"သတိရလာပြီလား တော်သေးတာပေါ့"
ပြောပြောဆိုဆို နှင့်တစ်ခါတည်း သိမ်းကျုံး၍ ဖက်လိုက်သူက ရွှေရောင်ကြာ ။
"ဟဲ့ ငါ..ငါအသက်ရှုကျပ်နေပြီ လွှတ်ဦး ကြာ"
"အေးပါ တော်ပါသေးတယ်"
"ဟာ ကြာ ဘာလို့ ငိုနေတာလဲ"
"Lucasရယ် ဘယ်အချိန် တည်းက.ဒီကိုရောက်နေတာလဲ"
"မနေ့က.."
"ဘာလို့ငါ့ကို ဖုန်းမဆက်...မဟုတ်ဖူး ဘာလို့ ငါ့ကို မပြောတာလဲရောက်နေတာ"
"ငါကနင့်ကို surpriseဖြစ်စေချင်လို့ပါဟာ ဒီနေ့နင့်မွေးနေ့လေ "
"ဟဲ့ ရူးနေလား အခုလို ဆေးရုံထိရောက်နေတာတောင်ငါ့ကို ဂရုစိုက်နေသေးတာလား ဟမ်..နင်ကိုယ့်နင်ပြန်ကြည့်ဥိး"
"ငါရပါတယ်..."
"ဘာရတာလဲ ဟမ်...သေ သွားရင်ဘယ်လိုလုပ်မလဲ ရူးနေလား "
"ဆူပါ ဗျာ စိတ်ကြိုက်ဆူပါ ဒေါ်ရွှေရောင်ကြာ "
". ....."
ကြာဘာမှမပြောဘဲ ငိုသာငိုနေပါတော့သည်။
"ကြာ ဘာလို့ငိုနေတာလဲ ငါမသေပါဘူးဟ"
"နင့်ကြောင့် ငါရူးတော့မယ် သိလား Lucas"
"အေးပါ ငါတောင်းပန်ပါတယ် ဒါနဲ့ မြန်မာ ပြည်က ငါ့မိဘတွေကိုအကြောင်းကြားလိုက်သေးလား ဒီကိစ္စ"
"ဟာ ဟုတ်သားဘဲ .... ငါအခု အန်တီတို့ကို ဖုန်းဆက်လိုက်မယ်"
"ဟာ မဆက်နဲ့.."
"ဟမ် ဘာလို့.."
"ငါလည်းဘာမှမဖြစ်တော့ဘူးလေ... "
"ဆိုတော့ ငါက ဒီကိစ္စကို ဖုံးကွယ်ပေးရမှာလား ရူးနေလား Lucas"
"ဟာ လန့်လိုက်တာ ဖြည်းဖြည်း ပြောပါ"
"တောင်းဆိုပါတယ် ကြာရယ် ငါအက်ဆီဒင့်ဖြစ်တာ နင်ဘဲသိပါ အခြားဘယ်သူ့ကိုမှ မပြောပါနဲ့ နော်"
"ရူးနေပြီ နင်လုံးဝရူးနေပြီ ငါနင့်ကို သတ်ပစ်ချင်တယ်နော်..lucas နင့်ကိုသာ ဆုံးရှုံးရရင်ငါတော့......"
ကြာတစ်ခါတည်းငိုချတော့သည်။
"အာ...ကြာရယ် မငိုပါနဲ့ဟာနင်ကလည်း နင့်မွေးနေ့လေ ပျော်ပျော်နေ ပါ ပြီးတော့ နင်လက်ထပ်ခွင့်တောင်းခံရတဲ့နေ့လဲဟူတ်တယ်လေ ပျော်ပျော်နေပါ ငါ့ကြောင့်နဲ့ ငိုမနေနဲ့"
"Lucas နင်ဟာ...ဘာလို့ ကားတိုက်ခံရအောငိ ထိ ကိုယ့်ကိုယ်ကိုယ် ဂရုမစိုက်ရတာလဲ".
