Part(11) (End)
ဟိုတစ်ချိန်တုန်းက...........
မိုးရေထဲမှာ ကောင်မလေးတစ်ယောက် လမ်းလျှောက်နေသည်။
ခိုက်ခိုက်တုန်အောင် ချမ်းနေခဲ့တာပေါ့။
ထိုအချိန်အနောက်က ကောင်လေးတစ်ယောက်ရောက်လာပြီး......
"ဟေ့ ထီးဆေားင်းလေ ထီးမပါဘူးလား "
ဆိုပြီး အဲ့ကောင်မလေးစီသို့ထီးဖြင့်ဝင်ရောက်လာသည်။
"အင်း.."
"ချမ်းနေတာလား "
"ရပါတယ် အိမ်ရောက်တော့မယ် ဒါနဲ့နင်ကငါတို့ကျောင်းကဘဲလား "
"မဟုတ်ပါဘူး ငါကဒီကိူအလည်လာတာ အဲ့တာ...မိုးရွာထဲထီးမဆောင်းဘဲလမ်းလျှောက်နေတဲ့ မင်းကိုတွေ့လို့"
"အော်...မိုးတိတ်သွားပြီဘဲ ထီးမိုးပေးတာကျေးဇူးတင်ပါတယ် နော် "
"ရပါတယ် "
ကောင်မလေးလည်း ထီးအောက်မှထွက်လိုက်သည်။
"ငါသွားပြီ နော် "
"ဟိတ် ခဏ.."
"အင်း..ဘာလဲ"
"ရော့ ငါတို့တကယ်လို့ပြန်တွေ့ခဲ့ရင် ငါ့ကောင်မလေးအဖြစ်နေပေးမလား"
"ဟမ်..."
ဝက်ဝဲသော့ချိတ်လေးတစ်ခု.....
"အင်း"
ကောင်မလေးလည်းခေါငိးငြိမ့်လိုက်သည်။
ကောင်လေးကလည်း သူမစတိုင်လ်လေ။
"ဒါဆို ငါတို့ကံတရားကိုယုံလိုက်ရအောင် ပြန်တွေ့ခဲ့ရင် အဲ့ကျမှ မိတ်ဆက်ပြီး ငါ့ကောင်မလေးအဖြစ်နေပေး"
"အင်း သဘောတူတယ် "
"ဒါ...ဒါဆို.ခြူးက..."
"ဟုတ်တယ် "
"ဘာလို့အခုမှပြောရတာလဲ ခြူး"
"ဘာလို့လဲဆိုတော့ ခြူး ကိုLucasကိုချစ်နေလို့ပါ အခုမှပြောပြတယ်ဆိုတာကလည်း ကြာ့ကို ကိုlucasစိတ်ရှိနေမှန်းသိလို့ အမြန်ပြောပြလိုက်ရတာပါ"
"ဒါပေမယ့် ခြူး ကျွန်တော်..အဲ့တုန်းက ပြောခဲ့တဲ့စကားက....... "
"ခြူးနားလည်ပါတယ် ဘာမှမသိဘဲ ဒီအတိုင်း ပြောခဲ့တဲ့စကားဆိုတာ...."
"အဲ့တာ ကျွန်တော်..."
"ဒါပေမယ့် ခြူး ကိုLucasကို ချစ်တယ် "
"မဖြစ်နိုင်ဘူး ခြူး ကျွန်တော့်ကိုမချစ်ပါနဲ့တော့ "
"ဒါပေမယ့် ကိုLucas နဲ့တွေ့ခဲ့တဲ့အဲ့နေ့ကတည်းက ခြူး အခုချိန်ထိ စောင့်နေခဲ့ရတာပါ။"
"အဲ့တာဆို...အဲ့ဒီတုန်းကပြောခဲ့တဲ့စကားကို အတည်လို့မယူပါနဲ့တော့ ခြူး..
ကျွန်တော် တောင်းပန်ပါတယ် "
ခြူးလည်း မျက်ရည်ဝဲနေသည်။
Lucasလှည့်ထွက်သွားမည်လုပ်သော်..
