Ep6

358 54 3
                                    

ဒီနေ့ရဲ့မနက်‌ခင်းလေးမှာတော့ဂျွန်ဂယူတစ်ယောက်ဒိုယောင်းလာနိုးစရာမလိုဘဲစောစောထမိတယ်ဒီနေ့ကလေ့လာရေးခရီးသွားရမယ်ဆိုတော့နောက်ကျလို့မဖြစ်ဘူးလေညကအတွေးများစွာနဲ့တော်ရုံအိပ်မပျော်ခဲ့ပါဘူး
DY:ဂယူရေနိုးပြီလား
အခန်းဝကနေတံခေါက်လာခေါက်တဲ့ဒိုယောင်း
Kyu:အမ်အခုဘဲနိုးတယ်
DY:အမ်ပြီးရော
ဂျွန်ဂယူလည်းရေချိုးခန်းထဲအမြန်ဝင်ပြီးမျက်နှာသစ်ဖို့လုပ်တာပေါ့နော်အကုန်ပြင်ဆင်ပြီးတော့ထွက်လာခဲ့တယ်ဒိုယောင်းကမနက်စာတောင်ပြင်ပေးထားပြီးပြီးရိုးရိုးရှင်းရှင်းပေါင်‌မုန့်နဲ့နွားနို့လေးပါဘဲမနက်စာစားပြီးတော့နှစ်ယောက်လုံးအိမ်ကနေထွက်လာခဲ့တယ်ဘတ်စ်ကားစောင့်နေတုန်းဒိုယောင်းဖုန်းမြည်လာတယ်ဖုန်းခေါ်လာတဲ့သူကဟွန်းဆော့
DY:hello
HS:မင်းတို့လာပြီလား
DY:ငါတို့ထွက်လာပြီးအခုဘတ်စ်ကားမှတ်တိုင်မှာမင်းတို့ရောက်နေပြီလား
HS:ငါတို့အခုဘဲရောက်တာ
DY:အမ်ကားလာပြီးဖုန်းချလိုက်တော့မယ်နော်ကျောင်းမှာတွေ့ကြမယ်
HS:အိုကေအိုကေ
ကားပေါ်ရောက်တော့ဂျွန်ဂယူတစ်ယောက်အိပ်နေပြန်သည်
DY:ဂယူအိပ်နေပြန်ပြီလားမင်းညကစောစောမအိပ်ဘူးလား
Kyu:ရောက်ရင်ငါကိုနိုးနော်
******
ကျောင်းရောက်တော့ဂျွန်ဂယူပထမဆုံးလိုက်ရှာနေမိတာကရူတိုကိုပေါ့ တွေ့ပါပြီးဂျောင်ဟွမ်းတို့နဲ့တူတူရပ်နေတဲ့ဟာရူတို"ဂယူဘာငေးနေတာလဲ"
Kyu:ဟမ် ဘာမှမဟုတ်ပါဘူး
DY:ဂျီဟွန်းတို့ဆီသွားမယ်
ဂျီဟွန်းတို့ဆီကိုရောက်တော့
JH:မင်းတို့လာပြီပေါ့ဒါနဲ့ဂျွန်ဂယူကအခုမှနိုးလာတာလား
DY:ဟုတ်တယ်ကားပေါ်မှာအိပ်လာတာလေလှုပ်တောင်မလှုပ်ဘူး
Kyu:မင်းကလဲ
"ညကစောစောမအိပ်ဘူးလား"ခပ်ဩဩအသံနဲ့မေးလာတဲ့သူကိုလှည့်ကြည့်စရာမလိုပါဘူးသေချာပေါက်ဟာရူတိုပါဘဲ
Kyu:စောစောအိပ်ပါတယ်
SJW:ဟုတ်လို့လားဂယူရယ်ညကငါ့ကိုပြောတာတော့စိတ်လှုပ်ရှားနေလို့အိပ်မပျော်ဘူးဆို
