part7

1.1K 28 0
                                    

Part(7)
Companyတွင် နေ့လည်စာစားချိန်သို့ရောက်သော်...........
"အော် ကို Lucas ဒီမှာ ဘာလုပ်နေတာလဲ "
Lucasကတော့ နေ့လည်စာလဲမစားသလို ရုံးခန်းတွင်လည်းမရှိသော​ကြောင့် ခြူးလိုက်ရှာမိသည်။
အဲ့တာနဲ့နောက်ဆုံး ခေါင်မိုးထပ် ကိုတက်ကြည့်တော့ လေညင်းခံနေသော Lucasအားတွေ့ရသည်။
Lucasနောက်သို့လှည့်ကြည့်လိုက်သော်
"အော် မခြူးပန်းနွယ်"
"ဟို နေ့လည်စာ စားချိန်ရောက်နေပြီ အဲ့တာ မတွေ့လို့ လာခေါ်တာပါ"
"အော် ရပါတယ် ကျွန်တော် မစားချင်တော့ဘူး မခြူးပန်းနွယ်ဘဲ သွားစားပါ"
"ဟို..မေမေကလေ... ထမင်းချိုင့်နှစ်ခုတောင်ထည့်ပေးလိုက်တာ အဲ့တာ ကိုLucasအတွက်...."
Lucasလည်း အားနာမိ၍ခေါင်းငြိမ့်ပြီး ခြူး နောက်သိူ့လိုက်လာမိသည်။
"သွားရအောင်လေ အဲ့တာဆို..မခြူး.."
"ဟုတ် "
ရွှေရောင်ကြာ Lucasကိုစာတွေပို့သည်။
"Lucas ဘာလို့ငါ့ကိုအဆက်အသွယ်မလုပ်တာလဲ နင်ငါ့ကိုစိတ်ဆိုးစရာများရှိနေလို့လား အဲ့တာဆိုလည်း နင်စိတ်ဆိုးနေတာကိုပြော ငါ့ကို တော့အဲ့လိုကြီးမလုပ်ထားပါနဲ့ Lucasလိုင်းတက်လာပါ ငါပြောတာ စာပြန်ပါ"
တောက်လျှောက် စာတွေရိုက်ပြီး Lucasစီသို့ပို့နေသည်။
"ဟိတ် "
"ဟင်". အနောက်သို့လှည့်ကြည့်သော်
"ကြာ ဒီမှာဘာလုပ်နေတာလဲ အတန်းချိန်နီးနေပြီမလား ".
"အော် ကိုသီဟအောင်... "
"ကြာ့မျက်နှာလည်း မကောင်းပါလား ဘာလို့လဲ "
"ကြာ့ရဲ့ အချစ်ဆုံးသူငယ်ချင်းနဲ့အဆက်အသွယ်မရလို့ပါ.. "
"အော် ဟိုတစ်ခေါက် ကြာပြောဖူးတဲ့ Lucasဆိုတာလား"
"ဟုတ်တယ် "
"ကြာနဲ့သူနဲ့က..."
"အာ...မဟုတ်ပါဘူးကြာတို့က အချစ်ဆုံးသူငယ်ချင်းတွေဘဲ"
"အော်.. "
"အဲ့တာဆို ကျောင်းထဲဝင်ရအောင်လေ ကိုသီဟအောင်.... "
"အင်းသွားမယ်လေ.."
Lucas ရုံးခန်းထဲအဝင်...
Wifiဖွင့်လိုက်သော်...
တောင်..တောင်...
Instagram မှMessageဝင်သံ..
ခြူး ပန်းနွယ်ကလည်း ဘေးကရှိနေတော့
Lucas ဖုန်းအား Silent လုပ်လိုက်သည်။
ကြာစာပို့ထားြခင်းဖြစ်သည်။
"Lucas ဘာလို့ငါ့ကိုအဆက်အသွယ်မလုပ်တာလဲ နင်ငါ့ကိုစိတ်ဆိုးစရာများရှိနေလို့လား အဲ့တာဆိုလည်း နင်စိတ်ဆိုးနေတာကိုပြော ငါ့ကို တော့အဲ့လိုကြီးမလုပ်ထားပါနဲ့ Lucasလိုင်းတက်လာပါ ငါပြောတာ စာပြန်ပါ"
Lucas လည်းချက်ချင်းပင်.....