အနောက်မှ ......
"ကျေးဇူးပြုပြီး ...."
ခြူးlucasအနောက်မှ ဖက်လိုက်သည်။
Lucas က ခြူးဖက်ထားတဲ့လက်ကို ဖြုတ်ချသည်။
"ကျွန်တော် တောင်းပန်ပါတယ် "
ဆိုပြီး နောက်လှည့်မကြည့်ဘဲထွက်သွားသည်။ခြူးလည်း ထိုင်၍သာငိုချမိတော့သည်။
တစ်နှစ်ခန့်ကြာသော်..............
"ဟယ်လို ကို ဘယ်မှာလဲ"
"ကြာ ကဘယ်မှာလဲ ဘာဖြစ်လို့လဲ ကိုယ်လာခဲ့မယ်"
"မလာနဲ့ ကြာ ကအခု ကို့အိမ်ရှေ့မှာ "
"ဟင်.."
သီဟအောင် ထွက်လာသည်။
"ကြာ... ဘာမှလည်းမပြောထားဘူး "
"ဟင် ဘာကိုလဲ မကြာခင်မှာ လက်ထပ်တော့မယ့် ကိုယ့်သတိုးသားလောင်းဆီလာလို့မရဖူးလား "
"ဟား ဟား ကြာကတော့ ကဲ လာ အိမ်ထဲဝင်မေမေတို့လည်းရောက်နေတာ "
"အော် ဟုတ်လား "
ကြာနှင့်သီဟအောင်..........
လွန်ခဲ့သော တစ်နှစ်ခန့်က.......
"ကြာရယ် ထွက်မသွားပါနဲ့ ကိုယ်တောင်းပန်ပါတယ် "
"ဒါပေမယ့် ကိုသီဟအောင် နာကျင်ရလိမ့်မယ် ကြာ့ကြောင့်"
"ရပါတယ် "
"မရပါဘူး ကြာဘယ်သူ့ကိုမှမနာကျင်စေချင်ဘူး ကိုသီဟအောင် "
"Lucasကြောင့်လား".
ကြာငြိမ်ကျသွားသည်။
"ဟုတ်နေတာဘဲ ကြာ.."
ကြာဘာစကားမှပြန်မပြောနိုင်။
"ကိုသီဟအောင်... "
"ရပါတယ် ကိုယ်တို့အချိန်စောင့်လို့ရပါတယ် ကြာ ပြန်ချစ်လာမယ့်နေ့အထိ ...."
"မဖြစ်နိုင်ဘူး ကိုသီဟအောင်... "
"ရပါတယ် ကြာ့ဘက်က ကိုယ့်ကိုပြန်မချစ်ဘဲ ဆိုရင်တောင်..... ရပါတယ်.. "
"ဒါပေမယ့်....."
"ရပါတယ်ဆို .."
"ကိုသီဟအောင် အတွက်ဘယ်တရားပါ့မလဲ"
"ကြာ ကျွန်တော်တို့ တစ်ခါတစ်လေ မှာ
တရားတာ မတရားတာ မတွေးဘဲ နေတက်ရတယ်လေ"
"မဟုတ်သေးဘူး ကိုသီဟအောင် အဲ့လိုလုပ်နေလို့ ကိုသီဟအောင် ကိုပြန်ချစ်လာမယ်ထင်လို့လား ".
"ကြာ..ကျွန်တော်က ကြာ့စီက ဘာတစ်ခုမှမလိုချင်ပါဘူး ကြာ့ကိုသာ ပျော်ရွှင်စေချင်တာပါ"
"ဒါပေမယ့် ကိုသီဟအောင်နာကျင်ရလိမ့်မယ် ကြာကဘယ်လိုလုပ်ပြန်ချစ်နိုင်......."
ကြာ စတင်၍ငိုပါတော့သည်။
သီဟအောင် ကြာ့ကိုသူ့ရင်ခွင်ထဲ၌ တင်းကြပ်နေအောင်ဖက်ထားတော့သည်။
ဒါပေမယ့်..........