Kyu:အဲ့တာက
YD:Aigoနှစ်ယောက်ကညဘက်ဖုန်းတွေပါပြောနေကြပြီလား
ယဲဒမ်စပြောတော့ဂျောင်ဟွမ်းကနည်းနည်းရှက်သွားပေမယ့်ဂျွန်ဂယူကတော့ဘာမှကိုမဖြစ်ဘူး
Kyu:အေးလေသူငယ်ချင်းအချင်းချင်းဘဲကိုဖုန်းပြောမှာပေါ့အဲ့တာဘာဖြစ်လို့လဲ
ဂျွန်ဂယူကကြောင်တောင်တောင်နဲ့ပြန်မေးတယ်
JH:ဒါပေါ့ဒါပေါ့သူငယ်ချင်းဆိုတော့ဖုန်းပြောကြတာသဘာဝဘဲလေနော်ဒါနဲ့မင်းတို့5ယောက်ကကင်ဂျွန်ဂယူပြောင်းလာမှငါတို့နဲ့စကားပြောဖြစ်တာနော်အခုလည်းငါတို့ဘက်ကိုလာတာဂယူရောက်လာလို့မဟုတ်လား
ဂျီဟွန်းတစ်ယောက်ခပ်ပြုံးပြုံးနဲ့စနှောက်ပြီးမေးသည်ဂျီဟွန်းပြောတာလည်းဟုတ်တယ်အမြဲတမ်းသီးသန့်နေတတ်တဲ့5ယောက်ကဂျွန်ဂယူပြောင်းလာမှဂျီဟွန်းတို့နဲ့နည်းနည်းရင်းနှီးလာတာအထူးသဖြင့်ဟာရူတို အရင်ကဘယ်သူ့ကိုမှအဖက်မလုပ်ဘဲခပ်ချေချေနေတတ်တဲ့ကောင်လေးကဂျွန်ဂယူပြောင်းလာမှအရင်လိုချေတတ်တဲ့ပုံစံလေးက‌ေနတဖြေးဖြေးသိသိသာသာကိုပြောင်းလဲလာတာမဟုတ်လား
JW:အဲ့တာဂျောင်ဟွမ်းပေါ့ဂျွန်ဂယူဆီသွားမယ်ဆိုလို့ငါတို့လိုက်လာတာပါနော်
SJW:မင်းတို့ကလည်းငါတို့ကအတန်းဖော်တွေမဟုတ်လားအဲ့တော့ငါတို့အားလုံးကသူငယ်ချင်းဘဲလေဟုတ်တယ်မလားဂယူ
Kyu:အမ်ဒါပေါ့
"ကလေး‌တို့ရေကားပေါ်တက်ကြတော့"
JH:ကားရောက်ပြီးတဲ့လာသွားကြမယ်
ပြောရင်းကားဆီသို့အမြန်ပြေးသွားကြတယ်
ဂျွန်ဂယူလည်းကားရှိရာနေရာသို့သွားနေတဲ့အချိန်မှာ"ကင်ဂျွန်ဂယူ"ခေါ်သံကြောင့်အနောက်ကိုလှည့်ကြည့်လိုက်တော့ဟာရူတို
Kyu:ဟမ်
Ruto:ရော့
ပြောရင်းသူ့ဆီကိုကမ်းပေးလာတဲ့Colaဗူးလေး
Ruto:1+1ရလို့
Kyu:စောစောစီးစီcolaသောက်တယ်ပေါ့လေ
Ruto:ဘာဖြစ်လဲ
Kyu:စောစောစီးစီးအအေးမသောက်ရဘူးလေပြီးတော့Colaကများများသောက်လို့မကောင်းဘူး
Ruto:စကားတော်တော်များတာဘဲမယူဘူးလာ
Kyu: ........
