Part(5)
စားသောက်ဆိုင်တစ်ခုတွင် ..........
"ကြာ မှာချင်တာမှာနော် ကျွန်တော့်ကိုအားမနာပါနဲ့"
"ဟုတ် ရပါတယ် ကိုသီဟအောင် "
"တကယ်တော့လေ ကျွန်တော် ကြာ့ကို သိတာကြာပြီ"
"ရှင်..ဟုတ်လား.. "
"အဲ့တုန်းက မြန်မာနိုင်ငံသားမှန်းမသိခဲ့ဖူး"
"အော် ဟုတ်ကဲ့ "
"ဒါနဲ့ ကြာက သူငယ်ချင်း တွေဘာတွေသိပ်မရှိဘူးထင်တယ်"
"ဟုတ်တယ် ကိုသီဟအောင် ကြာ့မှာသူငယ်ချင်းဆိုလို့ Lucasတစ်ယောက်ဘဲရှိတာလေ"
"lucas. .ယောက်ျားလေးလား"
"အင်း ဟုတ်တယ် Lucasနဲ့ကြာက အချစ်ဆုံး သူငယ်ချင်း တွေလေ "
"အော်.."
"ကိုသီဟအောင် ကရော".
"ကျွန်တော်ကတော့ သူငယ်ချင်း များတယ်ဗျ ငါးယောက်အထက် လောက်ရှိတယ် ဒီမှာခင်နေတာ"
"အော်.."
"ကြာ့ကိူ သူတို့နဲ့မိတ်ဆက်ပေးမယ်လေ "
"ရှင်..ကြာတို့က နောက်ထပ် တွေ့နိုင်ပါဦးမလား"
"အော် ကြာကလည်း တစ်ကျောင်းထဲဘဲလေ မတွေ့စရာမှမရှိတာ အော်ဒါနဲ့ ကြာ့Instagram accလေးပေးပါလား"
"အော် ဟုတ်ကဲ့ ရွှေရောင်ကြာ ပါဘဲရှင် ကြာ့ပုံနဲ့ပါဘဲ"
"ဟူတ် ကျွန်တော် follow ထားလိုက်မယ်နော် ပြန်လက်ခံပေးဥိး". "
"ဟူတ်ကဲ့ "
"ကျွန်တော်တို့ပြန်ကြမလား ထိုင်နေတာလည်းကြာြပီလေ "
"ဟုတ် ကြာကိုယ့်ဘာကိုယ်ပြန်ပါမယ် "
"မဟုတ်တာ ကျွန်တော်လိုက်ပို့ပေးပါမယ်"
"ရပါတယ် ဒီလောက်နဲ့တငိ ကျေးဇူးအများကြီးတင်ပါတယ် "
"အာ..ဟို.."
"ကြာပြန်ပြီနော် "
"အော် ဟုတ်ကဲ့. "
"ကြာ... ဟိုလေ.."
"ဟုတ် ပြောပါရှင့် "
"တစ်ပတ်ခါ ...အာ....မဟူတ်ဖူး ဟို...မနက်ဖန် ကျောင်းမှာတွေ့ကြမယ်နော် "
"အော် ဟုတ်ကဲ့ တွေ့ကြတာပေါ့ သွားလိုက်ပါဦးမယ် နော်"
"ဟုတ်ပါပြီ ဂရုစိုက်ပြန်ပါ ကျွန်တော်က လိုက်ပို့ပေးချင်ပေမယ့် ကြာက မပို့စေချင်တော့......"
"မဟုတ်ရပါဘူး မပို့စေချင်တာ မဟုတ်ရပါဘူး ကြာ ဒီနားက တစ်နေရာသွားစရာရှိနေလို့ပါ"
"အော် ဟုတ်.. .ဟို.....ညကျရင် ဖုန်းခေါ်လို့ရမလား Igကနေ...."
"အာ.."
"ဟို...ကျွန်တော် စကားမှားသွား..."
