Ep5

348 53 7
                                    

ဂျွန်ဂယူနဲ့ဒိုယောင်းနှစ်ယောက်သားDramaကြည့်နေကြသည်ရုတ်တရက်လူခေါ်တဲ့ဘဲလ်အသံမြည်လာသည်"ဒိုယောင်းရာဘယ်သူလာတာလည်းမသိဘူးသွားကြည့်လိုက်ပါဦး" "အမ်အိုကေ"
ဒိုယောင်းလည်းအပြေးလေးသွားပြီးကြည့်လိုက်တယ်"ဘယ်သူပါလဲ ဟမ်ဂျီဟွန်းတို့လား မင်းတို့ဘယ်လိုဖြစ်ပြီးရောက်လာတာလဲ"
ဂျီဟွန်း၊ဟွန်းဆော့၊ယဲဒမ်၊ယိုရှီ၊မာရှီဟိုနဲ့ဂျောင်ဟွမ်းတို့ဘဲဖြစ်တယ်
JH:လာလည်တာပေါ့ကွာဂျွန်ဂယူနေမကောင်းဘူးမဟုတ်လား
DY:ဪအမ်အမ်ဝင်လာလေ
Kyu:ဒိုယောင်းရာဘယ်သူလာလို့လည်း
DY:ဂျီဟွန်းတို့လာလည်တာ
JH:သက်သာပြီးလာဂယူ
Kyu:အမ် မင်းတို့ကဘယ်လိုဖြစ်ပြီးရောက်လာတာလည်း
SJW:ငါလည်းပါတယ်နော်
Kyu:ဂျောင်ဟွမ်းနီး မင်းတို့ကလည်းငါဘာမှမဖြစ်ပါဘူးကွာတကူးတကကြီး
HS:ငါတို့ကမင်းသက်သာရဲ့လားသိချင်လို့မင်းတို့အိမ်ကိုလည်းရောက်ဖူးတယ်ရှိအောင်လို့ပါ
JH:မင်းအတွက်မုန့်တွေလည်းဝယ်လာပေးတယ်
Kyu:မလိုပါဘူးကွာမင်းတို့လည်းတူတူစားပေါ့ပေးငါသွားပြင်ပေးမယ်‌
DY:ငါ့ကိုဘဲပေးမင်းဂျီဟွန်းတို့နဲ့နေလိုက်နေကောင်းတာလည်းမဟုတ်ဘဲနဲ့
ဒိုယောင်းပြောရင်းဂျီဟွန်းတို့ယူလာပေးတဲ့မုန့်တွေကိုယူပြီးမီးဖိုချောင်ထဲကိုဝင်သွားသည်

ဂျွန်ဂယူလည်းဂျီဟွန်းတို့နဲ့အတူစကားထိုင်ပြောနေလိုက်တယ်
SJW:ဂယူသက်သာရဲ့လားမနေ့ကငါတို့ကိုမပြောမဆိုနဲ့ပြန်သွားတယ်
Kyu:ဆောရီးပါကွာမင်းတို့စိတ်ပူမှာဆိုးလို့အခုငါဘာမှမဖြစ်တော့ပါဘူး
YD:ဂယူ မင်းနဲ့ဒိုယောင်းနှစ်ယောက်တည်းနေတာလား
Kyu:အမ်ဟုတ်တယ်ဪငါတို့အခန်းကိုဝင်ကြည့်မလား လာခဲ့
ပြောရင်းဂျီဟွန်းတို့ကိုသူနဲ့ဒိုယောင်းအခန်းကိုပြဖို့ဆွဲခေါ်သွားတယ်အရင်ဆုံးဒိုယောင်းအခန်းကိုအရင်ဝင်ကြည့်ကြတာပေါ့နော်
SJW:ဂယူမင်းအခန်းကော
DY:အမလေးဂျောင်ဟွန်းရယ်ငါ့အခန်းထဲရောက်တာမကြာသေးဘူးဂယူအခန်းကိုကြည့်ချင်နေပြီးပေါ့ငါ့အခန်းကမလှလို့လား
Kyu:ဪဒိုယောင်းရားပြင်ပြီးပြီလား
DY:မင်းတို့စားကြတော့မလား
JH:မစားသေးဘူးဂယူအခန်းကိုအရင်ကြည့်ရအောင်
