part(2)

2.9K 55 2
                                    

(၂)
"ကြာ နင်မလိမ်တက်ဘဲမလိမ်စမ်းပါနဲ့ဟာ နင်ငိုနေတာလား"
Lucasကသိနေပြန်ပါပြီ။ကြာ ဘယ်လိုဖုံးကွယ်ဖုံးကွယ် မရတော့ပါ။
ကြာလည်း မျက်နှာကိုမော့လိုက်တော့မှ
Lucasကလည်း မျက်ရည်ဝဲနေသည်။
"ဟဲ့ နင် နင်ကဘာလို့မျက်ရည်ဝဲနေတာလဲ"
"မသိပါဘူး နင်ငိုနေရင် ငါလည်းငိုချင်တယ်"
Lucasအပြောကြောင့် ကြာဟက်ခနဲရယ်မိပါသည်။
"ကဲအဲ့လိုလေးဘဲ ပြုံးနေပါဟာ"
"နင်က ငါ့ကိုငိုအောင်လုပ်လိုက် ရယ်အောင်လုပ်လိုက်နဲ့ တကယ် ဘဲ"
"ဟင်းး ငါကဘယ်တုန်းကငိုအောင်လုပ်လို့လဲ ပြောစမ်းပါဦး"
"အခုလေ "
"ဟင်.."
"Lucasငါအိမ်နဲ့ပြဿနာတက်လာတာ ကလေ သူတို့ကငါ့ကို နိုင်ငံခြားကိုလွှတိနေလို့ဟ"
"အော် သိပြီ အဲ့တာ နင်အနိုင်ကျင့်လို့ရတဲ့ ငါနဲ့မတွေ့ရမှာစိုးလို့ ငါ့ကိုအခုလိုတွေပြောပြီးငိုပြ ချွဲပြနေတာမလား"
"ဟာ အစုတ်ပလုတ်ကောင် "
"ဟားဟား နာတယ်ဟ နင်ရိုက်ရင်"
"အခုမှဘဲ နင့်မျက်နှာလေးက အရင်လိုပြုံးတော့တယ်"
"နင်ကဘာမှမဖြစ်သလိုဘဲနော်Lucas ငါကအဝေးကြီးကိုသွားရမှာလေ နင်ကငါမရှိလေကောင်းလေ လား"
"မဟုတ်ပါဘူး အဲ့လို​တေ့ာလည်း ငါကနင့်ကိုအရမ်းလွမ်းနေရတော့မှာပေါ့"
"Lucas ငါမေးစရာရှိတယ်"
"အင်းမေးလေ"
"ငါ....ဘာမှမဟုတ် တော့ပါဘူး ဟာ"
ကြာမေးချင်သည့်စကားက lucasကြာ့အပေါ်ကို ဘယ်လိုသဘောထားလဲ ဆိုသောမေးခွန်းဖြစ်သည်။ကြာနင့်Lucasသည် သူငယ်ချင်း သာပြောတာ။
တစ်ယောက်ကိုတစ်ယောက် အလွန်ဂရုစိုက်ကြသည်လေ။အခြားသူငယ်ချင်းတွေကလည်း သူတို့နှစ်ဥိး ကိုဘယ်တော့ တွဲမှာလဲဟုစနောက်လေ့ရှိသည်။ ကြာလည်းသိချင်မိသည်။Lucasကြာ့အပေါ်ကို သူငယ်ချင်း ထက်ပိုသလားဆိုတာကိုပေါ့။
"ဟာ နင်ကလည်း ဘာလဲ ​ပြောပါ"
"ထားလိုက်ပါတော့ဟာ"
"ကြာ နင်အဲ့တာဆို နိုင်ငံခြားဘယ်တော့သွားရမှာလဲ"
"နောက်အပတ်တဲ့"
"ဘာ"
"ဒါ ဒါဆို "
"ဟုတ်တယ်lucasငါတို့ တွေ့ရမယ့်ရက်သိပ်မကျန်တော့ဘူး"
"ငါနင့်ကို အရမ်းလွမ်းနေရတော့မှာပေါ့နော်" lucasသည်ကြာ့၏မျက်ရည်များကို သူ့လက်ဖြင့်ဖယ်ရှားပစ်သည်။
"ငါနင့်ကိုချစ်တယ်ဆိုတာ မမေ့ပါနဲ့ကြာ"
"မမေ့ပါဘူး ငါလည်း နင့်ကိုအရမ်းချစ်ပါတယ် သူငယ်ချင်း လို"
ချစ်တယ် လွမ်းတယ် ဆိုသောစကားများသည် ကြာနှင့်Lucasကြားတွင်မဆနိးပါ။ အမြဲလိုလိုပြောနေကြသော စကားများဖြစ်ကြသည်။ အဲ့တာ​ေကြာင့်
သူငယ်ချင်းမကျ ချစ်သူမကျဆိုတဲ့ဆက်ဆံရေးဖြစ်နေတာပေါ့လေ"
"အဲ့ဒါဆို ငါသွားတော့မယ်လေ "
"ပြန်တော့မလို့လား ကြာရဲ့"
"အင်း "
ကြာအရမ်းခံစားရလွန်းလို့ တိုက်အောက်သို့ပြေးဆင်းသွားသည်။ ကြာ ခံစားရသောအကြောင်းမှာ Lucas ဘာကြောင့် ဖွင့်မပြောတာလဲ။သူမကို သူငယ်ချင်း တစ်ယောက်ထက်ပိုတယ်ဆိုတာပေါ့။ သူမရဲ့အထင်တွေဘဲမှားနေခဲ့တာလား။
-----------------------------
(၃)
မနက်ဖန် ဆက်တင်ပါမယ်..
Acc Followထားကြပါရှင်
Story updateအတွက်ပါ။

More Than Friend (Complete)Where stories live. Discover now