Ruto:ပေးချင်လို့မဟုတ်ဘူးနော်တစ်ဗူးပိုနေလို့
(အပိုတွေ‌ေပြာနေပြန်ပြီး🙄)
Kyu:ယူပါ့မယ်
"ဂျွန်ဂယူတို့ဘာလုပ်နေလဲမဝင်ဘူးလာ"
ဒိုယောင်းကလှမ်းအော်လိုက်သည်
Kyu:ကားပေါ်တက်မယ်
သူတို့နှစ်ယောက်ကနောက်ဆုံးမှဝင်လာတာကြောင့်နောက်ဆုံးတန်းကခုံမှာတူတူထိုင်ရသည်
ဂျွန်ဂယူကတော့ရူတိုနဲ့အတူထိုင်ရတာကြောင့်စိတ်ထဲမှာပျော်နေသည်ဒါပေမယ့်ထုံးစံအတိုင်းအေးအေးလေးနဲ့ပုံမှန်ဘာမှမဖြစ်သလိုပါဘဲကားစီးနေရင်းဂျွန်ဂယူတစ်ယောက်ငိုက်လာသည်ဘေးမှာရူတိုရှိတာကြောင့်အတတ်နိုင်ဆုံးမငိုက်အောင်နေ နေရတယ်ဒါပေမယ့်မကြာပါဘူးဂျွန်ဂယူရဲ့ခေါင်းလုံးလုံးလေးကရူတိုရဲ့ပုခုံပေါ်ကိုကျရောက်လာပါတော့တယ်ရုတ်တရက်ဆိုတော့ရူတိုလည်းလန့်သွားတာပေါ့နော်ဂျွန်ဂယူအိပ်ပျော်နေတာလေးကိုရူတိုလည်းတစ်ချက်ချက်ငုံကြည့်နေမိတယ်ပြီးတော့စိတ်ထဲကနေ"ချစ်ဖို့ကောင်းလိုက်တာ"ဆိုပြီးရေရွတ်လိုက်တယ်နောက်တော့ရူတိုလည်းကားမှန်ပြတင်းပေါက်ကိုမှီရင်းအိပ်ပျော်သွားတယ်ဂျွန်ဂယူကတော့သူ့ပုခုံးထက်မှာဘဲပေါ့
ဂျယ်ဂျူဒိုရောက်ခါနီးမှဂျွန်ဂယူကနိုးလာတယ်
Kyu pov:ငါအကြာကြီးအိပ်ပျော်သွားတယ်ကော
နောက်မှသူရူတိုရဲ့ပုခုံးကိုမှီထားတာမှန်းသိတော့ချက်ချင်းခေါင်းထောင်လိုက်တယ်ဘေးကိုကြည့်လိုက်တော့အိပ်ပျော်နေတဲ့ရူတို
Kyu:ငါဘယ်လိုဖြစ်လို့ရူတိုပုခုံးကိုမှီပြီးအိပ်ပျော်သွားတာလဲတစ်လမ်းလုံးသူ့ပုခုံးကိုမှီထားမိတယ်သူကလည်းဘာလို့ငါ့ကိုမနိုးလဲ‌တော်သေးလို့ပေါ့ကျန်တဲ့သူတွေလည်းအိပ်ပျော်နေလို့
"ဂျယ်ဂျူဒိုရောက်ပြီးအားလုံးထကြတော့ဆင်းလို့ရပြီး"တွေးနေတုန်းဆရာကလှမ်းပြောသည်ကျန်တဲ့ကလေးတွေလည်းအကုန်နိုးလာတယ်ရူတိုကလွဲရင်ပေါ့
JH:နောက်ဆုံးတော့ဂျယ်ဂျူဒိုရောက်ပြီး
HS:လာဆင်းရအောင်
ဂျွန်ဂယူလည်းရူတိုကိုနိုးဖို့ပြင်လိုက်သည်
Kyu:ရူတိုရား ရူတိုထတော့ဂျယ်ဂျူကိုရောက်ပြီခေါ်သံကြောင့်ရူတိုလည်းနိုးလာသည်မျက်လုံးကတော့မှိတ်ထားဆဲ"အမ်ရောက်ပြီလား"
Kyu:အမ်ထတော့ကားပေါ်ကဆင်းရအောင်
Ruto:အမ်
"ဂယူရားမဆင်းသေးဘဲဘာလုပ်နေလဲ"
ဒိုယောင်းကကားပေါ်ကဆင်းခါနီးလှမ်းပြောလိုက်တယ်"အမ်လာပြီးအရင်ဆင်းနှင့်ထား"
ဒိုယောင်းလည်းပြုံးစိစိနဲ့ဆင်းသွားတယ်