ဂျွန်ဂယူလည်းသူ့အခန်းကိုလိုက်ပြရတယ်
SJW:ဂယူအခန်းကသပ်ရပ်ပြီးရိုးရှင်းတယ်နော်
DY:ငါ့အခန်းကညစ်ပတ်နေလို့လား
SJW:ဟဲဟဲမဟုတ်ပါဘူး
Kyu:မင်းတို့ကြည့်ပြီးပြီးဆိုတော့မုန့်စားကြတော့လေ
ဧည့်ခန့်မှာမုန့်အတူတူထိုင်စားပြီးစကားတွေပြောနေကြတာပေါ့နော်
HS:ဂျောင်ဟွမ်း မင်းခါတိုင်းဆိုပိတ်ရက်မှာရူတိုတို့နဲ့အတူရှိနေကြမဟုတ်လား
MSH:အေးလေဒီနေ့မှထူးထူးဆန်းဆန်း
SJW:ဂယူနေမကောင်းတော့သတင်းလာမေးတာလေငါ့သူငယ်ချင်းနေမကောင်းတဲ့ဟာကိုငါလာကြည့်သင့်တာပေါ့
JH:အမလေးဆိုးဂျောင်ဟွမ်းတို့ကတော့
Kyu:လာပေးလို့ကျေးဇူးပါကွယ်ငါမနေ့ကတည်းကသက်သာသွားပါပြီး
📱📱
စကားပြောနေရင်းဂျွန်ဂယူရဲ့ဖုန်းအသံမြည်လာသည်သူကြည့်လိုက်တော့ဟာရူတို
Junkyu pov:ရူတိုကငါ့ကိုဘာလို့ဖုန်းခေါ်တာလဲ
DY:ဂယူဘယ်သူ့ဖုန်းမို့လို့လဲ
Kyu:ငါဖုန်းခနသွားပြောလိုက်ဦးမယ်နော်
ပြောရင်းထသွားတဲ့ဂျွန်ဂယူ ဒိုယောင်းကတော့ဖုန်းဆက်လာတဲ့သူ့နာမည်ကိုမြင်လိုက်တာကြောင့်ဘာမှပြန်မပြောလိုက်
JH:ဘယ်သူဆက်တယ်ထင်လဲ
YS:ဘယ်သိမလဲကွယ်သူ့ကောင်မလေးလား
SJW:ဟမ်ဂယူမှာကောင်မလေးရှိတာလား
ယိုရှီစကား‌ေကြာင့်ဂျောင်ဟွမ်းတစ်ယောက်လန့်သွားတယ်
DY:မရှိပါဘူးဒီအတိုင်းသူ့အသိဖြစ်မယ်
YD:မင်းမျက်နှာကဘာဖြစ်တာလည်းဂျောင်းဟွမ်းသဝန်တိုနေတာလား
ဟိုကစပြောတော့ဂျောင်ဟွမ်းတစ်ယောက်ရှက်သွားသည်"မဟုတ်ပါဘူးကွာ"
JH:အမှန်တိုင်းပြောပါမင်းဂယူကိုသဘောကျတယ်ဟုတ်
DY:ဟမ်မင်းကောဂယူကိုကြိုက်နေတာလား
MSH:ဂျောင်ဟွမ်းအပြင်ဘယ်သူကဂယူကိုကြိုက်နေသေးတာလည်း
DY:ငါစကားပြောမှားသွားလို့ပါကွာ
SJW:အမှန်တိုင်းပြောရရင်ငါဂယူကိုသဘောကျတယ်ပထမဆုံးစတွေ့ကတည်းက ဂယူကချစ်ဖို့ကောင်းလို့
HS:နောက်ဆုံးတော့သူဝန်ခံလိုက်ပြီး
SJW:ဟဲဟဲမင်းတို့ဂယူကိုပြန်မပြော‌နဲ့နော်
All:အေးပါကွာ
*****
ရူတိုဖုန်းဆက်လာလို့အထဲမှာမပြောချင်လို့အပြင်ထွက်ပြောလိုက်တဲ့ဂျွန်ဂယူတစ်ယောက်
Kyu:hello
ရူတိုတစ်ယောက်မနေ့ကကြောင့်သူ့ဖုန်းကိုဂျွန်ဂယူမကိုင်မှာသူနည်းနည်းစိတ်ပူမိသည်