"အဆက်အသွယ်မလုပ်တာက နင်လေ ရွှေရောင်ကြာ "
ဟုပြန်ရိုက်ပြီး ဖုန်းပိတ်လိုက်သည်။
ထိုမြင်ကွင်းကို ကြည့်နေသော ခြူးပန်းနွယ် က..........
"ကိုLucas ဟိုလေ ခြူးတစ်ခုလောက်မေးလို့ရမလား "
"အော် မေးလေ "
"ကို Lucas အခုစကားပြောနေတာ ကိုLucasရဲ့ ကောင်မလေးလား"
"ဗျာ..မဟုတ်ပါဘူး"
"အော်မသိပါဘူး ခြူးကဒီတိုင်းမေးကြည့်တာပါ ကိုLucasပြုံးနေလို့လေ "
"ကျွန်တော် ပြုံးမိလို့လား "
ခြူးပန်းနွယ် ရယ်မိပါတော့သည်။
ထို့နောက် Lucasပါ လိုက်ရယ်မိသည်။
"ကဲ ထိုင် ထမင်းစားရအောင် မေမေက ထမင်းချိုင့်တွေနှစ်ခု​တောင်ထည့်ပေးလိုက်တယ်လေ ".
"အန်တီ့ကိုကျေးဇူးတင်ပါတယ်ပြောပေးပါနော် ကျွန်တော် စားလိုက်ပါမယ်"
"ဟုတ်ပါပြီ ပြောလိုက်ပါ့မယ် "
"ဒါနဲ့မခြူးပန်းနွယ်ကို ကျွန်တော်မနက်က အတွက်တောင်းပန်ပါတယ် စိတ်ကတိုနေတော့ ဘာတွေပြောလိုက်မိမှန်းမသိဖူး".
"အော်...ရပါတယ် ခြူးနားလည်ပါတယ် ဒါနဲ့လေ အဲ့မခြူးပန်းနွယ်ဆိုတာကြီးက မရှည်ဖူးလား ခြူးလို့ဘဲရင်းရင်းနှီးနှိးခေါ်လို့ရပါတယ်နော်..."
"ဟား ဟား ဟုတ်တယ် ရှည်တော့ရှည်တယ် ခြူး လို့ခေါ်လို့ဖြစ်ပါ့မလားလို့"
"ဘာလို့မဖြစ်မှာလဲ ခေါ်လို့ရပါတယ်"
"ဟုတ်ပါပြီ အဲ့တာဆိုခြူးလို့ဘဲ ခေါ်တော့မယ် နော် "
"ဟုတ်ကဲ့.."
ခြူးမျက်နှာလေး ပြုံးပျော်နေသည်။
"ဒါနဲ့ ကိုLucas ခြူးက ကိုLucasကိုသိတာကြာပြီလို့ပြောရင်ယုံမလား "
"ဗျာ..သိတာကြာပြီ.. "
"ဟုတ်တယ် နည်းနည်း တော့ယုံဖို့ခက်ပေမယ့် ဆယ်တန်းနှစ်တုန်းက ခြူးနဲ့တစ်ခါဆုံဖူးတယ် နောက်ပြီး ခြူးဆိုင်မှာ ပိုက်ဆံအိတ်ကျကျန်ခဲ့တာ တစ်ခါလေ..."
"ခြူးတို့ဆိုင်မှာကျွန်တော် ပိုက်ဆံအိတ် ကျကျနိခဲ့တာမှ ပထမဆုံးဆုံဖူးတာမဟုတ်ဖူးလား"
"အာ...ကိုLucasမမှတ်မိဘူးဘဲ "
"ဟုတ်လား ကျွန်တော်တကယ်မသိဖူး"
"ဟုတ်ပါပြီ "
"ခြူး အဲ့အကြောင်းကျွန်တော့်ကိုပြောပြလို့ရမလား "
"အင်း အခု​တော့မပြောသေးဘူး အချိန်မကျသေးဘူး"
"ခြူးကတော့ လုပ်ပြီ ..."