ကြာမသိသေးသော ကိစ္စတစ်ခုရှိနေသည်။.
ကြာနှင့်သီဟအောင် မြန်မာပြည်ကိုပြန်လာပြီးနောက် Lucasနှင့်လုံးဝအဆက်အသွယ်မရတော့ပါ။
ဆေးရုံ၌ပင် နောက်ဆုံးတွေ့ခဲ့ရခြင်းဖြစ်သည်။
ခြူး...............
သူမကတော့ ေပျာက်ခြင်းမလှလုံးလုံးပျောက်သွားသည်။
ဘာတွေလဲ သူတို့လက်ထပ်လိုက်ပြီလား။
ထိုသို့သော အတွေးများ ကြာ့ခေါင်းထဲတန်းစီ၍ ဝင်ရောက်လာသည်။
"ကြာ..ကြာ.."
"ဟင် အော် ကို.."
"ဘာတွေဒီလောက်စဥ်းစားနေတာလဲ"
"အော် မဟုတ်ပါဘူး ခေါင်းနည်းနည်းမူးလို့ပါ"
"အော် အိပ်ရေးမဝလို့လား ရရဲ့လား အရမ်း မူးရင်အိမ်ပြန်လိုက်မလား"
"နေပါစေ ကိုရယ် ရပါတယ် "
"ဟုတ်ပါပြီ ဒါဆို ကြာလိုအပ်ရင် ခေါ်လိုက်နော် ကို ဟိုဖက်မှာလူကြီးတွေနဲ့စကားပြောလိုက်ဦးမယ်"
ကြာ ခေါင်းငြိမ့်ပြသည်။
ကြာ သူမ ဖုန်းကို ဖွင့်လိုက်သည်။
"ဟယ်...လို.."
"သမီးကြာ..."
Lucas၏ အမေဖြစ်သည်။
"အန်တီ.. "
"အေးကွယ် မတွေ့တာတောင်ကြာပြီနော်သမီးရယ်"
"ဟုတ်ကဲ့ အန်တီ နေကောင်းရဲ့လား"
"ကောင်းတယ်သမီးရေ သမီးရော အလုပ်အကိုင် တွေဘယ်လိုလဲ"
"ဟုတ် အဆင်ပြေပါတယ် "
"အေးကွယ် "
ကြာနည်းနည်း ထူးဆန်းသလိုခံစားရ၍ လှစ်ကနဲမေးလိုက်မိသည်။
"အန်တီ Lucasရောဟင်.."
တစ်ဖက်မှ အသံလုံးလုံးတိတ်သွားသည်။
"သမီး အဲ့တာ....သူက သမီးကိုမပြောဖို့မှာသွားတယ်"
"ရှင်..သူက ဘယ်သွားလို့လဲ"
"သမီးနဲ့သူ အဆက်သွယ် ပြတ်သွားတာ တစ်နှစ် ကျော်ပြီ မလား"
"ဟုတ် ဟုတ်တယ် အန်တီ"
"အေးပါကွယ် သားကိစ္စတော့မပြောချင်တော့ပါဘူး သမီးရယ်..."
Lucasမိခင်ငိုပါတော့သည်။
ကြာလည်း လန့်သွားသည်။
"အန်တီ..သမီးလာခဲ့မယ် "
ကြာလည်း ဖြစ်ရပ်မှန်သိချင်၍ လိုက်သွားရန်ဆုံးဖြတ်လိုက်သည်။
"ကို ကြာပြန်တော့မယ် ဒါနဲ့ ကို့ကားသော့ပေးပါလား"
"ဟင်..ကြာဘယ်သွားဖို့လဲ လိုက်ပို့ပေးမယ်လေ "
"အန်တီတို့ကို ကိုယ်စားနှုတ်ဆက်ပေးပါဦး ကြာပြန်ပြီလို့ "
"အင်း ပြောလိုက်မယ် ဒါနဲ့.... ဘယ်သွားဖို့လဲ".
