ရ ။လူကငြီးစိစိကြီး ဖြစ်နေသည်။ ရေကို အမြန်ချိုးပြီး တစ်စုံတစ်ယောက်ကို ရှာရတော့သည် ။လှပကျော့ရှင်းပြီး သန့်ရှင်း ၊သပ်ရပ်လှတဲ့ အခန်းဖွဲ့စည်းပုံ ၊ပရိဘောဂတွေက ဂုဏ်သရေရှိ လူတန်းစားနဲ့ တကယ် လိုက်ဖက်ပါပေတယ် ။ အခန်းကို လှည့်ပတ်ကြည့်နေတုန်း ...

ဒေါက်"

တံခါးခေါက်သံကြားပြီး လူတစ်ယောက်ဝင်လာသည် ။

“ ဘယ်- ဘယ်သူလဲခင်ဗျ ”

“ မင်းကရော ဘယ်သူလဲ ၊ဘယ်လိုလုပ်ပြီး ဒီအခန်းထဲရောက်နေရတာလဲ ဟမ်! ”

“ ဗျာ!!! ဟို- လူ-လူကြီးရော ”

“ ဘာလူကြီးလဲ ဒီအိမ်မှာ လူကြီးက
ငါပဲလေ ”

“ ဗျာ!! မဟုတ်- ”

ဒီလူကြီးက ဘာတွေလာပြောနေတာလဲ ။သူ့ကိုလည်း ငါမသိပါဘူး ။ ပြီးတော့ ဒါလူကြီးအိမ်ပါ ။ဘယ်လိုဖြစ်ပြီး -
မဟုတ်မှ လူကြီးငါ့ကိုရောင်းစားသွားတာများလား ! ။ မ- မ‌ဖြစ်နိုင်တာ ၊လူကြီးက-

“ ကလေး နိုးပြီလား ”

“ ဟင်! လူကြီး! ”

နေပူပူ ကန္တာရထဲမှာ ရေအိုင်လေးတွေ
တွေ့လိုက်ရတဲ့ ခံစားချက်လေးလိုပင် လူကြီးအနားကို လေလိုအလျင်နဲ့ အလိုလို ပြေးကပ်မိသွားသည်။

“  ကလေး ဘာဖြစ်လို့လဲ ချွေးတွေလဲ ထွက်နေပါလား ”

လူကြီးပြောမှ နဖူး ၊လည်ပင်း စမ်းကြည့်ပြီး ချွေးသုတ်လိုက်သည်။ တကယ်လန့်သွားခဲ့တာလေ ။

Bạn đã đọc hết các phần đã được đăng tải.

⏰ Cập nhật Lần cuối: Jul 10, 2023 ⏰

Thêm truyện này vào Thư viện của bạn để nhận thông báo chương mới!

If you......♡🖇️🐝Nơi câu chuyện tồn tại. Hãy khám phá bây giờ