ဂျွန်ဂယူနဲ့ရူတိုလည်းအနောက်ကနေတူတူဆင်းလာကြတယ်
YD:ဂျယ်ဂျူဒိုရေငါရောက်လာပြီး
YS:အခုမှပျော်နေတယ်ကားပေါ်မှာတစ်ရေးတစ်မောအိပ်လာပြီးတော့
YD:မင်းကလဲခနလေးဘဲအိပ်ပျော်သွားတာပါ
MS:အေးလေမင်းကလည်းယဲဒမ်ကတော်ပါသေးတယ်တစ်ချို့ဆိုကားပေါ်မှာဇိမ်ကျကျအိပ်ပျော်လာတာလေကွာ
HS:ပုခုံးပါမှီထားတာလေဟိဟိ
ဟွန်းဆော့တို့ကဂျွန်ဂယူကိုစပြောရင်းရယ်နေကြတယ်ရှီဟိုတို့ပြောနေတာကိုကြားတော့ဂျွန်ဂယူတစ်ယောက်ရှက်လာသည်
Ruto:ကင်ဂျွန်ဂယူမင်းညကတကယ်စောစောမအိပ်ဘူးဟုတ်
Kyu:ဟမ် မီးယားနဲယောငါအိပ်ပျော်သွားတယ်မင်းပုခုံးတွေနာနေတော့မှာဘဲဘာလို့ငါ့ကိုမနိုးလိုက်လဲ
Ruto:မနာပါဘူး
Kyu:ငါ့ကိုနိုးလိုက်တာမဟုတ်ဘူး
Ruto:ချစ်ဖို့ကောင်းလို့
Kyu:ဟမ်
Ruto:မင်းအိပ်ပျော်နေတာလေးကချစ်ဖို့ကောင်းလို့
ရူတိုပြောလိုက်တာကြောင့်ဂျွန်ဂယူတစ်ယောက်ရှက်လို့ပါးတွေပါနီလာတယ်
"ကလေးတို့အားလုံးဒီကိုခနလာခဲ့"
Kyu:မြန်မြန်သွားမယ်ဆရာခေါ်နေပြီး
ရူတိုတစ်ယောက်ဂျွန်ဂယူရှက်သွားတာလေးကိုမြင်လိုက်တာကြောင့်တစ်ချက်ပြုံးလိုက်မိတယ်
"အရင်ဆုံးကိုယ်အိပ်ဖို့အတွက်တဲကိုပြင်လိုက်ကြနော်လေးယောက်တစ်တွဲနေရမယ်အတန်း‌ခေါင်းဆောင်ကအတူနေရမယ့်သူကိုရွေးပေးလိုက်နော်"
JH:Nae
"ပြီးရင်တော့ခနနားလိုက်နေ့လည်စာကဆရာတို့ဘာဂါနဲ့colaဝယ်လာတယ်ညကျမှအသားကင်လုပ်စားကြမယ်"
All:nae
JW:ပျော်လိုက်တာဒီညနေဘာမှလုပ်စရာမလိုဘူး
YJW:အခုတော့ပျော်ထားမနက်ဖြန်ကျရင်တော့ဘာတွေလေ့လာရမလည်းမသိဘူး
JH:ကဲကဲအတူတူအိပ်ရမယ့်လူကိုရွေးပေးပါမယ်
တစ်ခုကြိုပြောထားမယ်နော်ငါရွေးပေးတာငြင်းခွင့်မရှိပါဘူး
MS:ဟုတ်ပါပြီးအတန်းခေါင်းဆောင်ပတ်ရယ်
JH:ကင်ဂျွန်ဂယူ၊ကင်ဒိုယောင်းနဲ့ဟာရူတိုကငါနဲ့အတူတူအိပ်ရမယ်
Kyu:ဟမ်
JH:ဘာဖြစ်လို့လဲဂျွန်ဂယူရဲ့
ဂျီဟွန်းကပြုံးစိစိနဲ့မေးလိုက်တယ်
Kyu:ဘာမှမဖြစ်ဘူး
JH:အဲ့တာဆိုလည်းပြီးရော
ရူတိုတို့5ယောက်မှာရူတိုကဂျွန်ဂယူတို့နဲ့အတူတူအိပ်ရပြီးကျန်တဲ့လေးယောက်ကအတူတူပါဟွန်းဆော့တို့လည်းဂျီဟွန်းကလွဲရင်ကျန်တဲ့သူတို့လေးယောက်ကအတူတူအိပ်ရမှာပါ
အိပ်ဖို့နေရာအတွက်ဂျီဟွန်းတို့ကတဲကိုပြင်နေကြသည်ရူတိုကတော့ဒီအတိုင်းရပ်ကြည့်နေသည်