"ရပါတယ် ခေါ်လိုက်ပါ ကြာလိုင်းရှိနေပါ့မယ်"
သီဟအောင်မျက်လုံးတွေ အရောင်လတ်သွားသလိုပင်။
"တာ့တာနော် ကိုသီဟအောင် "
"တာ့တာပါ"
ကြာဆိူင်ထဲမှပြန်ထွက်လာသည်နှင့်အမျှ အပြင်ရောက်မှ ဘာတွေ သဘောကျမိမှန်းမသိအောင်ရယ်မိပါသည်။
"ငါဘာဖြစ်နေတာပါလိမ့် ဒါတွေ Lucasကိုပြောြပမှဘဲ..ဟီး"
Lucasကတော့ တစ်ဖက်တွင်အလုပ်ရှုပ်နေသည်။
Lucasအမေ ဖုန်းဆက်သည်။
"Lucas သား မာမီတို့ဆီတောင်မလာနိုင်တာ ဘာတွေများအလုပ်ရှုပ်နေလို့လဲဟင်"
"မာမီ ခဏလေး ကျွန်တော် အလုပ်များနေလို့ နောက်မှပြန်ဆက်လိုက်မယ်နော်"
"အော်အေးအေး "
Lucasဖုန်းချသွားသည်နှင့်တစ်ပြိုင်နက်
Lucasအမေ သူ့့သားအတွက် စိတ်ပူနေမိသည်။
"အမြဲဒီအလုပ်ကိစ္စတွေဘဲရှုပ်နေတာဘယ်တော့များမှရည်းစားရမလဲမသိဖူး သားနဲ့တော့တကယ်"
"ဟေ့ ဘာတွေပြောနေတာလဲ တစ်ယောက်ထဲ "
Lucasအဖေ ဖြစ်သည်။
"အမယ်လေး ရှင့်သားပေါ့ အလုပ်ရှုပ်နေတယ်ဆိုတာကြီးဘဲ "
"အော် သားက အလုပ်မအားလို့နေမှာပါ"
"ဒါပေမယ့်လည်း ရှင့်သားက အခုထိ ကောင်မလေးတောင်မရှိသေးဘူး ကြာရင် အဲ့လို...ဟင်းး.မဖြစ်သေးဘူး တစ်ယောက်ယောက်နဲ့ Dateလုပ်ခိုင်းရမယ်"
"မင်းကလည်း ကွာ သားသဘောကိုမေးပါဦး သားမှာသဘောကျရမယ့်သူရှိနေရင် ဘယ်လိုလုပ်မလဲ"
"တော်ပါ သားက သူ့အလုပ်နဲ့သူ သဘောကျရတဲ့သူရှိမှာမဟုတ်ဖူး ကျွန်မ မစီစဥ်ပေးရင်လေ ဒီတစ်သက် ရှင့်သား အိမ်ထောင်ကျတော့မှာမဟုတိဘူး"
"မသိဘူး မင်းဘာသာ ကြည့်လုပ်တော့ မင်းကလည်းအခုဆို အခု ဇွတ်.."
"ရှင်မသိလည်းမပြောစမ်းပါနဲ့ ကျွန်မဘာသာ လုပ်မယ်"
"အေးလုပ် မပြောဘူး "
Lucasအဖေလည်း သတင်းစာကိုင်ပြီး အပေါ်ထပ်သို့ ပြန်တက်သွားသည်။
"ဟယ်လို... မကြည်လား"
"ဟယ် မစိမ်း မလား အခုပြောနေတာ"
"ဟုတ်တာပေါ့ မကြည်ရယ်
မကြည် တိူ့ဆိုင်အခြေအနေ ကြားပါတယ်နော် အရောင်းတွေသွက်နေတာ"
"အမယ်လေး အဲ့တာသမီးကြောင့်ပေါ့
သမီးဦးစီးလို့လေ အဲ့Galaxy ကျောက်မျက်ရတနာဆိုင်က သမီးနဲ့လွှဲထားမှအဆင်တွေပြေနေတာ ဒါနဲ့မစိမ်းသားလေး Lucasရော".
