♡ 5 ♡

291 27 3
                                    

If you.......♡♡♡🖇️🦋( 5 )









""" !!! ဟိုဘက်မှာ လိုက်လိုက် မလွတ်စေနဲ့ !!!

အရှင်ဖမ်းမိတာ လိုချင်တယ်နော် !!!! """





13 နှစ်အရွယ် ကောင်လေးတစ်ယောက်ရဲ့ နောက်ကို အားကောင်းမောင်းသံဗလတောင့်တောင့် ခန္ဓာကိုယ်နဲ့ ထိုလူတစ်သိုက်က အတင်း‌တစ်ကောလိုက်နေသည်။
မှောက်ရီပျိုးစအချိန်ဖြစ်နေ၍ ပတ်ဝန်းကျင်တွင်လည်း တခြားသူရယ်လို့ မတွေ့ရ...။
ထိုလူတွေကရော ထိုကလေးငယ်လေးကို ဘာကြောင့် အတင်းလိုက်နေပါလိမ့်...။
အဘယ့်ကြောင့်ပါနည်း..??





အားသွန်ခွန်စိုက် အမောတကောပြေးနေပေမယ့် အတော်ပင်ပန်းနေပြီဖြစ်သည်။
တကယ်ကိုအနားယူချင်နေပြီ...။
ကျွန်တော် နေရာပြောင်းသွားလည်း ထိုလူတွေက တစ်နေရာရာကနေ ပေါ်ပေါ်လာတတ်‌သည်။
ဘယ်လောက်ပဲ ရှောင်ရှောင် ဘယ်လောက်ပဲ ပုန်းပုန်း ဒီလူတွေ ဘယ်လိုရှာတွေ့သွားလဲ စဉ်းစားလို့ပင်မရ...။
အခုတော့ဖြင့် ခက်ပြီ ပြေးသာပြေးလာတာ ဘယ်ရောက်လို့ ဘယ်ပေါက်မှန်း မသိ။
နယ်မြေမကျွမ်းကျင်သေးတာလည်းပါသည်...။
အနီးအနားတွင်လည်း ကြည့်ရသလောက် ကယ်နိုင်မယ့်သူ မရှိ..။
ဒုက္ခတော့ များပါပြီ။

အနောက်က တစ်စာစာအော်ပြီး လိုက်နေတဲ့ထိုလူတွေကို တကယ်အံ့ဩမိသည် မမောနိုင်သေးဘူးလား မသိ...။





"" ဟေ့ ဟေ့!! ဟဲ့ကောင်လေး ထပ်...ထပ်မပြေးနဲ့တော့ !! ""

မောဟိုက်နေတဲ့အသံနဲ့ လှမ်းအော်တဲ့ ထိုလူတွေထဲက တစ်ယောက်


"" မပြေးလို့ ရမလားဗျ မပြေးရင် ခင်ဗျားတို့က ဖမ်းမှာပေါ့ !! ""




"" ဒီကောင်လေးကတော့...!!ကျစ် ! ပြေးနိုင်တော့တာလည်း မဟုတ်ဘူး ရပ်...ရပ်လိုက်တော့!! ဟောဟဲ မင်းလဲ မောနေပြီပဲ ""



"" မပြေးစေချင်ရင် ခင်ဗျားတို့လဲ မလိုက်ခဲ့နဲ့တော့လေဗျာ !! ""


"" လိုက်...လိုက်ချင်လို့ လိုက်နေတယ်များ ထင်နေလား ဟောဟဲ ""

If you......♡🖇️🐝Donde viven las historias. Descúbrelo ahora