အော် တစ်စုံတစ်ယောက်ပျော်နေတာငေးကြည့်မိပြီး....မဟုတ်သေးဘူး..ကိုယ်ကမင်းရဲ့အချစ်ဆုံးသူငယ်ချငိးက လွဲပြီးဘာမှဖြစ်ခွင့်မရှိတဲ့သူမှန်းသိလိုက်ရတဲ့အခါ ကိုယ့်ရင်တွေကွဲခဲ့ရလို့ပါ ကြာ.......
ီစကားသံလေးLucasရင်ထဲခပ်တိုးတိုးလေး ညဉ်းနေမိသည်။
"Lucasရယ်ဘာလို့ ဒီလိုဖြစ်ရတာလဲ နင်သာမရှိရင် ငါသေမှာသိရက်နဲ့ ဘာလို့ဒီလောကိတောင်ကိုယ့်ကိုယ်ကိုယ်ဂရုမစိုက်ရတာလဲ နင့်ကိုသာဆုံးရှုံးလိုက်ရရင် ငါ့မှာ သူငယ်ချင်း မရှိတာနင်သိရက်နဲ့ ဟာ။
ငါ့ကို နားအလည်ပေးနိုင်ဆုံး ငါဆိုးတာ သည်းအခံနိူင်ဆုံး အနစ်နာခံပြီး ငါ့အပေါ်အရမ်းကောင်းတဲ့ သူငယ်ချင်း နင်သာမရှိရင်................"
ငိုပြန်ပါပြီ။
"ကဲ ကြာရယ် တိတ်ပါတော့ကွာ....ငါဘာမှမဖြစ်ဖူးလို့. "
ကြာ Lucasကို သိမ်းကျုံး၍ ဖက်လိုက်ပြန်သည်။
အော်...သူငယ်ချင်း တဲ့လား။
ကိုယ်မသိခဲ့ဖူး ကြာ။
အင်းလေ ကိုယ်ကမင်းအတွက် BFFတစ်ယောက်ပါဘဲ ကိုယ်ဒီနေ့သိလိုက်ရတာက ကိုယ်မင်းအပေါ်ကို သူငယ်ချင်းလို သဘောထားတာ မဟုတ်ဖူးဆိုတာပါဘဲ
Lucasရင်ထဲမှ စကားသံများပလုံစီနေအောင် Lucasအတွေးထဲထိ နယ်ကျွံ၍ ဝင်ရောက်လာသည်။
သီဟအောင် ကလည်း......
ကြာရယ် သူက မင်းBFFဆိုတာသိပါတယ် ဒါပေမယ့် ကိုယ့်ကို ပစ်ထားခဲ့ရလောက်အောင် သူကမင်း အတွက်သိပ်အရေးကြီးနေတာလား အစကတည်းက ကိုယ်မင်းကိုပိုင်နိုင်ရင်တောင် မင်းရဲ့နှလုံးသားကို အပြည့်အဝ မပိုင်နိုင်မှန်းကိုယ်သိပါတယ်။
မင်းပြောပြောနေတဲ့ Lucasဆိုတဲ့ မင်းရဲ့အချစ်ဆုံးသူငယ်ချင်းလောက် ကိုယ်ကအရေးမပါလို့ ဆေးရုံထိတောင်လိုက်ခွင့်မပေးတာလား
သီဟအောင် အိမ်ပြန်လာသည်။
ထိုအချိန် ဖုန်းဝင်လာသည်။
ကြည့်လိုက်တော့ ကြာ့စီကဖြစ်နေသည်။
"ဟယ်လို ကြာ.."
"ကို သီဟအောင် ကြာတောင်းပန်ပါတယ်နော် ကြာတို့နောက်မှတွေ့ကြမယ်နော် ပြီးတော့ ..ကြာ ကျောင်းလည်းတက်နိုင်မှာမဟုတ်လောက်ဖူး"
"အော် သူငယ်ချင်း ကသတိရလာပြီလား"
"ဟုတ် Lucasသတိရလာပါပြီ ဆရာဝန်တွေကလည်း စိတ်ချရတဲ့အခြေအေနရောက်နေပြီပြောပါတယ် ဒါပေမယ့် လေးငါးရက်တော့ဆေးရုံမှာနေရပါဦးမယ် "
"အော်... "
"အဲ့တာဆို ဒါဘဲနော် ကိုသီဟ..."
