Ep 4

402 53 11
                                    

ရူတိုတစ်ယောက်သူ့အရှေ့မှာဂျောင်ဟွမ်းကိုချီးမွမ်းခန်း‌ဖွင့်နေတဲ့ဂျွန်ဂယူကိုကြည့်ရင်းစိတ်တိုလာသည်ဂျွန်ဂယူနှုတ်ခမ်းကနေ ဂျောင်ဟွမ်းနီးဆိုပြီးနူးနူးညံ့ညံ့ခေါ်တဲ့အသံကိုမကြားချင်တော့တာကြောင့်သူ့နှုတ်ခမ်းနဲ့ချိတ်ပိတ်လိုက်မိသည်
ဂျွန်ဂယူလည်းရုတ်တရက်ဆိုတော့လန့်သွားပြီးငြိမ်နေမိသည်ခနအကြာ‌အသိဝင်လာလို့ရူတိုကိုအမြန်တွန်းဖယ်လိုက်တယ်
Kyu:ငါ ငါပြန်တော့မယ်
ဂျွန်ဂယူတစ်ယောက်ပါးတွေနားတွေနီပြီးတော့ထွက်ပြေးသွားလေသည်အေးလေကိုယ့်crushကကိုယ့်ကိုလာနမ်းတာဘယ်သူကမရှက်ဘဲနေမလဲ
ဂျွန်ဂယူဘက်ကသူ့ကိုတွန်းထုတ်လာမှရူတိုလည်း
အသိစိတ်ဝင်လာတယ်
Ruto pov:ငါဘာလို့နမ်းမိသွားတာလဲ

At Junkyu 🏠
ဂျွန်ဂယူတစ်ယောက်အိမ်ရောက်တာနဲ့ချက်ချင်းအခန်းထဲသို့ပြေးဝင်သွားသည်ရင်တွေလည်းခုန်နေတယ်ပြီး‌ေတာ့ဒီအနမ်းကသူ့ရဲ့ပထမဆုံးအနမ်း"ရူတိုကဘာလို့ရုတ်တရက်ကြီးငါ့ကိုလာနမ်းတာလည်း သူငါ့ကိုသဘောကျနေလို့လား မဖြစ်နိုင်တာကင်ဂျွန်ဂယူဘာတွေတွေးနေတာလဲသူ့မှာသူချစ်တဲ့သူရှိတယ်"ဂျွန်ဂယူကိုဂျီဟွန်းတို့ကပြောပြပါတယ်ဟာရူတိုကအရမ်းချေတတ်တာသူ့သူငယ်ချင်း4ယောက်ကလွဲရင်ဘယ်သူ့ကိုမှတော်ရုံတန်ရုံစကားပြန်ပြောတာမဟုတ်ဘူးတဲ့ဂျီဟွန်းပြောပြတာကိုပြန်စဉ်းစားရင်းဂျွန်ဂယူတစ်ချက်ပြုံးလိုက်မိတယ်ဒါပေမယ့်ရူတိုမှာသူချစ်ရတဲ့ကောင်မလေးရှိတယ်ဆိုတဲ့အသိကဝင်လာတော့သူဘာမှမမျှော်လင့်ဖို့ဆုံးဖြတ်လိုက်တယ် ရေမိုးချိုးပြီးဒိုယောင်းပြန်လာရင်စားလို့ရအောင်လို့ညစာတွေပြင်လိုက်တယ်ညအိပ်ယာ
ဝင်တဲ့အချိန်ထိသူ့အတွေးထဲမှာရူတိုကဆိုးမိုးနေဆဲပါဘဲ

At Ruto 🏠
တစ်ဖက်မှာရူတိုကတော့ဂျွန်ဂယူနဲ့ပတ်သတ်ပြီးသူ့ခံစားချက်တွေက တကယ်လားဆိုတာသူ့ကိုယ်သူပြန်မေးနေရတယ်"ငါဘာလို့နမ်းမိသွားတာလည်းငါသူ့ကိုသဘောကျနေတာတော့မဖြစ်နိုင်ပါဘူးသူကယောက်ျားလေးလေသူကယောက်ျားလေးတစ်ယောက်ဖြစ်ပြီးဘာလို့ဒီလောက်ချစ်ဖို့ကောင်းနေရတာလည်း"ပြောရင်းသူ့ဘယ်ဘက်ရင်ကိုဖိကြည့်လိုက်‌ေတာ့ခါတိုင်းထပ်ပိုပြီးခုန်တာမြန်နေတယ်"ငါဘာလို့ရင်တွေခုန်နေတာလည်းဒါနဲ့သူ့နှုတ်ခမ်းဖူးဖူးလေးတွေကအရမ်းချိုမြိန်တာဘဲ"သူတွေးရင်းတစ်ချက်ပြုံးလိုက်မိတယ်ချက်ချင်းအသိဝင်လာတော့"ရားဟာရူတိုမင်းဘာတွေလျှောက်တွေးနေတာလဲခဏတာရူးသွားလို့နမ်းလိုက်မိတာမင်းဘာခံစားချက်မှမရှိဘူး"ပြောရင်းမျက်လုံးကိုအတင်းမှိတ်ထားလိုက်ပြီးတော့အိပ်ပျော်အောင်ကြိုးစားလိုက်တယ်
ဟာရူတိုကတကယ်တော့လေဂျွန်ဂယူကိုစမြင်ကတည်းကသူရင်ခုန်မိတာတော့အမှန်ပါဘဲဂျွန်ဂယူရဲ့မျက်လုံးဝိုင်းဝိုင်းလေးတွေပါးဖောင်းဖောင်းလေးတွေကိုသူငေးကြည့်နေမိတယ်ဂျွန်ဂယူနဲ့ပတ်
သက်တဲ့သူ့ခံစားချက်တွေကမဖြစ်နိုင်ပါဘူးဆိုပြီးသူတွေးလိုက်တယ်ခံစားချက်ကိုမဝန်ခံချင်ဘူးသူလက်မခံနိုင်ဘူးပေါ့နော်
*********
At7:00am
DY:ရားကင်ဂျွန်ဂယူရေ ကင်ဂျွန်ဂယူ ထတော့
ဒိုယောင်းရဲ့နေ့စဉ်မနက်ခင်းအလုပ်လေးကတော့ဂျွန်ဂယူကိုနိုးရတာပါဘယ်လောက်နိုးနိုးဟိုကမထဘူး"ဂျွန်ဂယူရာထတော့"
Kyu:5မိနစ်ဘဲထပ်အိပ်ပါရစေ
DY:ထပ်မအိပ်နဲ့တော့မျက်နာသစ်ပြီးရေချိုးရဦးမယ်လေထတော့ငါမနက်စာသွားလုပ်လိုက်ဦးမယ်မင်းမြန်မြန်ဆင်းလာနော်
ဒိုယောင်းပြောပြီးတာနဲ့အခန်းထဲကထွက်လာပြီးမနက်စာချက်ပြုတ်နေသည်မနက်စာကိုတော့အမြဲတမ်းဒိုယောင်းကဘဲပြင်ပေးတာဂျွန်ဂယူကတော့ဘယ်တော့မှစောစောမနိုးတာကြောင့်စောစောထတဲ့ဒိုယောင်းကဘဲမနက်စာကိုပြင်ရခြင်းဖြစ်တယ်

First Love 💙Where stories live. Discover now