part 10

1K 21 0
                                    


"အော်...ကြာလာလေ "
"ဟင်..အော်အေး"
"သူက ငါပြောဖူးတဲ့ခြူးဆိုတာလေ ကြာ
ခြူးပန်းနွယ် တဲ့.."
ကြာ တစ်ချက်ကြည့်လိုက်သည်။
"အော် တွေ့ရတာဝမ်းသာပါတယ် မခြူးပန်းနွယ်... "
"ဟုတ်ကဲ့ မ...."
"ရွှေရောင်ကြာ ပါ.."
"ဟုတ်ကဲ့ မရွှေရောင်ကြာ.... "
"Lucas အဲ့တာဆို ငါသွားပြီ လေနော်."
"ကြာနင်.ခုမှရောက်တာမဟုတ်ဖူးလား ပြန်ပြီလား"
"အင်း နင့်တို့ အေးဆေးနေခဲ့ကြလေနော်.."
"အော် အေးအေး "
ခြူးက တစ်ချက်ပြုံး၍ နှုတ်ဆက်သည်။
ကြာလည်း ပြန်ပြုံးပြပြီးလှည့်ထွက်လာခဲ့သည်။
Lucasကတော့ ကြာဘာဖြစ်သွားပါလိမ့်ဟု တွေးနေလေသည်။
"ကို lucas... ကိုLucas... "
"ဟင်.."
"ဘာတွေ တွေးနေတာလဲ ဟင် ခြူးခေါ်နေတာကြာပြီ"
"အော် မဟုတ်ပါဘူး ကျွန်တော် အလုပ်ကိစ္စ စဥ်းစားနေတာပါ"
"အော်.. ဟုတ်ကဲ့ ဒါနဲ့ ကိုLucas... ခြူးတစ်ခုလောက်မေးလို့ရမလား "
"ဟုတ် မေးလေ..."
"ကို Lucasလည်ပင်းက ဆွဲကြိုးရဲ့နောက်တစ်ဖက်က...ခုနက ကောင်မလေးစီမှာပေါ့နော်.."
Lucasပြုံးမိသည်။
"ထင်တာဘဲ "
"ရှင်.."
"သူက ဝတ်ကောဝတ်ထားရဲ့သေးလားမသိပါဘူး ဒါမှမဟုတ် လွှင့်ပစ်ထားတာမျိုးလည်းဖြစ်ရင်ဖြစ်မှာပေါ့"
ခြူးက နားမလည်သလို အကြည့်ဖြင့်.....
"အော် ဟုတ်ကဲ့ ကိုLucasနဲ့ရွှေရောင်ကြာက တော်တော်ရင်းနှီးတဲ့ပုံဘဲ"
"အခုတော့ ဟုတ်ပါ့တော့မလား မသိပါဘူးခြူးရယ်.."
Lucas ကိုအားနာသွား၍ ခြူးလဲဘာမှတော့ဆက်မမေးဖြစ်ခဲ့ပါ။
ဘာလို့လဲ ဆိုတော့ Lucas မျက်နှာပျက်နေလို့လေ။
ခြူးသိပါတယ်
ကို Lucasက ခြူးအပေါ်  .....မဟုတ်သေးဘူး.......သူမကြိုက်လဲ ကြိုက်လာအောင် လုပ်လို့ရတာဘဲ......။
(ခြူးပန်းနွယ်)
ကြာရယ်......
နင်လုပ်ရက်တယ်ဟာ
ဘာလို့ ဒီဆွဲကြိုးကိုလွှင့်ပစ်ထားရတာလဲ
ငါ့မှာတော့ ......................
(Lucas)
ဘာလဲဟာ......
Lucasက ဘယ်မိန်းကလေးကိုမှ စိတ်မဝင်စားတဲ့သူပါ။
ဒါပေမယ့်အခုတော့ ခြူးပန်းနွယ်ဆိုတဲ့တဲ့တစ်ယောက် ကို......
Lucasရယ် ငါတို့သူငယ်ချင်းသံယောစဥ်တွေဘယ်ရောက်ကုန်ပြီလဲ...