ဖုန်းချသွားလေပြီ။
သီဟအောင်ဘာမှတောင်မပြောလိုက်ရ။
တစ်ဖက်တွင် ခြူးက လည်း.........
ကို Lucasက အလုပ်ကိစ္စ နဲ့ သွားတာများလား ဒါမှမဟုတ်.... ဟာ မဖြစ်နိုင်ဖူး ကိုLucasမှာ ချစ်ရတဲ့သူရှိတယ်မှမကြားမိတာ တကယ်လို့များရှိနေရင်တောင် ငါက ဘာဂရုစိုက်ရမှာလဲ ငါက လိုချင်တာမရရအောင်ယူတက်တဲ့ မိန်းမဘဲ အဲ့တော့ အဆုံးမှာLucasကိုငါဘဲပိုင်ရမယ်
အတွေးမြောက်များစွာဖြင့်.....သူတို့လေးဦး။
"Lucas နင် ဘာလုပ်ချင်လဲ"
"ဘာကို လဲ ကြာ.."
"အော် နင်ဆေးရုံမှာ နောက်ငါးရက်လောက်ထပ်နေရဦးမယ်တဲ့နင်ပျင်းရင် "
"အော်ရပါတယ် ငါမပျင်းပါဘူး "
"အေးပါ နင်ပိုကောင်းလာရမယ်နော် "
"ကြာရယ် ငါဘာမှမဖြစ်ဖူးလို့... "
"အေးပါဟာ ငါ့ကြောင့်နဲ့... "
"ဟာ ဘယ်သူကနင့်ကြောင့်လိုပြောလို့လဲ"
"နင် ငါ့ကို Surprise လုပ်ချင်လို့ဖြစ်ရတာလေ နင်သာ ဒီကိုမလာခဲ့ရင်...နေဥိး ငါ့အိမ်မက်...အဲ့တာကြောင့်ငါစိတ်တွေလေးနေတာ ..."
"ဟမ်...ဘာအိမ်မက်လဲ"
"ဒီမနက် ငါအိမ်မက်မက်တယ် နင်နဲ့ပက်သက်ပြီး လုံးဝမကောင်းဘူး "
"အော် နင်စိတ်စွဲလို့..."
"မဟုတ်ဖူး အဲ့တာကြောင့်ငါ့စိတ်တွေလေးနေခဲ့တာ နင်တစ်ခုခုဖြစ်တော့မှာသိနေလို့"
"အေးပါ ငါအခုဘာမှမဖြစ်တော့ဘူး နင်လဲ ရေလေးဘာလေးပြန်ချိုးဦး နင့်ကိုကြည့်ရတာ ပင်ပန်းနေပြီ"
"အေးပါ နင်တစ်ယောက်တည်း ြဖစ်ပါ့မလား ဟာ....မဖြစ်ဖူး မပြန်တော့ဘူး .."
"ကြာရယ် ငါဘာမှမဖြစ်ဖူးလို့ "
"ဟာ ဘာမှမဖြစ်တဲ့သူက အဲ့လို ခေါင်းမှာ ပက်တီးစီးထားပြီး အိပ်ရာပေါ်လှဲနေရမလား"
"စိတ်မပုပါနဲ့ဆို... "
"ဘယ်လိုနေနိူင်မှာလဲ မရဘူး မပြန်ဘူး ဒါဘဲ ငါလည်းဒီနေ့ဒီမှာအိပ်မှာ"
"ဟာ ကြာ...နင်ကလည်းဟာ နင့်ကောင်လေးကိုဘယ်လိုလုပ်မလဲ သူ.."
"သူက ကိစ္စမရှိဘူး ပြီးတော့ငါ့ကောင်လေးလဲမဟုတ်ပါဘူး ...."
"ဒါပေမယ့် နင်ချစ်တယ်မလား "
ဒီစကားကိုပြောဖို့Lucasအကြိမ်ကြိမ်အားယူခဲ့ရသည်။
"ဒါပေမယ့်....တော်ပြီမပြောနဲ့ Lucas"
"ဟာ ဒါပေမယ့်.."