"နောက်ပြောပြပါ့မယ် "
ဆိုပြီးရယ်နေမိသည်။
Lucas စိတ်ထဲတွင် ခြူး ကဒီလိုကျတော့လည်း ချစ်စရာကောင်းသားဘဲ ဟုတွေးမိသည်။
ခြူး စိတ်ထဲတွင်
ကိုLucasက ဒီလိုကျတော့လည်း လူမှုရေးခေါင်းပါးတဲ့သူမဟုတ်ဖူးဘဲ သဘောလည်းကောင်းသား မနက်ကနဲ့တော့အခြားစီဘဲ ဒါနဲ့ ဟိုတစ်ခေါက် ဆွဲကြိုး ကCouple necklace လာဝယ်တာ ဘယ်သူ့အတွက်ပါ့လိမ့်။
"အော် ကိုLucas '"
"ဟုတ်ကဲ့ ပြောပါ"
"ကိုLucas ခြူးတို့ဆိုင်မှာ Couple necklace လာဝယ်တုန်းကလေ... အဲ့တာ အဲ့ဆွဲကြိုးရဲ့နောက်တစ်ဖက် က... ဘယ်သူ့အတွက်လဲ သိခွင့်ရှိမလား"
"အော် ရပါတယ် Couple necklace ထက်BFF necklace ဆိုပိုမှန်မယ်ထင်တယ် ခြူးရဲ့..နောက်အခြမ်းက..
(Lucasသူ့လည်ပင်းကဆွဲကြိုးကို ကိုင်ပြီး)
အချစ်ဆုံး သူငယ်ချင်း စီမှာလေ"
"အော် သူငယ်ချင်း လား"
"ဟုတ်တယ် ခြူး သူ့နာမည်ကရွှေရောင်ကြာတဲ့ အခုနိုင်ငံခြားမှာသူက.."
"မိန်းကလေးလား "
"ဟုတ်တယ် ဒီမှာလေ.. "
Lucasက သူ့ဖုန်းWallpaperက သူတို့နှစိယောက် ကြာ့မွေးနေ့ကရိုက်ထားသော မျက်နှာမှာလည်း ကိတ်မုန့်ခရင်မ် တွေနဲ့lucasနဲ့ကြာ့ပုံ ပြလိုက်သည်။
"အော် တော်တော်ခင်ကြတဲ့ပုံဘဲနော်"
"ခင်တာပေါ့ ကြာနဲ့က သိလာတာငယ်ငယ်ကထဲကဆိုတော့ကြာပြီလေ"
ကြာတဲ့လား....
အော်..အဲ့မိန်းကလေးကို အရမ်းအလေးထားတဲ့ပုံဘဲ ဟု ခြူး ထင်မိသည်
"နောက်မှ ခြူးကို ကြာနဲ့မိတ်ဆက်ပေးမယ်"
"အော် ဟုတ်ပါပြီ "
ညသို့ရောက်သော်.......
Lucasလည်း သူ့တိုက်ခန်းတွင် ေရချိုးပြီး ပြန်အထွက်...
"ဟယ်လို..".
"ဟဲ့ အစုတ်ပလုတ်ကောင် အရူးကောင် အသက်ရှိသေးတယ်လား ဟမ်..."
"အမယ်လေး ဒေါ်ရွှေရောင်ကြာ နားကိုအူသွားတာဘဲ "
"အူချင်အူ မအူချင်နေ မသိဖူး "
"အော် အေးပါ သူကဘဲပြန်စိတ်ကောက်."
"ဘာလဲ ဘယ်သူကကောက်နေလို့လဲ "
"ဘယ်သိမလဲ..".
"Lucas အရူးကောင် ဘာလို့ဖုန်းမဆက်တာလဲ ဟမ်..ဘာတွေများလုပ​်နေလို့လဲ"
"မဆက်တာ နင်လေ..".