ဆွဲကြိုး ကိုစမ်းမည်လုပ်တော့......
"ဟင်...ဆွဲကြိုး ဘယ်ရောက်သွားလဲ
ဟာ သေပွီ..."
အမှန်တော့ ကြာ ဆေးရုံကော်ရစ်ဒါတွင်ဆွဲကြိုးကျကျန်ခဲ့ခြင်းကို မသိခဲ့ပါ။
အဲ့တာကို Lucasက ဆွဲကြိုး ကိုကောက်ရ၍ လွှင့်ပစ်လိုက်သည်ဟုထင်သွားခြင်းဖြစ်သည်။
  ကြာ ဆေးရုံကြမ်းခင်းတွေကို ငုံ့၍ လိုက်ရှာသော်လည်းမတွေ့ပါ။
  "ဒါလား..."
  သူမနောက်မှ အသံတစ်ခု..
Lucasအသံ...
"ဟင် ဟုတ်တယ် ငါပျောက်...."
ကြာလှမ်းယူမည်လုပ်တော့...
Lucasမပေးပါ။
အနောက်သို့တစ်လှမ်းထပ်ဆုတ်လိုက်သည်။
"Lucas. ."
"ဟင်...ဘာလဲ "
"ပေး.."
"ဟင့်အင်း မပေးဘူး မလိုချင်လို့ လွှင့်ပစ်ထားတာမလား ဒီအမှိုက်က နင့်အတွကိ ဘာသုံးရမလဲ မလိုချင်ပါနဲ့တော့ဟာ နင်မှမလိုအပ်တာ... "
"ဟင်..မဟုတ်သေးဘူး လေ...ငါက..."
"တော်ပါတော့ ငါနဲ့လာလည်းမတွေ့ပါနဲ့တော့ကိုယ့်လမ်းကိုယ်လျှောက်ကြရအောင်"
  Lucasမျက်ရည်တွေဝဲနေပေမယ့်.....
ကြာ လည်းစကားတောင်မပြောနိုင်တော့သည်အထိ ငြိမ်သက်သွားရသည်။
"Lucasငါဘာလုပ်မိလို့လဲ နင်နဲ့ငါက အချစ်ဆုံးသူငယ်ချငိးတွေလေ ဘာလို့...ငါတို့က လမ်းခွဲရမှာ....ငါတို့က တစ်လမ်းထဲတူတူလျှောက်ရမှာလေ.."
"မဟုတ်တော့ဘူး အခု...ငါတို့ကြားမှာ ဘာ ကတိမှ မရှိတော့ဘူး "
ကြာမျက်ရည်တွေကျလာတော့သည်။
"နင်အထင်လွဲနေပြီနော်.."
"နင်က ငါ့ထက် သီဟအောင် ကအရေးကြီးတယ်မဟုတ်ဖူးလား ကြာ..အဲ့တာကြောင့်ဆွဲကြိုး ကိုလွှင့်ပစ်တာပေါ့ "
"ငါလွှင့်ပစ်တာမဟုတ်ဘူး ငါကျပျောက်တာ"
"အင်းလေ နင့်အတွက်အရေးမကြီးတော့ ကျပျောက်တာတောင်မသိတာနေမှာပေါ့"
"မဟုတ်ပါဘူး ငါတစ်ကယ်.."
"ငါတို့ ကိုယ့်လမ်းကိုယ်သွားကြတာပိုကောင်းမယ် ရွှေရောင်ကြာ "
ကြာမျက်ရည်တွေ တစ်စက်ပြီးတစ်စက်ကျလာသည်။
"Lucas နင်ဘာဖြစ်တာလဲ.. ဘာလို့ဒီလိုလုပ​်နေတာလဲ ဆေးအရှိန်ကြောင့်လား"
"မဟုတ်ဖူး ငါအကောင်းကြီး... နင်နဲ့ ဆက်ပြီးသူငယ်ချင်းမဖြစ်ချင်တော့လို့"
"ဟင်...ငါဘာလုပ်မိလို့လဲ ငါတို့က အကောင်းဆုံး သူငယ်ချင်း တွေလေ ဘာလို့သူငယ်ချင်းမဖြစ်ချင်...ငါနင့်ကို အော်မိလို့လား.ငါ...ငါ.....ဘာလုပ်မိလို့လဲ"
"မသိနဲ့ဟာ မသိနဲ့ အဲ့Friend Zoneထဲမှာနေနေလိုက်..."