Ruto:မင်းဘာလုပ်နေလဲ
Kyu:ဂျီဟွန်းတို့အိမ်လာလည်လို့မုန့်စားရင်းစကားပြောနေကြတာ
Ruto:ဪဘေးမှာသူတို့ရှိတယ်ပေါ့
Kyu:မရှိပါဘူးငါအပြင်ထွက်ပြောတာဘာပြောဖို့လဲဖုန်းဆက်တာ
Ruto:ခနထွက်လာခဲ့လို့ရလား
Kyu:ဟမ်အခုလား
Ruto:ငါမင်းတို့တိုက်အရှေ့မှာစောင့်နေမယ်
Kyu:ငါ
ဂျွန်ဂယူစကားမဆုံးခင်ဖုန်းချသွားတဲ့ရူတိုရယ်ပါ
JH:ဘယ်သူ့ဖုန်းမို့လို့လဲ
Kyu:ဟမ်အဲ့တာကလေ ငါ မီးယားနဲယောငါအပြင်တစ်ချက်သွားစရာရှိလို့ဒီလမ်းထဲမှာဘဲမင်းတို့ဒိုယောင်းနဲ့ခဏနေလိုက်နော်
SJW:ဟမ်မင်းဘယ်သွားမလို့လဲ
Kyu:သူငယ်ချင်းရောက်နေလို့ငါပြန်လာခဲ့မယ်နော်
ပြောရင်းထွက်သွားတဲ့ဂျွန်ဂယူကျန်ခဲ့တဲ့ဂျီဟွန်းတို့ကတော့ဂယူကထူးဆန်းနေတယ်ဆိုပြီးပြောရင်းကျန်ခဲ့သည်ဂျွန်ဂယူအောက်ဆင်းလာတော့သူ့ကိုတိုက်ခန်းအရှေ့မှာရပ်စောင့်နေတဲ့ဟာရူတို
သူဆင်းလာတာကိုမမြင်သေးတာကြောင့်သူ‌လှမ်းခေါ်လိုက်သည်"ဟာရူတို"
ရူတိုတစ်ယောက်အသံကြားလို့လှည့်ကြည့်လိုက်တော့ဂျွန်ဂယူကိုတွေ့လိုက်ရတယ်ဂျွန်ဂယူဆင်းလာပါ့မလားလို့သူတွေးနေတာသူ့သူငယ်ချင်းတွေလည်းရောက်နေတာဆိုတော့လေ
Kyu:ဟာရူတို ဘာလာလုပ်တာလဲ
Ruto:ဘာလဲငါလာလို့မရဘူးလာ
Kyu:ဟမ်အဲ့လိုသဘောမဟုတ်ပါဘူး ဘာပြောမလို့လဲ
Ruto:ဒီအတိုင်းငါလမ်းကြုံလို့
Kyu:ဪအိမ်ထဲဝင်ဦးမလားဂျောင်ဟွမ်းလည်းရှိတယ်
Ruto pov:ငါလိုက်ရမလားမလိုက်ရဘူးလား
Kyu:ဟာရူတို
Ruto:ဟမ်
Kyu:ဘာတွေတွေးနေတာလဲအိမ်ထဲဝင်ဦးမလားလို့
Ruto:အမ်
Kyu:အဲ့တာဆိုရင်သွားမယ်‌ေလဂျီဟွန်းတို့စောင့်နေတယ်
Ruto pov:သူကမ‌ေန့ကဖြစ်ခဲ့တာနဲ့ပတ်သက်ပြီးဘာမှမဖြစ်ဘူးထင်တယ်
အတွေးများစွာနဲ့ဂျွန်ဂယူနောက်ကိုလိုက်သွားလေသည်
အောက်ခဏဆင်းမယ်ပြောပြီးအခုထိမပြန်လာသေးတဲ့ဂျွန်ဂယူကိုဂျောင်ဟွမ်းတစ်ယောက်မျှော်နေမိ"ဂယူဘယ်သူနဲ့သွားတွေ့တာလဲမသိဘူးခဏလို့ပြောပြီးမပြန်လာသေးဘူး"
DY:မင်းကလည်းသူဆင်းသွားတာ၁၀မိနစ်ဘဲရှိပါသေးတယ်ကွာ
HS:မင်းကတအားကဲလွန်းတယ်ပြန်လာမှာပါ
သူတို့ပြောနေရင်းပြန်လာတဲ့ဂျွန်ဂယူ
DY:ဂယူပြန်လာပြီလား
JH&HS:ဟမ်ဟာရူတို