ကားသော့ပေးလိုက်သည်။
"ကြာ ဖုန်းဆက်လိုက်မယ် ကို့ကားခဏယူထားမယ် သွားပြီ ကို"
". ..အာ ဒီကောင်မလေးနဲ့တော့ "
ကြာလည်း lucas၏ မိဘများအိမ်သို့ကားြဖင့် မောင်းနှင်လာခဲ့သည်။
ဧည့်ခန်းတွင်းဝင်ဝင်ချင်း lucas၏ မိခင် ငိုကြွေးနေသည်။
"အန်တီ ဘာဖြစ်လို့လဲ ဟင်Lucas. ..lucasရော "
Lucasအမေ သည်မျက်နှာမကောင်းပါ။
"သူမရှိတော့ဘူး သမီးကြာ"
"ရှင်... ".
"သူဆုံးသွားတာ သမီးကိုမပြောပါနဲ့တဲ့ နောက်ပြီး သမီးကိုလုံးဝ ပေးမသိပါနဲ့ဆိုပြီး အထပ်ထပ်မှာသွားတယ် သမီး"
"ရှင်...မဟုတ်... မဟုတ်ပါဘူး lucasက မသေပါဘူး အန်တီရဲ့ မဟုတ်ပါဘူး ဒါတစ်ကယ်မဟုတ်ပါဘူး"
"သမီးကြာ စိတ်ထိန်းလေ...သမီး...."
ကြာ့မျက်လုံးတွေ ပြာလာသည်။
ဘာသံမှလည်းမကြားရတော့ဘူး။
ကြာမျက်လုံးပြန်ဖွင့်တော့ စူးရှတဲ့မီးရောင်တွေရဲ့အောက်မှာ ။
"ကြာ သတိရပြီလား တော်ပါသေးတယ် ကြာရယ် ကိုယ် စိတ်ပူလိုက်ရတာ "
"ကြာ..ဘယ်ရောက်နေတာ လဲ ကို"
"ဆေးရုံ.."
"ကြာ..မေ့လဲသွားတာလား"
"ဟုတ်တယ် ကြာ... "
ထိုသို့မှ Lucasမရှိတော့ဘူးဆိုသည့်အတွေးကြီးပြန်ရောက်လာသည်။
"ကြာ..ကြာ...မငိုနဲ့လေ ကိုယ်အားလုံးသိပြီးပြီ ကြာ...".
"ကို Lucasမရှိတော့ဘူးတဲ့ "
သီဟအောင် သည်ကြာ့ကိုဖက်ထားသည်။
"ကြာရယ် Lucasက ကောင်းရာမွန်ရာ မှာရှိနေမှာပါ မငိုပါနဲ့ သူဘယ်စိတ်ကောင်းပါ့မလဲ ကြာဒီလိုငိုနေတော့...ဟင်.."
ကြာကတော့ ဘာမှပြန်မပြောပါ။
ငိုပြီးရင်ငိုနေသည်။
မိနစ်လေးဆယ်ကြာသော်။
"ကြာ စိတ်ငြိမ်သွားပြီလား"
"အင်း"
"ကိုယ် အားလုံးပြောပြပါ့မယ် ဒါပေမယ့် ကြာ စိတ်ကိုထိန်းပြီးနားထောင်ပါ ခုမကလိုထပ်ဖြစ်ရင်...."
"ပြောပါ ကို ကြာ့စိတ်ကိုအသင့်ပြင်ပြီးပါပြီလက်မခံချင်တဲ့အမှန်တရား ဖြစ်နေလည်း ကြာ လက်ခံရမယ်မလား "
"ဟုတ်ပါပြီ Lucas ကသွေးကင်ဆာနဲ့ဆုံးသွားတာ ကြာ.."
"သွေးကင်ဆာ သူ့မှာအဲ့တာရှိနေမှန်း ကြာမသိပါလား"
"သူက ဖြစ်နေတာ ကြာပြီတဲ့ သူကိုယ်တိုင်ဆေးကုသမှုမခံယူတော့ဘဲ အဲ့တိုင်းနေလိုက်တာတဲ့ ပြီးတော့ ကြာ့ကိုပေးသွားတဲ့စာလေးတစ်စောင်လည်းရှိသေးတယ်"
သီဟအောင် စာလေးတစ်စောင်ပေးလိုက်သည်။
ကြာချက်ချင်းပင် ဖွင့်ဖတ်လိုက်သည်။
"ကြာ......