"ဟာ ရူးနေလား.. "
"ဟုတ်တယ် "
"Lucasစကားကောင်းကောင်းပြေားစမ်းပါ"
"ဘာကိုလဲ..ငါကောင်းကောင်းပြောနေတာလေ"
"ဟာ နင်ဘာဖြစ်နေတာလဲ.."
"မဖြစ်ဖူး ငါပြောဦးမယ် ငါ ဟိုကောင်မလေးနဲ့ပြန်တွေ့ပြီ "
"ဟင်..."
ကြာ့ဘက်မှ ဒေါသမီးတွေပါငြိမိးသွားသလိုပင်။
"ဟုတ်တယ် သူ့နာမည်က ခြူးပန်းနွယ် တဲ့ လှလိုက်တာမှ.. ပြီးတော့ မာမီ့သူငယ်ချင်းရဲ့သမီး အခုသူက ငါ့စီမှာ အလုပ်တွေသင်နေတယ် နေ့တိုင်း... ကားနဲ့တူတူသွားရတယိ သူကားက ပျက်နေတော့."
"နေ့တိုင်း ...လား.."
ကြာ့အသံတွေ တိုးသွားသည်။
Lucasစိတ်ထင်လို့များလား။
"ဟုတ်တယ် နေ့တိုင်း... "
"ကောင်းတာပေါ့ဟ နင်မြန်မြန်ဖွင့်ပြောလိုက်ပေါ့ သဘောကျရင်လည်း"
ဘယ်လို...
ကြာရယ် ပြောထွက်တယ် နော်။
ရင်ထဲက ပြောနေမိသည်။
Lucasဆက်ကနဲ ဖုန်းချလိုက်သည်။
"ဟယ်လို ဟယ်လို ဟာ..."
Lucasကဘာဖြစ်နေတာလဲ ဖုန်းးချသွားပြန်ပြီ။ဘာလဲဟာ ငါ့မွေးနေ့ရောက်ခါနီးနေပြီကို...
Lucas သက်ပြင်းရှည်ကြီးချမိသည်။
ငါက ဘာဖြစ်နေတာလဲ
ကြာ့အပေါ်ငါက ဘယ်လိုသဘောထားတာလဲ
ဒါမှမဟုတ် ငါက ခြူးကိုဘဲ သဘောကျတာလား။
မဟုတ်သေးပါဘူး ။ကြာနဲ့ပက်သက်ပြီး ငါတစ်ခုခုတော့ဖြး်နေတယ်။အဲ့တာဘာလဲ...ငါမသိဘူး ကြာနဲ့ပက်သက်ပြီး ငါဘာဖြစ်နေတာလဲငါမသိဘူး။
မနက်ရောက်သော်.....
" သီတာ ကျွန်တော့်စီခဏလာခဲ့".
"ဟုတ်ကဲ့ ဆရာ"
"ရောက်ပါြပီဆရာ ".
"လေယာဉ်လက်မှတ် ကိစ္စဘယ်လိုလဲ"
"အကုန်အဆင်ပြေပါတယ်ဆရာ  မနက်ဖန် မနက်11နာရီလေယာဥ်ပါ"
"ကောင်းြပီ သွားလို့ရပြီ ".
"ဟူတ်ကဲ့ဆရာ"
ထို့နောက် အခန်းပြင်မှ ခြူးက... ဝင်လာပြီး............
"ကိုLucas မနက်ဖြန်ဘယ်သွားမလို့လဲ "
"အော် ခြူး ကျွန်တော် မနက်ဖြန်USကိုခဏသွားရမယ် မကြာပါဘူး သုံးရက်လောက်ပါဘဲ ဒီကအလုပ်တွေအားလုံး ခြူးနဲ့လွှဲထားခဲ့မယ်နော် "
"ဟုတ်ကဲ့ လွှဲထားခဲ့ပါ ခြူးသေချာလုပ်ထားပါ့မယ်".
"ဟုတ်ကဲ့"
(Time Skipped)
လေယာဉ် ထွက်ရန် တစ်နာရီအလို....