"အမယ်လေး သားကလည်းလေ ရှုပ်လိုက်တဲ့အလုပ်ဆိုတာ သူ့ကိုယ်ပိုင်ချိန်တောင်မရှိဘူးလေ "
"မစိမ်းတို့များကံကောင်းလိုက်တာနော် သားလေးက ချောလည်းချော ပညာလည်းတက်နဲ့ .."
"ဒါပေမယ့် လည်း သားကအခုချိန်ထိရည်းစားတစိယောက်မှမရှိဖူးလေ"
"ဟယ် မစိမ်း တူလိုက်တာ ဒီမှာ သမီးရောဘဲလေ အလုပ်ဘဲအာရုံရနေတာ"
"မစိမ်းတို့အားရင် လာလည်ကြဦးလေ"
"ဒါပေါ့ မကြည် လာလည်မှာ စိတ်ချ သားကိုပါခေါ်လာခဲ့မယ် "
"ကောင်းသားဘဲ ဒီပိတ်ရက်လာခဲ့ကြ သားနဲ့သမီးကိုမိတ်ဆက်ပေးလို့ရတာပေါ့"
"ဟုတ်ပါ့"
ညသို့ရောက်သော်.........
"ဟယ်လို မာမီ ". "
"သားရယ် အခုမှဘဲအသံကြားရတော့တယ်"
"ဟူတ်တယ်မာမီ ဒါနဲ့နေ့လည်က ဖုန်းဆက်တဲ့ကိစ္စ ပြောပါဦး"
"အော် မာမီတို့ဒိအပတ် ပိတ်ရက် Sunday အိမ်တစ်အိမ် သွားစရာရှိတယ်"
"ဘယ်အိမ်လဲမာမီ"
"သားတော့မှတ်မိမယ်မထင်ဖူး အန်တီကြည်တို့အိမ်လေ"
" ဟုတ်လား မမှတ်မိဘူး မာမီ အဲ့တာ.."
"သားလိုက်ခဲ့ရမယ်..".
"ဟာ မာမီ ဒါပေမယ့်... အဲ့နေ့က သား မပြီးသေးတဲ့အလုပ်တွေ လက်စသတ်...."
"မရဘူး သား မာမီက လိုက်ဆို လိုက် အဲ့နေ့ မနက် 10နာရီခွဲ မာမီတို့အိမ်ကိုလာခဲ့ ဒါဘဲ"
ဖုန်းချသွားသည်။
"ဟယ်လို မာမီ...ဟာ...တကယ်ပါဘဲ ဘယ်အိမ်ကိုလိုက်ရဦးမှာလဲမသိဖူး"
ထိုအချိန်တွင်..........
"အမယ် မယ်မင်းကြီးမ ပေါ်လာသေးတယ်". "
"ဟာ Lucasနင်ကလည်း.."
"ကြာ နင်ဘာလို့လိုင်းမတက်တာလဲ မနေ့က"
"ဟဲ ဟဲ..".
"အမယ် အသံကြီးက ကဲ ကဲVoice callဘဲခေါ်တယ်နော် မရဘူး Cameraဖွင့်..... အဲ့အသံနဲ့ြဖစ်နေတဲ့မျက်နှာ မြင်ချင်လို့ "
"ကဲဖွင့်ြပီ ရြပီလား ကိုLucas"
"အမယ် ကြာ နင်ဘာတွေပျော်နေတာလဲ အဲ့လောက်တောင်.."
"ဟီးဟီး မပြောပါဘူး".
"ဟ မပြောဘဲ ဘာလို့ဖုန်းခေါ်သေးလဲ အရူးမလေးရဲ့"
"ပြောမှာပေါ့ ဟ ခဏလေးပါ ငါ......ရှက်တယ်..ဟ"
"ဟ အလာကြီးပါလား ဘာကိစ္စမို့လို့ နင်အဲ့လောက်ဖြစ်နေတာ.."
"Lucas. '"
"အေး"
"ဟို..."
"ပြောလေ. "
"ငါလေ..."