"ဟင်...နင်ကငါ့ကို..."
"ဟုတ်တယ် ကြာ"
Lucas ကြာ့ပုခုံးနှစ်ဖက်ကို ဆုပ်ကိုင်လိုက်ရင်း...........
"ဟုတ်တယ် ငါနင်နဲ့သူငယ်ချင်းမဖြစ်ချင်တော့ဘူး... ဒါကိုနင်သိရဲ့လား"
"ဟင်..."
"ငါနင့်ကို သူငယ်ချင်း ထက်ပိုတာနင်သိရဲ့လားကြာ...."
"ဒါ...ဒါပေမယ့်.."
"ဘာဖြစ်လဲ... ဟမ်..."
"ငါတို့က.....ငါတို့....က... အချစ်...အချစ်ဆုံးသူငယ်ချင်းတွေလေ...ဟိုလိုမျိုး မဖြစ်နိုင်ဘူး Lucas"
"ဘာလို့မဖြစ်နိုင်ရမှာလဲ "
"ဘာလို့လဲဆိုတော့ ငါတို့သာ ချစ်သူဖြစ်သွားရင် အရာရာက ပြောင်းလဲသွားမှာ"
Lucasကြာ့ကိုလွှတ်လိုက်သည်။
"ဒီအတိုင်း ဘဲကောင်းပါတယ်ဟာ... ငါဒါတွေမကြားခဲ့ဘူးမှတ်လိုက်မယ်lucas"
အဲ့စကားတွေ ကြာငိုနေသည့်ကြားထဲရအောင် ပြောထွက်သည်။
"အေးပါ ငါတို့ ထပ်မတွေ့ကြရအောင် "
Lucasစိတ်ပျက်သွားသည့်ပုံစံမျိုးဖြင့်။
Lucasသူ့လည်ပင်းက ဆွဲကြိုးကိုပါဆွဲ ဖြုတ်လိုက်သည်။နောက်တော့ လက်ထဲက ကြာ့ရဲ့ဆွဲကြိုးကိုပါ နှစ်ခုလုံးကို ပစ်ထုတ်လိုက်သည်။
"Lucas. .မသွားပါနဲ့..."
ကြာLucas၏ လက်ကိုဆွဲထားသည်။
Lucasက ဖြုတ်ချလိုက်သည်။
ကြာကတော့ ဆွဲကြိုးနှစ်ကုံးကို လိုက်ကောကိ၍ ငိုကြွေး၍သာကျန်နေခဲ့သည်။
ထိုမြင်ကွင်းကို မြင်သူက.
ခြူး.........။
Lucasလည်းမျက်ရည်များဖြင့် သူ့အခန်းသို့ပြန်လာခဲ့သည်။
"ကို.Lucas"
ခြူးက စောရောက်နေခြင်း။
"အော် ခြူး မပြန်သေးဘူးလား "
"ကို Lucasကို ခြူး ပြောဖို့အချိန်ကျပြီထင်တယ်"
"ဗျာ..."
"ခြူးတို့ဆယ်တန်းတုန်းက တွေ့ဖူးတယ်ဆိုတဲ့ကိစ္စ ခြူးပြောဖို့အချိန်ကျပြီ"
"ကျွန်တော်... "
"ဒါကိုသိလား...ဒီသော့ချိတ်လေး"
Lucasကြည့်လိုက်တော့မှ......
"ဟမ်.ဒါ...ဒါက...ဒါဆို..."
"ဟုတ်တယ် မှတ်မိပြီလား"

To Be Continued!

More Than Friend (Complete)Where stories live. Discover now