💬💬
Ruto:ကင်ဂျွန်ဂယူမင်းကိုဘယ်သူစာပို့လာတာလဲမသိဘူး
ဂျွန်ဂယူလည်းရူတိုပြောလို့ဖုန်းကိုသွားယူကြည့်လိုက်တယ်
Kyu:ငါ့ကိုစာပို့လာမယ်သူလည်းမရှိပါဘူးပြောရင်းဖုန်းကိုဖွင့်ကြည့်လိုက်တော့ဒိုယောင်း
Kyu:ဒိုယောင်းမင်းကဘာလုပ်ဖို့လဲစာပို့တာမင်းဘေးမှာငါရှိနေတာကိုစာနဲ့လှမ်းပို့တယ်ပေါ့လေ
ဂျွန်ဂယူဒိုယောင်းကိုလှမ်းမေးလိုက်တယ်
DY:စာမဟုတ်ဘူးအရင်ကြည့်လိုက်
ဂျွန်ဂယူလည်းကြည့်လိုက်‌တော့စာမဟုတ်ဘဲပုံ
ဒိုယောင်းနဲ့ဂျီဟွန်းကတော့ပြုံးစိစိနဲ့
Ruto:ဘာဖြစ်လို့လဲ
ဂျွန်ဂယူတစ်ယောက်ဖုန်းကိုကြည့်ရင်းလန့်သွားတဲ့ပုံပေါ်တာကြောင့်ရူတိုကမေးလိုက်ခြင်းဖြစ်တယ်
Kyu:ဘာမှမဟုတ်ဘူး ရားကင်ဒိုယောင်း
ဒိုယောင်းကိုအော်လိုက်တဲ့ဂျွန်ဂယူပါ
ဂျွန်ဂယူဒိုယောင်းဆီကိုသွားပြီးဒိုယောင်းလက်ကိုဆွဲကာ"နင်ငါနောက်လိုက်ခဲ့"ဒိုယောင်းကတော့ပြုံးစိစိနဲ့ဂျွန်ဂယူနောက်ကိုလိုက်သွားတယ်ကျန်တဲ့သူတွေကတော့ကြောင်တောင်တောင်နဲ့ကျန်ခဲ့တာပေါ့ဂျီဟွန်းလည်းဒိုယောင်းနည်းတူပြုံးနေတာပါဘဲ
*****
Kyu:ဒိုယောင်းရာဘာလို့ဓာတ်ပုံခိုးရိုက်ထားလဲ
နှုတ်ခမ်းထော်ထော်နဲ့မေးလာတဲ့ဂယူကအတော်ချစ်ဖို့ကောင်းသည်
DY:ကြည့်ရတာလိုက်ဖက်လို့ပေါ့နှစ်ယောက်လုံးအိပ်မောကျနေတဲ့ပုံလေးကတကယ်coupleနဲ့တူတယ်လေနင်ငါ့ကိုကျေးဇူးတောင်တင်ရမှာ
Kyu:ရူးနေလားနင့်ဖုန်းထဲမှာပုံရှိရင်အခုချက်ချင်းဖျက်လိုက်နော်ကြားလာ
DY:ဘာလို့ဖျက်ပေးရမှာလဲ
Kyu:ရားးး
DY:အိုကေ
Kyu:နင်ရူတိုဆီတော့မပို့လိုက်ပါဘူးနော်
DY:သေချာတာပေါ့
Kyu:တော်သေးလို့
DY:ငါတော့မပို့ဘူးဂျီဟွန်းပို့မှာ
Kyu:ဟမ်
ဂျွန်ဂယူတစ်ယောက်အမြန်ရူတိုဆီပြေးသွားသည်
ရူတိုဂျီဟွန်းတို့နဲ့အတူထိုင်နေပြီးစကား‌ေပြာရင်းရယ်နေကြတယ်
Kyu:ဟာရူတို
Ruto:ဘာလဲ
Kyu:နင့်ဖုန်းတစ်ချက်ပေး
Ruto:ဘာလို့ပေးရမှာလဲ
JH:Aigo ဂျွန်ဂယူရားမင်းရှက်နေတာလားမင်းမျက်နှာနီနေပြီး
Kyu:ငါကဘာဖြစ်လို့ရှက်ရမှာလဲဟာရူတိုနင်ငါနဲ့ခဏလိုက်ခဲ့
Ruto:ဘာလို့လဲဒီမှာဘဲပြောလေ
ရူတိုတစ်ယောက်ရယ်ပြီးပြောနေသည်
Kyu:ရားးး နင်ငါနဲ့လိုက်ခဲ့ဆိုလိုက်ခဲ့လိုက်
ဂျွန်ဂယူတစ်ယောက်ရူတိုလက်ကိုဆွဲသွားတယ်