YS:ဟာရူတိုကဘယ်လိုဖြစ်ပြီးတော့
Kyu:လမ်းထိပ်မှာတွေ့ခဲ့တာ
DY:ဟုတ်လို့လား
ဒိုယောင်းကပြုံးပြုံးလေးမေးလိုက်တယ်
Kyu:ဟုတ်ပါတယ်ဆိုမှရူတိုဒီမှာလာထိုင်
SJW:ရူတိုမင်းကဘယ်လိုဖြစ်ပြီးတော့ဂျောင်ဝူးတို့နဲ့အတူအပြင်သွားကြတာမဟုတ်လား
Ruto:အမ်ဟုတ်တယ်လမ်းကြုံလို့
SJW pov:လမ်းကြုံစရာအကြောင်းရှိလို့လား
JH:ဟာရူတိုတို့သူများအိမ်လိုက်လည်တာငါတခါမှမကြားဖူးဘူးအခုတော့ပထမဆုံးလက်တွေ့မြင်ရတာဘဲဂျီဟွန်းအပြောကိုကျန်တဲ့သူတွေကပြုံးပြုံးကြီးထောက်ခံနေကြတယ်ဂျောင်ဟွမ်းကလွဲရင်ပေါ့နော်
Kyu:မင်းတို့ကလည်းလမ်းကြုံတယ်လို့ပြောပြီးပြီးမဟုတ်လားဟာရူတိုစားလေ တော့ပိုကီကိုမကြိုက်ဘူးလား
YD:ရူတိုက စားတတ်ပါ့မလား
DY:မင်းတို့ကလည်းဂျောင်ဟွမ်းတောင်စားတာဘဲကို
Ruto:ငါလည်းစားတတ်ပါတယ်ဒါပေမယ့်
SJW:ရူတိုကအစပ်မစားနိုင်ဘူးဟ
Kyu:ဟုတ်လား
Ruto:အမ်
Kyu:အဲ့တာဆိုခဏလေးနော်ချောကလတ်ကိတ်ရှိတယ်သွားယူပေးမယ် စကားထိုင်ပြောနေလိုက်
ပြောရင်းထသွားတဲ့ဂျွန်ဂယူပါတော်သေးလို့သူမနေ့ကဝယ်ထားတဲ့ကိတ်လေးမစားရသေးတာမဟုတ်ရင်ရူတိုအတွက်ဘာမှမရှိဘူးဖြစ်နေမယ်
ရောက်တက်ရာရာပြောနေကြရင်းဒိုယောင်းက
"ဂယူ ရူတိုကိုမင်းအခန်းလိုက်ပြလိုက်လေ"
Kyu:ဟမ် အမ် ငါ့အခန်းကြည့်ချင်လို့လားကြည့်ချင်မယ်မထင်ပါဘူး
Ruto:ကြည့်ချင်တယ်
ရူတိုကမငြင်းတာကြောင့်ဂျွန်ဂယူအံ့ဩသွားရသည် "ပြီးရောလာ လိုက်ခဲ့"အခန်းထဲဝင်သွားတဲ့နှစ်ယောက်ကိုပြုံးစိစိနဲ့ကြည့်ပြီးကျန်ခဲ့တာတော့ဂျီဟွန်းတို့ပေါ့နော်"ရူတိုနဲ့ဂယူကတစ်ခုခုဘဲ"ဂျီဟွန်းကပြောလိုက်တယ်
SJW:ဘာကိုတခုခုလည်း
JH:ဟဲဟဲငါလည်းမသိဘူး
****
ဂျွန်ဂယူရဲ့အခန်းကိုလှည့်ပတ်ကြည့်နေတဲ့ရူတိုပါ
Ruto:ကင်ဂျွန်ဂယူ
အခန်းထဲဝင်ပြီးကတည်းကငြိမ်နေတဲ့ရူတိုဆီကနေရုတ်တရက်သူ့နာမည်ကြားရတော့ဂျွန်ဂယူနည်းနည်းလန့်မိသွားသည် အသံကလည်းခပ်ဩဩဖြစ်နေတာဆိုတော့သူပိုလန့်မိသွားတယ်
Kyu:ဟမ်ပြောလေ
Ruto:အိမ်မှာမင်းနဲ့ဒိုယောင်းနှစ်ယောက်တည်းနေတာလား
Kyu:ဟုတ်တယ်ငါတို့မိဘတွေကအင်ချွန်းမှာဘဲ
Ruto:ဪ