"ဟုတ်ပါပြီ မာမီရယ်ကျွန်တော် ပြောလိုက်ပါ့မယ် "
"မာမီ သမီးကြာကိုသတိရနေတယ်လို့ ကျန်းမာရေးဂရုစိုက်ပါ လဲပြောပေးဦး"
"ပြောလိုက်ပါ့မယ် အဲ့တာဆို ဒါဘဲနော်ဖုန်းချ​တော့မယ် မာမီ လေယာဉ်ချိန်နီးနေပြီ"
"ဟုတ်ပြီ ဟိုရောက်ရင် ဖုန်း ဆက်ဦး"
"ဟုတ်ကဲ့ပါ"
တစ်ဖက်မှာလည်း...
ကြာအိမ်မက်မက်နေသည်။
Lucasက သူ့စီလာလည်တာတဲ့လေ။
ဒါပေမယ့် lucas ကကြာ့စီလာရင်းလာရင်းနဲ့အနားနီးတော့ ဖုန်မှုန့်လို့ပျောက်သွားတာတဲ့လေ။ပြီးတော့ Lucasက ကြာ့စီမရောက်လာဘဲ ပျောက်သွားတာတဲ့။
"အား..".
"Lucas ".
ကြာအိပ်ရာမှထ ထိုင်လိုက်သည်။
ဟင် အိမ်မက်ဆိုး မက်နေတာဘဲ Lucasက...ဟာ မဖြစ်နိုင်ဘူး ဒါအိမ်မက်ဘဲ ဒါပေမယ့် ငါ့စိတ်တွေဘာလို့လေးနေပါလိမ့်....မဟုတ်ဘူး... ဟင့်အင်း..ဒါအိမ်မက်ဘဲ..lucasကလည်း သူ့ဘာသူCompanyမှာအလုပ်လုပ်နေမှာ စိတ်လျှော့ ရွှေရောင်ကြာ။
နောက်နေ့မနက်.......
Lucas လည်းအိပ်ရာထ၍ Hotelမှပြန်ထွက်လာသည်။
အနားယူပြီးပြီဖြစ်၍ အခုစျေးဝယ်ထွက်မယ်လေ။
ပြီးတော့ ကြာ့အတွက် Surprise birthday party လုပ်ပေးရန်အတွက်ပေါ့။
ကြာဘယ်မှာနေလဲ Lucasသိသည်။
ထို့အတွက်ကြောင့်တစ်ခါထဲ ကြာ့တိုက်ခန်းသို့လိုက်သွားရန်ရသော်လည်း
ကြာ့ကိုSurpriseလုပ်ချင်သည့်အတွက်
ဘယ်လိုလုပ်ရမလဲ လဲစဥ်းစားနေမိသည်
သူတိူ့နှစ်ယောက် ရန်ဖြစ်ထားတယ်မဟုတ်လား ။
အဲ့တာနဲ့ဘဲ lucas ဘာဝတ်ရမလဲ တွေးမိ၍ အခန်းသို့ပြန်သွားသည်။
ပြီးတော့ ... အဖြူရောင်တီရှပ်တစ်ထည်နှင့် အမည်းရောင်ဘောင်းဘီတစ်ထည်ဝတ်ပြီး အပေါ်က နေ ဒူးခေါင်းထိရှည်သော ကုတ်အရှည်ထပ်ဝတ်လိုက်သည်။
ပြီးတော့ ကြာ့အတွက် လက်ဆောင်ဝယ်ရန် ထွက်လာခဲ့သည်။
ကြာလိုင်းရှိနေသည်။
"ဟယ်လို.."
"ဟယ်လို lucas "
"ကြာ... "
"အင်းပြော "
"နင်ဒီနေ့ဘယ်မှာရှိမှာလဲ "
"ဟမ်..ဟဲ့ ငါဘယ်မှာရှိမှာလဲဆိုတော့ ကျောင်းမှာပေါ့ဟ"
"အော်အေး "
"နေပါဥိး ဟယ် နင်ကလာလို့ရမှာကျနေတာဘဲ".
"မဟုတ်ပါဘူး မေးကြည့်တာပါ"
"အေးဒါဘဲ ငါအတန်းချိန်နီးနေလို့".