ဂျွန်ဂယူနဲ့ရူတိုထွက်သွားတော့ဂျောင်ဟွမ်းတို့ရောက်လာတယ်
SJW:ဂျွန်ဂယူကော
HS:စောစောကဘဲရူတိုနဲ့ဘယ်သွားလဲမသိဘူး
SJW:ဪ
SJW pov:ဂယူနဲ့ရူတိုနဲ့က မဖြစ်နိုင်တာငါဘာတွေလိုက်တွေးနေတာလဲ
*******
သစ်ပင်ကြီးတစ်ပင်အောက်မှာအတူရပ်နေကြတဲ့သူကတော့ဂျွန်ဂယူနဲ့ဟာရူတိုပါ
Ruto:ဘာပြောမလို့လဲ
Kyu:နင့်ဖုန်းပေးလို့
Ruto:မပေးနိုင်ပါဘူး
Kyu:အဲ့တာဆိုရင်ပတ်ဂျီဟွန်းဘာဘဲပို့လာပါစေနင်မကြည့်နဲ့နော်ကြားလာ
Ruto:နင်ပြောမှငါသတိရတယ်အတန်းခေါင်းဆောင်ကပြောတယ်ငါ့ကိုပုံပို့ထားပေးတယ်တဲ့ငါကြည့်ဖို့မေ့နေတယ်ကျေးဇူးဘဲ့ငါ့ကိုသတိပေးလို့
Kyu:ရားမကြည့်ပါနဲ့ဆိုဖုန်းပေး
ဂျွန်ဂယူပြောရင်းရူတိုရဲ့ဖုန်းကိုလုနေသည်ရူတိုကလည်းဖုန်းကိုမြှောက်ထားပြီးရှောင်နေတယ်ရူတိုအရပ်ကဂျွန်ဂယူထပ်ပိုမြင့်နေတာကြောင့်ဂျွန်ဂယူ လှမ်းယူလုတာမိမလိုလိုနဲ့မမိပါဘူး
ဒီမြင်ကွင်းကိုအဝေးကနေလှမ်းမြင်နေတာကတော့ဂျီဟွန်းတို့အုပ်စုပေါ့နော်"ဟိုနှစ်ယောက်ကိုကြည့်ပါဦး"အားလုံးရယ်နေကြပေမယ့်မပြုံးနိုင်မရယ်နိုင်တဲ့သူကတော့ဂျောင်ဟွမ်းပါဘဲ
***
Ruto:အိုကေအိုကေပေးမယ်ဒါပေမယ့်လေတကယ်တော့ငါအဲ့ပုံအားလုံးကြည့်ပြီးပြီး
Kyu:ဘာ အဲ့တာဆိုရင်ဘာ‌လို့စောစောကတည်းကမပြောတာလဲတော်တော်ပျော်နေလား
Ruto:အမ်ပျော်တယ် မင်းရှက်နေတဲ့ပုံစံလေးကိုမြင်ချင်လို့လိမ်‌ေပြာလိုက်တာ
Kyu:ဘယ်သူပြောလဲငါရှက်နေတယ်လို့
Ruto:မလိမ်တတ်ရင်မလိမ်ပါနဲ့
Kyu:ဘယ်သူကလိမ်နေလို့လဲ သွားတော့မယ်
ဂျွန်ဂယူပြောရင်းထွက်သွားတော့သူ့ဘေးကနေကပ်ပြီးလျှောက်လာတဲ့ဟာရူတိုပါ
*****
"ဂျီဟွန်းရေကလေးတွေကိုဘာဂါတစ်ယောက်တစ်လုံနဲ့colaတစ်ဗူးဝေပေးလိုက်ဟွန်းဆော့နဲ့အတူ"
JH:Nae
အကုန်လုံးနေ့လည်စာစားနေကြတဲ့အချိန်မှာ
Kyu:ဂျီဟွန်းရားဘာလို့ငါကcolaမရတာလဲ
JH:ဒိုယောင်းပြောတော့မင်းရပြီးဆို
Kyu:မရပါဘူး
DY:မင်းအိတ်ထဲမှာcolaတစ်ဗူးတွေ့လို့အိမ်ကနေယူလာတာမဟုတ်ဘူးလာ
ဒိုယောင်းပြောမှမနက်ကရူတိုပေးတဲ့colaဗူးလေးရှိတာသိတယ်ဒါပေမယ့်သူမသောက်ချင်ပါဒီအတိုင်းသူသိမ်းထားချင်သေးလို့လည်းပါတယ်
Kyu:အဲ့တာက ငါမသောက်ချင်သေးလို့
SJW:ဟမ်ဘာဖြစ်လို့လဲ