ငါပါ အခုနင်ဒီစာကိုဖတ်နေတဲ့အချိန်ငါ နင့်ဘေးမှာရှိနေတော့မယ်မထင်ဘူး ငါလေ နင့်ကိုမမုန်းခဲ့ဖူးဘူး ကြာ နင့်ကိုငါသိပ်ချစ်မိခဲ့တာ ထင်တယ် ဒါပေမယ့် ဘာတက်နိုင်မှာလဲ နင်က ငါ့ကိုပြန်ချစ်လာမှာမဟုတ်ဘူးလေ ရပါတယ် ကြာရယ် ငါတို့က သူငယ်ချင်း တွေဘဲ အချစ်ဆုံးသူငယ်ချငိးတွေလေ best friend forever တွေလေ
ငါ့မှာသွေးကင်ဆာ နောက်ဆုံးအဆင့်လို့သိလိုက်ရတဲ့အချိန်က ငါ့အနားမှာ ဘယ်သူ့ကိုမှမရှိစေချင်တော့ဘူး ကြာ အဲ့တာကြောင့်လည်း ဆေးရုံ မှာနင့်ကို မုန်းချင်ယောင်ဆောင်ခဲ့ရတယ် တောင်းပန်ပါတယ် ကြာ
ဆွဲကြိုးလေး....ငါ....သိတယ်...နင်တမင်လွှင့်ပစ်တာ မဟုတ်မှန်းသိတယ် သက်သက် နင်နဲ့ပြသနာတက်အောင် အဲ့လိုတွေပြောခဲ့တာပါ အဲ့တာမှ နင်ငါ့အဝေးကိုထွက်သွားပြီး ကိုသီဟအောင် နဲ့ပျော်ပျော်ရွှင်ရွှင်နေနိုင်မယ်မလား ။
အဲ့တာကြောင့် အဲ့လိုလုပ်ခဲ့ရတာပါ။
နင် ငိုမနေနဲ့ဦး နောက်ပြီး ပျော်ပျော်နေသွား။
အရမ်းချစ်တယ် ကြာ.....(သူငယ်ချင်းလို)
စာကြောင်းအဆုံးတွင် ပိုးပိုးပေါက်ပေါက်ကျလာသော မျက်ရည်များ က စာရွက်ပေါ်၌ သာကျန်ရစ်ခဲ့သည်။
"ကြာ ကို့ကိုကြည့် "
"ကို.....
lucasက တစ်ကယ်မရှိတော့ဘူးဘဲ"
သီဟအောင်ကြာ့ကိုသူ့ရင်ခွင်ထဲ၌ ဖက်ထားလိုက်လေသည်။The End!
အခုဆို More Than Friend ပြီးဆုံးသွားပါပြီရှင်။
Followလုပ်ပေးခဲ့ကြပါဦးနော်။
အဆုံးထိဖတ်ရှုပေးကြတဲ့အတွက်ကျေးဇူးတင်ပါတယ်ရှင့်။
YOU ARE READING
More Than Friend (Complete)
Romance**Complete** မနီးစပ်ခဲ့ကြရင်လည်း အဝေးဆုံးဘဲပြေးထွက်လိုက်တာကောင်းမယ်။ မပိုင်ဆိုင်နိူင်မှန်းသိရင် လည်းလက်လျှော့ပစ်လိုက်ဖို့ကောင်းမယ်။ -Lucas ငါတို့ဟာဘာတွေများကြောက်နေခဲ့ကြတာလဲ? ချစ်လိုက်ကြဖို့ဘာတွေများတွန့်ဆုတ်နေခဲ့တာလဲ? အဲ့ဒီမေးခွန်းကိုမေးဖို့တောင်...