စကားဝိုင်းကတဖန်ပြန်ငြိမ်သက်သွားသည်
ညနေ3နာရီတောင်ရှိသွားပြီးဆိုတော့ဂျီဟွန်းတို့လည်းပြန်ဖို့လုပ်ကြတာပေါ့
JH:ငါတို့ပြန်တော့မယ်နော်ဂယူ မနက်ဖြန်ကျောင်းမှာတွေ့ကြမယ်
Kyu:အိုကေ
*************
နောက်တစ်နေ့မနက်ကျောင်းရောက်တော့ယဲဒမ်ကအတန်းထဲကိုအလောတကြီးဝင်လာပြီး
YD:ဂျီဟွန်းရာ ဂျီဟွန်းရား
JH:ဘာတုန်းအလောတကြီးနဲ့
YD:ငါရုံးခန်းရှေ့ကနေဖြတ်တုန်းကပြောသံကြားတာတော့ငါတို့လေ့လာရေးခရီးသွားရမယ်ဆို
HS:ဟယ်တကယ်လား
JH:ထင်တာဘဲငါလည်းသေချာမသိဘူး
DY:တကယ်ဖြစ်ပါစေ
ဆရာဝင်လာတော့
T:မင်းတို့ကိုပြောစရာရှိတယ် ဆရာတို့ဒုတိယနှစ်က ကလေးတွေမနက်ဖြန်လေ့လာရေးခရီးသွားရမယ်တဲ့နှစ်ညအိပ်မယ် သွားမှာကဂျယ်ဂျူကိုမနက်ဖြန်မနက်7နာရီကျောင်းကိုအရောက်လာခဲ့ကြနော်
All:nae
T:ဆရာနည်းနည်းအလုပ်ရှုပ်နေလို့ဂျီဟွန်းရေ ကလေးတွေကိုကြည့်ထားနော်
JH:nae
ဆရာအတန်းထဲကထွက်သွားတော့
YD:ဂျယ်ဂျူကိုသွားရမှာတဲ့လားပျော်စရာကြီး
DY:ငါတော့အခုကတည်းကစိတ်လှုပ်ရှားနေပြီး
****
SJW:ဂယူမနက်ဖြန်လေ့လာရေးသွားရမှာဆိုတော့မပျော်ဘူးလား
Kyu:အမ်ပျော်တာပေါ့
Kyu pov:မပျော်စရာလားရူတိုနဲ့တူတူသွားရမှာကို
JW:ငါလည်းအခုကတည်းကပျော်နေပြီးဟိဟိ
ASH:ဒါနဲ့ရူတိုမင်းကမလိုက်ဘူးဟုတ်
YJH:ဒီကောင်ကတခါမှကိုမလိုက်ဘူးငယ်ငယ်ကတည်းကကျောင်းကနေသွားရတဲ့လေ့လာရေးခရီးတွေဆိုရင်ဘယ်တော့မှမသွားဘူး
Kyu pov:ဟယ်ရူတိုကမလိုက်ဘူးလာ
Ruto:ဘယ်သူပြောလည်းငါမသွားဘူးလို့
SJW:မင်းတကယ်လိုက်မှာလား
Ruto:အမ်
JW:တကယ်ကြီးလားထူးထူးဆန်းဆန်း
Kyu:ဘာလို့ထူးဆန်းတာလဲ
JW:ရူတိုကတခါမှကျောင်းကလူတွေနဲ့မသွားတာ
Ruto:မင်းတို့ကလည်းအခုကငါသွားချင်လို့ပေါ့(တကယ်တော့ဂျွန်ဂယူပါလို့ရူတိုကလိုက်တာပါ)
SJW:ဒါနဲ့ဂယူ
Kyu:အမ်
SJW:ငါတို့ဖုန်းနံပတ်ချင်းမလဲရသေးဘူးနော်
Kyu:အာဟုတ်သားဘဲ
ဂျွန်ဂယူလည်း‌ေဂျာင်ဟွမ်းကိုသူ့ဖုန်းနံပတ်ပေးလိုက်တယ်"မင်းငါ့နာမည်ကိုဘယ်လိုထည့်ထားလဲ"ဂျောင်ဟွမ်းသိချင်စိတ်ကြောင့်ဂျွန်ဂယူကိုမေးလိုက်တယ်"ဂျောင်ဟွမ်းနီးလို့မှတ်ထားတယ်လေဘာဖြစ်လို့လဲ"