"အေး"
"ဟို...ဟာ မဟုတ်တော့ဘူး "
"ဟာ အရူးမ ပြော ပြောနော် ကြာ"
"ငါလေ..ငါ့ကိုမဆူဘူးမလား"
"နေပါဥိး နင်ကဘာအပြစ်တွေကျူးလွန်ထားလို့လဲ ကြာ"
"အပြစ်တော့ မဟုတ်ပါဘူး "
"ကဲပြောပါ".
"အဲ့တာဆို ပြော ပြီနော် ငါသဘောကျနေတဲ့သူရှိနေပြီထင်တယ်"
"ဟငိ..."
Lucas ဘာဖြစ်သွားမှန်းမသိအောင် တုန်လှုပ်သွားရသည်။
နောက်ပြီး မျက်ရည်လည်းဝဲလာသည်။
ထိုမြင်ကွင်းကို "ကြာ" မြင်သွားမည်စိုးရိမ်သဖြင့် ချက်ချင်း camera ပိတ်လိုက်သည်။
"ဟာ နင်ကဘာလို့ Cameraပိတ်တာလဲ Lucas"
"မဟုတ် မဟတု်ပါဘူး မီး..မီးပျက်သွားလို့ မှောင်နေလို့ ပိတ်လိုက်တာ"
ဘာမီးမှမပျက်ပါ။
"အော် အေးအဲ့တာ ငါသူ့ကိူ လေ..အဲ့တစ်ယောက်က ငါ့ကိုလည်းသဘောကျနေပုံဘဲ အဲ့တာ.."
"ကြာ နင်နဲ့သူနဲ့ဘယ်တုန်းကတွေ့တာလဲ
ဘယ်လိုတွေ့တာလဲ
သူက နိုင်ငံခြားသားလား
နင်တို့ ချစ်သူဖြစ်နေပြီလား
နောက်ပြီး နင်တို့.နမ်းပြီးပြီလား
အဲ့ကောင်က နင့်ကိုတကယ်ချစ်လို့လား
သူက လက်ထပ်မယ်တွေရော ပြောလား
နင့်ကို သူကဟာ တကယ်မဟုတ်ရင်ရော အဲ့ကောင်က..ဟာတကယ်လို့......."
"ဟဲ့ ဟဲ့Lucas ဘာတွေပြောနေတာလဲ နင်ပြောတာတွေတစ်ခုမှမဟုတ်ဖူး ဖြည်းဖြည်း ချင်းမေးပါဟယ် နင်အသက်တောင်ရှုရဲ့လား "
အဲ့တော့မှ Lucasလည်း ပြန်သတိဝင်သည် ငါပြောတာတွေများသွားလားဆိုပြီး။
"သူ့နာမည်က သီဟအောင် တဲ့ မြန်မာဘဲ
ပြီးတော့ တစ်ကျောင်းထဲ မေဂျာလည်းတူတူဘဲ"
"အော်.."
ခပ်တိုးတိုးလေး ရယ်။
Lucasအသံတောင်မထွက်နိူင်တော့ပါ။
"သူနဲ့ငါ မတော်တဆ တွေ့တာ ငါကသူ့ကားနဲ့ဝင်တိုက်မိရင်း သူကဆေးရုံလိုက်ပို့ တာ အဲ့ကနေမှ မြန်မာအချင်းချင်းသီသွားတော့ မနက်စာ သွားစားကြ Ig accအပ်ကြနဲ့ အခုတော့ ကျောင်းမှာနေ့တိုင်း တူတူရှိနေတယ် ဟဲဟဲ"
"ဟုတ်လား.. "
"အင်း ငါလေ သူနဲ့စကားပြောရင်တစ်မျိုးဘဲ သူ့အကြည့်တွေကိုမရင်ဆိုင်ရဲဘူး ဟ"
"အင်း ကြာ ငါနားတော့မယ် အဲ့တာဆို..".