Kyu:ဒီအတိုင်းဘဲ
Ruto pov:ငါပေးတဲ့colaဗူးလေးကိုသိမ်းထားချင်နေတာလား
ရူတိုတစ်ယောက်တွေးနေရင်းသူကိုယ်တိုင်‌မသိလိုက်ခင်မှာဘဲပြုံးမိသွားတယ်
ASH:ဟာရူတို ဘာတွေပြုံးနေတာလဲ
ဆာဟိအမေးကြောင့်ရူတိုပြုံးနေရင်းပြန်တည်သွားတယ်"ငါဘယ်မှာပြုံးလို့လဲ"
JW:ငါတို့မမြင်ဘူးဆိုတော့
YS:ငါတို့စားပြီးရင်ခနနားပြီးည‌ေနကျရင်ပင်လယ်ထဲဆင်းရအောင်
MSH:ဟုတ်တယ်ဟုတ်တယ်
JH:အိုကေ
HS:selcaပါရိုက်ရမယ်
*********
ညနေခင်းရောက်တော့ရေထဲဆင်းဖို့လုပ်ကြတာပေါ့နော်ရေကူးဝတ်စုံမပါဘဲနဲ့ဒီအတိုင်းရိုးရိုးဝတ်စုံနဲ့ပါဘဲ"ရေမစိုခင်ဓာတ်ပုံအရင်ရိုက်ထားရအောင်"ဂျီဟွန်းကပြောလိုက်ခြင်းဖြစ်တယ်
SJW:ဂယူငါနဲ့အတူselcaရိုက်မလား
Kyu:အမ်ရတယ်လေ
နှစ်ယောက်သားselcaရိုက်နေတာကိုကြည့်ပြီးဂျေဝင်နေတာကတော့ဟာရူတိုပါ"မင်းဂျွန်ဂယူနဲ့အတူရိုက်ချင်လား"ဂျီဟွန်းကရူတိုရဲ့အနားကိုကပ်လာပြီးတိုးတိုးလေးမေးလိုက်တယ်
Ruto:မဟုတ်ပါဘူး
ရူတိုရဲ့အဖြေကိုကြားတော့ဂျီဟွန်းကရယ်သည်
JH:ကင်ဂျွန်ဂယူဒီကိုခနလာပါဦး
Kyu:ဘာလုပ်ဖို့လဲ
JH:ရူတိုဘေးမှာခနလာရပ်ငါဖုန်းအသစ်ဝယ်ထားတာကင်မရာကိုမစမ်းကြည့်ရသေးလို့(ပတ်ဂျီဟွန်းရဲ့အကြံတွေပါ)
Kyu:ရား စမ်းရိုက်ချင်ရင်သူတစ်ယောက်တည်းကိုရိုက်ပါလား
JH:မင်းကလည်းနှစ်ယောက်ပုံကိုစမ်းရိုက်မလို့ပါ
ဂျွန်ဂယူလည်းရူတိုဘေးမှာသွားရပ်လိုက်တယ်
JH:wow မင်းတို့နှစ်ယောက်ကတကယ်လိုက်တာဘဲကွာ
Kyu:ရားးး
ရူတိုကတော့ဘာမှမပြောဘဲဂျွန်ဂယူကိုပြံုးပြီးကြည့်နေသည်ဂျီဟွန်း2ပုံရိုက်ပေးပြီးတော့ရူတိုကိုမျက်လုံးတစ်ဖက်မှိတ်ပြလိုက်ပြီး"ငါသွားပြီး"
ဂျီဟွန်းထွက်သွားတော့ရူတိုကဂျွန်ဂယူကို
Ruto:ကင်ဂျွန်ဂယူ ငါနဲ့အတူselcaတစ်ပုံလောက်ရိုက်ချင်လား
Kyu:မရိုက်ချင်ပါဘူး
Ruto:သေချာလို့လား
Kyu:ငါရေထဲဆင်းဆော့တော့မယ်
ပြောရင်းထွက်သွားတဲ့ဂျွန်ဂယူ
Time skip
ညရောက်‌တော့အသားကင်စားကြတာပေါ့နော်
ဆရာနဲ့အတူအသားဝိုင်းကင်ပေးနေတာကတော့ဂျီဟွန်းနဲ့ဂျောင်းဝူပါ
JW:ပတ်ဂျောင်းဝူရဲ့လက်ရာကိုမင်းတို့မစားဖူးသေးဘူးဟုတ်ငါကအသားကင်တဲ့နေရာမှာဆရာတစ်ဆူဘဲ
YJH:ကြွားပြန်ပြီး
အသားကင်ထိုင်စားနေကြရင်းဂျီဟွန်းက