SJW:ဟဲဟဲဘာမှမဖြစ်ဘူး
Ruto pov:ဂျောင်ဟွမ်းနီးလို့မှတ်ထားတာပေါ့လေ(ဂျေဝင်နေပါပြီး)
Ruto:ကင်ဂျွန်ဂယူ
Kyu:ဟမ်
Ruto:မင်းငါ့ဖုန်းကိုလည်းဘယ်လိုမှတ်ထားလဲ
Kyu:ဟာရူတိုလေ
Ruto pov:ဘာလို့ငါ့ကိုကျတော့ဟာရူတိုလဲ
SJW:ရူတိုနဲ့ဖုန်းနံပတ်ချင်းဘယ်တုန်းကလဲထားတာလဲ
Kyu:အဲ့တာကမနေ့ကအိမ်လာတုန်းက
ဂျွန်ဂယူလိမ်ပြောလိုက်တာကြောင့်ရူတိုနည်းနည်း‌ေတာ့စိတ်တိုသွားသည်
*******
ညနေကျောင်းဆင်းတော့ဂယူနဲ့ဒိုယောင်းကအဝတ်အစားတွေပါသွားဝယ်ဖို့လုပ်ထားတယ်
ဒိုယောင်းကသူ့အတွက်ထက်ဂျွန်ဂယူအတွက်ဝယ်ဖို့သွားတာပါဂျွန်ဂယူကအဝတ်အစားတွေသိပ်ဝယ်လေ့မရှိတာကြောင့်ဒိုယောင်းကဝယ်ခိုင်းနေတာပါ
JH:ဂျွန်ဂယူတို့မနက်ဖြန်မှတွေ့ကြမယ်နော်ဘိုင်း
Kyu:အမ်ကောင်းကောင်းပြန်ကြ
Time skip
ဂျွန်ဂယူတို့လည်းအဝတ်စားတွေသွားဝယ်ပြီးပြန်လာတော့ခနနားပြီးရေချိုးပြီးညစာစားကြတာပေါ့နော်ပြီးတာနဲ့မနက်ဖြန်သွားဖို့အတွက်ပြင်ဆင်ကြတာပေါ့ဂျွန်ဂယူအဝတ်စားတွေထည့်နေတုန်း📱ဖုန်းမြည်လာတယ်သူကြည့်လိုက်တော့ခေါ်တဲ့ဂျောင်ဟွမ်းနီး
Kyu:‌hello ဂျောင်ဟွမ်းရားဘာလုပ်ဖို့လဲ
SJW:မင်းဘာလုပ်နေလဲ
Kyu:မနက်ဖြန်အတွက်အဝတ်စားထည့်နေတယ်နင်ကကောမအိပ်သေးဘူးလား
SJW:အမ်ငါအိပ်မပျော်သေးလို့စိတ်လှုပ်ရှားနေတယ်
Kyu:ငါကောဘဲပင်လယ်သွားရမှာဆိုတော့တကယ်စိတ်လှုပ်ရှားနေတယ်သူငယ်ချင်းတွေနဲ့အတူတူဆိုတော့ပျော်‌ဖို့ကောင်းမယ်ထင်တယ်
SJW:ဂယူကပင်လယ်ကိုကြိုက်လား
Kyu:အမ်ဒါပေါ့
SJW:ဟုတ်လားငါကောဘဲအဲ့တာကြောင့်စိတ်လှုပ်ရှားပြီးအိပ်မပျော်ဘူးဖြစ်‌ေနတယ်
Kyu:မင်းကလည်းအိပ်ပျော်အောင်‌ေတာ့အိပ်ပါကွာမဟုတ်ရင်အိပ်ရေးပျက်ထားရင်ပင်ပန်းနေလိမ့်မယ်
SJW:အေးပါကွာ
Kyu:ဂျောင်ဟွမ်းရားပြောစရာမရှိတော့ရင်ငါဖုန်းချလိုက်တော့မယ်နော်ငါပြင်ဆင်လို့မပြီးသေးလို့
SJW:အမ်အိုကေစောစောအိပ်နော်
Kyu:အေးပါကွာမင်းသာအိပ်ပျော်အောင်အိပ်
SJW:အမ်goodnightနော်ဂယူ
Kyu:အမ်