"ဟဲ့ငါပြောလို့မပြီးသေး..... "
"ငါအလုပ်တွေပင်ပန်းလာလို့ပါ Sorryနော် ငါအိပ်မှရတော့မယ်"
"အာ ဟုတ်လား အေးပါအေးပါ အိပ်အိပ်"
Lucasတစ်ယောက် ငြိမ်ကျသွားသည်မှာဘာရယ်ကြောင့်မှန်းမသိ။
ဆက်၍ လည်း စကားတောင်မပြောနိုင်တော့သည်အထိ ။
အဲ့ညက မသောက်ဘဲ မူးတဲ့ည။
ကြာဖုန်းချသွားပြီးနောက် Lucasသူ့အိပ်ခန်းထဲရှိ ပစ္စည်း များအား ကိုင်ပေါက်သည့်ဟာကိုင်ပေါက် လွှင့်ပစ်သည့်ဟာ လွှင့်ပစ်နှင့်....ဝုန်းဒိုင်းကြဲထားသည်။
အခန်းတစ်ခန်း လုံးရှုပ်ပွနေအောင် လိုက်ဖွမိနေသည်။
ပြီးတော့ မျက်ရည်တွေကလည်း
ဘာကြောင့်မှန်းမသိကျဆင်းနေသည်။
ထိုညက အချိန်အခါမဟုတ် မိုးတွေကလည်းသန်းထည်စွာရွာလာသည်။
Lucasစိတ်ထဲ ဘယ်လိုမှနေလို့မကောင်းခဲ့ပါ။
At Sunday......
"မာမီ မာမီရေ ကျွန်တော်ရောက်ပြီ။"
"အော်အေးသား အဆင်သင့်ဖြစ်ရင်သွားကြမယ် လေ "
"ဒယ်ဒီကရော.... "
"သား ဒယ်ဒီက သူ့သူငယ်ချင်းတွေနဲ့ချိန်းထားလို့ မလိုက်နိုင်ဘူးတဲ့လေ"
"အော် ဟုတ်ကဲ့ အဲ့တာဆို အခု သွားကြမှာလား "
"အေးသွားကြမယ်လေ "
"လာ မာမီလာ ကားပေါ်တက်"
တစ်ဖက်တွင်လည်း..........
"သမီး ဒီနေ့ဆိုင်မသွားနဲ့တော့"
"ဟင် ဘာဖြစ်လို့လဲ မေမေ"
"ဒီနေ့ ေမမေတို့စီဧည့်သည့်တွေလာမှာ"
"ဟယ်..ဟုတ်လား ဘယ်သူတွေလာမှာလဲ မေမေ".
"မေမေ့ မိတ်ဆွေ တို့မိသားစု"
"အော်..သမီးက ဘာလိူ့ရှိနေပေးရမှာ..."
"သမီးကလည်း တစ်ရက်တစ်လေဘဲဆိုင်မှာ ဝန်ထမ်းကောင်မလေးတွေလည်းရှိနေတာဘံ ဒီတစ်ရက်တော့ ဆိုင်မသွားပါနဲ့တော့.. "
"ဟုတ် အဲ့တာဆိုလည်း မသွားတော့ပါဘူး အဝတ်အစားသွားပြန်လဲလိုက်ဦးမယ်."
"သမီး ခြူးပန်းနွယ် မလဲနဲ့တော့လေ ဧည့်သည်တွေလဲလာမှာဆိုတော့.."
"အော်.. ဟုတ်ဟုတ်"
ခြူးပန်းနွယ် စိတ်ထဲ တစ်မျိုးတော့ဖြစ်နေသည်။
မေမေက ဘာလို့ အတင်းကိုဆိူင်မသွားစေချင်ရတာလဲ အဲ့ဧည့်သည်တွေနဲ့ငါ့ကိုဘာလို့အရမ်းတွေ့စေချင်နေပါလိမ့်။
တီ..တီ..ကားဟွန်းသံ။
"အော် သမီးရေ ကားဟွန်းသံကြားတယ် သူတို့လာပြီထင်တယ်"
"ဟုတ်"
"မအေးရေ.."
