Ep10

437 52 15
                                    

ဂျယ်ဂျူဒိုရဲ့မနက်ခင်းနေရောင်လေးကတကယ်ကိုလှပလွန်းတယ် နောက်ဆုံးတော့ဂျယ်ဂျူဒိုကိုနှုတ်ဆက်ရတော့မယ်ပေါ့

အားလုံးအထုပ်ကိုယ်စီပြင်နေကြတဲ့အချိန်မှာဘဲပတ်ဂျီဟွန်းက"ဂျွန်ဂယူမင်းနှုတ်ခမ်းကဘာဖြစ်တာလဲ"

ဂျီဟွန်းစကားကြောင့်ဒိုယောင်းနဲ့ရူတိုပါဂျွန်ဂယူကိုကြည့်လိုက်တယ် ရူတိုကတော့ပြုံးစိစိနဲ့ဂယူနှုတ်ခမ်းကိုကြည့်နေတာပေါ့သူပေးထားတဲ့အချစ်ဒဏ်ရာလေးကိုကြည့်ပြီးကျေနပ်နေတယ်လေ
"အာ ဒါက အပူကန်လို့ဖြစ်မယ်"

ပါးလေးတွေနီရင်းဖြေနေတဲ့အကောင်ပေါက်လေးကိုကြည့်ရင်းရူတိုပြုံးမိတယ်

Jihoon:ဪ အကုန်ပြီးရင်အပြင်ထွက်ရအောင်ငါတို့ကိုစောင့်နေကြပြီးထင်တယ်

Ruto:မင်းတို့နှစ်ယောက်အရင်ထွက်နှင့်ငါဂျွန်ဂယူကိုပြောစရာရှိလို့

ရူတိုစကားကြောင့်ဂျီဟွန်းနဲ့ဒိုယောင်းနှစ်ယောက်သားတစ်ယောက်မျက်နှာတစ်ယောက်ကြည့်ကာပြုံးရင်း"အိုကေအိုကေအေးဆေးပြောကြနော်ငါတို့သွားပြီး"

ဒိုယောင်းတို့ထွက်သွားတော့

"ရူတိူဘာပြောမလို့လဲ"

"ဘာမှမပြောဘူးဂယူနှုတ်ခမ်းကိုဆေးလိမ်းပေးမလို့ "

ပြောရင်းနှုတ်ခမ်းကိုလာနမ်းတဲ့ကောင်လေးကြောင့်ဂျွန်ဂယူပါးလေးတွေနီးရဲလာပြန်သည်

"နာနေသေးလား"
မေးရင်းနှုတ်ခမ်းကဒဏ်ရာကိုဖွဖွလေးကိုင်ပြီးဆေးလိမ်းပေးနေတဲ့ကောင်လေး

"ဟင်အင့်နည်းနည်းပါဘဲ"

"ပြီးရင်မြန်မြန်ထွက်ရအောင်ဒိုယောင်းတို့စောင့်နေပြီး"

"အမ် သွားမယ်"

ပြောရင်းရုတ်တရက်လက်ကိုကိုင်လိုက်တဲ့ရူတိုကြောင့်ဂျွန်ဂယူခြေလှမ်းတို့ရပ်တန့်သွားခဲ့သည်

"ဘာဖြစ်လို့လဲဂယူ"

"လက်မကိုင်နဲ့ဦးဒိုယောင်းတို့ရှိတယ်လေ"

ပါး‌ဖောင်းဖောင်လေးနဲ့နှုတ်ခမ်းဆူကာပြောနေတဲ့အကောင်ပေါက်ကလေးကိုကြည့်ရင်းရူတိုအသဲယားလာတာကြောင့်ပါးလေးနှစ်ဖက်ကိုဆွဲညစ်မိလိုက်သည်
"ဟုတ်ပါပြီးဗျာမကိုင်နဲ့ဆိုလည်းမကိုင်ပါဘူး"

First Love 💙Where stories live. Discover now