ဂျွန်ဂယူနဲ့ဖုန်းပြောပြီးသွား‌ေတာ့ဂျောင်ဟွမ်းတစ်ယောက်ပြုံးတာမရပ်တော့ဘူးသူ့အတွေးတွေနဲ့ပျော်နေပြီးမနက်ဖြန်က ဂျွန်ဂယူနဲ့တူတူသွားရမှာ‌ဆိုတော့သူအရမ်းစိတ်လှုပ်ရှားပြီးပျော်နေသည် ဂျွန်ဂယူတစ်ယောက်အဝတ်အစားတွေထည့်တာပြီးတော့အိပ်ဖို့ပြင်လိုက်သည်
📱📱
ဖုန်းသံကြောင့်ကြည့်လိုက်တော့ဟာရူတို
Junkyu pov:ရူတိုကဘာလို့ဒီအချိန်ကြီးဆက်တာလဲ
Kyu:hello
Ruto:အိပ်နေပြီလား
Kyu:အမ်အခုဘဲအိပ်မလို့ဘာလုပ်ဖို့လဲဒီအချိန်ကြီးဆက်တာ
Ruto:စောစောကတည်းကငါဆက်တာမင်းဘယ်သူနဲ့ဖုန်းပြောနေတာလဲ
Kyu:ဪဂျောင်ဟွမ်းနီးဖုန်းဆက်တဲ့အချိန်ဖြစ်မယ်သူနဲ့ပြောနေတာ
Ruto:ဂျောင်ဟွမ်းနီးနဲ့လား
Kyu:အမ် မင်းကဘာပြောဖို့လဲ
Ruto:ဘာမှမပြောဘူး
Kyu:ဟမ် ဘာမှမပြောရင်ဘာလို့ဆက်တာလဲ
Ruto:မနက်ဖြန်မင်းတကယ်သွားမှာလား
Kyu:အေးလေ
Ruto:အဲ့တာဆိုရင်အိပ်တော့မနက်ဖြန်မှတွေ့မယ်
Kyu:မင်းကတကယ်လိုက်‌ဖို့လား
Ruto:အေးလေဘာလည်းငါလိုက်လို့မရဘူးလာ
Kyu:အဲ့လိုမဟုတ်ပါဘူး
Ruto:ဒါဘဲအိပ်တော့
Kyu:အမ်
Junkyu pov:‌ရူတိုကတကယ်သွားမယ်ထင်တယ်အဲ့တာဆိုရင်မနက်ဖြန်ကငါ့အတွက်အရမ်းအဖိုးတန်တဲ့နေ့လေးဘဲဂျွန်ဂယူတစ်ယောက်တွေးရင်းအိပ်ပျော်သွားသည်(ပြောချင်တာကဂယူက‌ေလရူတိုကိုသဘောကျပေမယ့်အေးအေးဘဲနေ‌ေနတာဒီအတိုင်းရူတိုဆီကဘာမှမမျှော်လင့်ချင်ဘူးရူတိုမှာချစ်တဲ့သူရှိတယ်ဆိုတဲ့အသိကြောင့်သူ့ခံစားချက်တွေကိုအတတ်နိုင်ဆုံးသူဖုံးကွယ်ထားလိုက်တာပါ)

မနက်ဖြန်ကျရင်ဂျယ်ဂျူဒိုကိုသွားကြမှာဆိုတော့
အဲ့မှာဘာတွေဆက်ဖြစ်မလဲ??ရူတိုကကောဂယူနဲ့ပတ်သတ်ပြီးသူ့ခံစားချက်ကိုသေချာသိသွားမလားဆိုတာကတော့.........
********************
မျှော်နေတဲ့သူရှိမယ်ထင်လို့အပ်ပေးလိုက်ပါတယ်နော်ဒီ‌ညနေလည်းဂျပေါင်ကန်လေးကောသူ့အစ်ကိုကောတူတူပေါ်လာတာကြောင့်အပ်ပေးလိုက်တာပါနော်ဟိဟိ🤗ဒီအပိုင်းကနည်းနည်းတော့ရိုးရှင်းနေပါတယ်နောက်အပိုင်းကတော့
Coming soonပါဂျယ်ဂျူဒို‌မှာတွေ့ကြမယ်နော်
ဖတ်ပေးတဲ့တစ်ယောက်ချင်းစီတိုင်းကိုကျေးဇူးပါလို့💙














First Love 💙Where stories live. Discover now