"မသိဘူး ဒီမှာအိပ်မှာလို့ပြောပြီးပြီ"
"အေးဟာ နင့်သဘောဘဲ နင့်ကောင်လေးနဲ့ပြသနာတက်ရင်ရော.."
"ဟာ ငါ့ကောင်လေးမဟုတ်ပါဘူးဆိုနေမှ ပြီးတော့ ...အခုက အဲ့အချစ်အကြောင်းတွေးပြီးစိတ်ပူရမယ့်အချိန်လား "
"အေးလေ ဒါပေါ့"
"ဟာ ကိုယ့်ရဲ့BFFတစ်ယောက်လုံး ဆေးရုံတက်နေရတာ ငါက သီဟအောင် နဲ့ချိန်းတွေ့နေရမှာလား"
"မသိဘူးလေ "
"နင့်အသံက ဘာဖြစ်တာ Lucas ဂျေဝင်နေတာလား"
"ဂျေ......ရူးနေလား ဘာလို့ငါက သဝန်တိုရမှာ"
"ဟား စတာပါဟယ် "
ညသို့ရောက်သော်...........
ကြာ မအိပ်နိုင်သေးပါ။
အခုချိန်ထိ Lucasကုတင်ဘေးမှာ ထိုင်နေသည်။
ပြီးတော့ နည်းနည်း ကြာလာတော့ အိပ်ငိုက်လာသည် ဖြစ်၍... Lucas ကုတင်ပေါ်ခေါင်းမှောက်ပြီး Lucasလက်ကို ကိုင်၍ အိပ်ပျော်သွားတော့သည်။
Lucasလည်း ဆေးအရှိန်ဖြင့်အိပ်မောကျနေသည်။
နံနက်မိုးသောက်ချိန် ကျော်လွန်၍ နေရောင်အနည်းငယ် ကြာ၏ မျက်နှာပေါ်ထိုးကျနေသည်။
တံခါးဖွင့်သံတစ်ခု....
နီးလာသော ခြေသံတစ်စုံ....
Lucasကြားသော်လည်းမျက်လုံးမဖွင့်နိုင်
"အော်..."
သီဟအောင် မြင်တွေ့လိုက်ရတာက ကြာက Lucasရဲ့လက်ကို ဆုပ်ကိုင်ပြီး lucasကုတင်ဘေး၌ ထိုင်လျက်အိပ်ပျော်နေခြင်း။
သီဟအောင် နည်းနည်း တော့ စိတ်မကောင်းဖြး်သွားသည်။သတင်းမေးရန်လာခဲ့သော်လည်း ပန်းစည်းဘဲထားခဲ့၍ လှည့်ပြန်ခဲ့သည်။
ကြာကလေ ဘယ်တုန်းကမှ သီဟအောင် သူမ လက်ကို ကိုင်မည်လုပ်လျှင် ရှောင်ပြေးတက်သူမဟုတ်လား။
ယခုကျတော့လည်း Lucasလက်ကို တင်းကြပ်နေအောင်ဆုပ်ကိုင်ထားလိုက်တာများ
အော် ကြာရယ် ကိုယ်ဘယ်လိုနားလည်ရမလဲ...........။
To Be Continued!
YOU ARE READING
More Than Friend (Complete)
Romance**Complete** မနီးစပ်ခဲ့ကြရင်လည်း အဝေးဆုံးဘဲပြေးထွက်လိုက်တာကောင်းမယ်။ မပိုင်ဆိုင်နိူင်မှန်းသိရင် လည်းလက်လျှော့ပစ်လိုက်ဖို့ကောင်းမယ်။ -Lucas ငါတို့ဟာဘာတွေများကြောက်နေခဲ့ကြတာလဲ? ချစ်လိုက်ကြဖို့ဘာတွေများတွန့်ဆုတ်နေခဲ့တာလဲ? အဲ့ဒီမေးခွန်းကိုမေးဖို့တောင်...