"အေးပါ"
Lucasလည်း ဘာဝယ်ပေးရမယ်မှန်းမသိ၍ ကြာ့အတွက် ပန်းစည်းတစ်စည်းသာ သွားဝယ်သည်။ထိုပန်းစည်းကနှင်းဆီပန်းအနီရောင်တွေနှင့်။
Lucas လည်း ကြာ့ကျောင်းရှေ့ ကသစ်ပင်အကွယ်လေးမှာ စောင့်နေသည်။
ထို့နောကိ ကြာ့ကိုတွေ့လိုက်သည်။
သစ်ပင်နောက်ကထွက်ပြီး ကြာ့စီသွားရန်...... လုပ်နေတုန်းမှာ။
ယောက်ျားလေးတစ်ယောက်နှင့် ကြာ့ကိုတွေ့လိုက်သည်။
ပြီးတော့....
"ကြာ ကိုယ့်ကို လက်ထပ်နိုင်မလား"ဟု ဒူးထောကိ၍ လက်ထပ်ခွင့်တောင်းနေသော သီဟအောင်အား တွေ့လိုက်ရသည်။
နိုင်ငံခြားသူ များ အော်သူကအော်ကျနှင့် ဝိုင်း၍ လက်ခုပ်တွေတီးနေကြသည်။
ကြာက​တော့ ကြောင်နေသူပေါ့။.
"ရှင်.."
ကြာ့စိတ်ထဲ အရမ်းပျော်မိနေသည်။
သူလဲသဘောကျနေသည့်လူမဟုတ်လား
ဒါကြောင့်ဘဲ ခေါင်းငြိမ့်ပြသည်။
ထို့နောက် သီဟအောင်က လက်စွပ်လေးတစ်ကွင်းကြာ့ကို ဝတ်ပေးလိုက်သည်။
ထို့နောက် လွတ်ကျသွားသော ပန်းစည်းတစ်ခု။
Lucasထိုမြင်ကွင်းကိုအစအဆုံးမြင်လိုက်ရသည်မဟုတ်လား။
အဲ့တာနဲ့ Lucas ကားလမ်းမဘက် ပြေးထွက်မည်လုပ်တော့.....
"ဝုန်း".
Lucas အမြင်တွေဝေဝါးလာသည်။
ပြီးတော့ သူရဲ့ ခန္ဓာကိုယ် က လမ်းမပေါ်လဲကျသွားသည်။
ကျောင်းရှေ့ကကျောင်းသားတွေလည့းအခင်းြဖစ်ရာနေရာသို့ ရောက်ချလာပါသည်။
ကြာနဲ့သီဟအောင်လဲရောက်လာသည်။
ကြာလဲ စပ်စုချင်လို့ သွားကြည့်ရာ...
သွေးတွေလဲအများကြီးနှင့် လူတစ်ယောက်အားတွေ့လိုက်ရသည်။
သူမ ခေါင်းတစ်ခုလုံးထူပူသွားသည်
".... Lucas"
သူမကျယ်လောင်စွာအော်လိုက်မိသည်။
သိဟအောင်ကလည်း "ကြာ စိတ်ထိန်း"။
ကြာ Lucasနားသို့သွားပြီး Lucasအားသူမရင်ခွင်ထဲ၌ ပွေ့ထားသည်။
ပြီးတော့ ယူကျုံးမရအောင် ငိုနေသည်
တစ်ယောက်ယောက်ဆရာဝန်ခေါ်ပေး ဆေးရုံကားခေါ်ပေးဟုလည်း အော်၍ အကူအညီတောင်းနေသည်။
Lucas မြင်လိုက်ရတာကတော့ ကြာ့ကိုပါဘဲ။ဒါပေမယ့် သတိမထားမိခင်အချိန်အတွင်း lucasမြင်ကွင်းတစ်ခုလုံးအမှောင်ကျသွားသည်။

To Be Continued!

Followလုပ်ခဲ့ပေးကြပါဦးရှင်။

More Than Friend (Complete)Where stories live. Discover now