"ရှင် မမကြီး "
"ဟိုမှာ ခြံတံခါးသွားဖွင့်ပေးလိုက်ဦး ကားဝင်လို့ရအောင်"
"အော် ဟုတ်ကဲ့ "
မအေးဆိုသည်မှာ ခြူးပန်းနွယ် တို့အိမ်၌ အိမ်အကူတစ်ယောက်ဖြစ်သည်။
Lucas ကားခြံတွင်းသို့ဝင်လာသည်။
ထို့နောက်.....
"မစိမ်း ဟယ် မတွေ့တာကြာလို့လား နုနေတာဘဲ "
"အမယ်လေး မကြည်ကပိုနုနေတာပါနော် "
"ဒါနဲ့ သားလေးလား မစိမ်း."
Lucasတစ်ချက်ပြုံးပြသည်။
"ဟုတ်တယ်လေ မကြည်.. "
"ဟယ် ချောလိုက်တာ သားလေးက မစိမ်းနဲ့တူလို့ချောတာဖြစ်မယ်"
Lucasရယ်မိပါသည်။ သိူ့သော် မလိုက်ချင်ဘဲ လိုက်လာရသည်ဖြစ်၍ အသက်မပါသော အပြုံးများဖြင့် သာ။
"ကဲ လာအိမ်ထဲဝင်ကြ"
"အဲ့တာဆို မာမီတိူ့သွားနှင့် ကျွန်တော် ကားသော့ခတ်ပြီး လိုက်လာခဲ့မယ်"
"အော်အေး"
တကယ်တော့ Lucas အိမ်ထဲလိုက်မဝင်ချင်လို့ ခဏနေခဲ့ခြင်းြဖစ်သည်။
ဧည့်ခန်းထဲသို့အားလုံးဝင်သွားကြသည်။
ထို့နောက် ဧည့်ခန်းထဲမှ ထိုင်နေသူ ခြူးပန်းနွယ် ကမတ်တပ်ရပ်ကာ နှုတ်ဆက်သည်။
Lucasက ကားသော့ခတ်၍ ကျန်နေခဲ့ခြင်းကြောင့် သူတို့နှစ်ဥိး မဆုံကြသေး။
ဆုံဖြစ်မှ နှစ်ဦးသားအံ့အားသင့်ကြမှာအသေအချာ။
"ဟယ် သမီးလေးက မကြည်သမီးလေးလား တော်တော် အရွယ်ရောက်နေပြီဘဲ"
"အမယ်လေး မစိမ်းကလည်း ငယ်သွားတာမှမဟုတ်တာ "
ဟားဟား
"ကဲထိုင် မစိမ်းရေ..ဘာစားမလဲ"
"မစားတော့ပါဘူး ကိုယ့်သူငယ်ချင်း ကိုတွေ့ချင်လို့လာတာပါနော် "
"ဟုတ်ပါပြီ အအေးတော့သောက်ပါဦး"
ထို့နောက် မအေးက အအေးလေးခွက်လာချသည်။
Lucasလည်း ဧည့်ခန်းထဲသိူ့ဝင်လာသည်။
ထို့နောက်....
"မင်း"
"ရှင်."
Lucasနှင့်ခြူးပန်းနွယ် နှစ်ဦးသားပြိုင်တူရွတ်ဆိုမိခြင်း။
အမေနှစ်ယောက်ကလည်း အံအားသင့်စွာ သူတို့က သိနေကြတာလား ဟုတွေးမိသည်။
To be continued!
YOU ARE READING
More Than Friend (Complete)
Romance**Complete** မနီးစပ်ခဲ့ကြရင်လည်း အဝေးဆုံးဘဲပြေးထွက်လိုက်တာကောင်းမယ်။ မပိုင်ဆိုင်နိူင်မှန်းသိရင် လည်းလက်လျှော့ပစ်လိုက်ဖို့ကောင်းမယ်။ -Lucas ငါတို့ဟာဘာတွေများကြောက်နေခဲ့ကြတာလဲ? ချစ်လိုက်ကြဖို့ဘာတွေများတွန့်ဆုတ်နေခဲ့တာလဲ? အဲ့ဒီမေးခွန်းကိုမေးဖို့တောင်...