JH:မင်းတို့မှာအချစ်ဦးလေးတွေရှိခဲ့ရင်ငါတို့ကိုပြောပြပါလား
MSH:ငါတော့မရှိဘူး
HS&YS:ငါလည်းမရှိဘူး
JH:မင်းတို့လေးယောက်ကငါ့သူငယ်ချင်းတွေဆိုတော့မရှိတာငါသိပါတယ်ကွာဂျောင်းဝူတို့ကကော
JW:ငါတို့လည်းမရှိဘူး
DY:ငါလည်းမရှိဘူး
JH:အမလေးငါတို့အားလုံးကတစ်ယောက်မှရည်းစားမထားဖူးကြဖူးပေါ့
YD:မင်းကလည်း
ASH:ငါတို့ထဲမှာရည်စားမရှိပေမယ့်အချစ်ဦးရှိတာဆိုလို့ဟာရူတိုတစ်ယောက်တည်းဘဲ
Ruto:ရားး
ဆာဟိအပြောကြောင့်ကျန်တဲ့သူအားလုံးလန့်သွားကြတယ်
JW:ဟုတ်တယ်ရူတိုတစ်ယောက်တည်းရှိတာ
Ruto:တစ်ခြားအကြောင်းပြောကြ
HS:ရူတိုရှက်နေတာလား
Ruto:မဟုတ်ပါဘူး
SJW:ရူတိုကငယ်ချစ်ဦးရှိခဲ့တာပါ
JH:မင်းပြောတဲ့ပုံစံအရဆိုရင်တစ်ဖက်သတ်လား
YJH:တစ်ဖက်သတ်လည်းမဟုတ်ဘူးထင်တယ်‌နော်ဟုတ်တယ်မလားရူတို
Ruto:ရားးမင်းတို့တခြားအကြောင်းပြောင်းပြောကြကွာ
အချစ်ဦးအကြောင်းစပြောကတည်းကတစ်ယောက်တည်းဘာစကားတစ်ခွန်မှမဝင်ပြောဘဲငြိမ်နေတဲ့ဂျွန်ဂယူကိုယိုရှီကသတိထားမိသွားတယ်"ဂျွန်ဂယူမင်းငြိမ်နေတယ်ကောမင်းမှာရှိနေတာလား"ယိုရှီအမေးကြောင့်ဂျီဟွန်းတို့လည်းသူ့ကိုကြည့်နေကြသည်ဂယူရဲ့အချစ်ဦးကိုရူတိုနဲ့ဂျောင်ဟွမ်းကတော့ပိုပြီးသိချင်နေကြတာပေါ့နော်
Kyu:ဟမ်ငါလား
JH:အမ် မင်းမှာအချစ်ဦးရှိလား
Kyu:ငါ ငါ ညနေကရေကစားတာကြာသွားတယ်ဖြစ်မယ်နေလို့သိပ်မကောင်းဘူးငါသွားနားတော့မယ်‌‌ေနာ်‌ေပြာရင်းစကားဝိုင်းထဲကနေထွက်သွားတဲ့ဂျွန်ဂယူ
JW:ဘာဖြစ်တာလဲ
JH:မသိဘူး
*****
စကားတွေပြောပြီးတော့အားလုံးကိုယ်စီကိုယ့်အိပ်ဖို့ပြင်ကြတယ် ဂျီဟွန်း၊ဒိုယောင်းနဲ့ရူတိုဝင်လာတော့ဂျွန်ဂယူကအိပ်ပျော်နေပြီး
JH:ဂယူကတကယ်နေမကောင်းတာဖြစ်မယ်
လေးယောက်က‌ေဘးကပ်ရပ်လှဲအိပ်ကြတာပါ
ရူတို၊ဂျွန်ဂယူ၊ဒိုယောင်းနဲ့ဂျီဟွန်းအစဉ်လိုက်အိပ်ကြတာပါရူတိုနဲ့ဂယူကဘေးချင်းကပ်ရပ်ပေါ့နော်
ရူတိုတစ်ရေးနိုးလာ‌တော့ဘေးမှာဂျွန်ဂယူမရှိဘူး
အချိန်ကိုကြည့်လိုက်တော့ည12နာရီခွဲအပြင်ကိုထွက်ကြည့်တော့
ဂျွန်ဂယူကိုတွေ့လိုက်တယ်"ကင်ဂျွန်ဂယူဘာလုပ်နေတာလဲအပြင်မှာမအေးဘူးလာ"
Kyu:တစ်ရေးနိုးလာလို့အိပ်မပျော်တော့ဘူး
Ruto:အဲ့တာနဲ့အပြင်မှာတစ်ယောက်တည်းထွက်နေရလားတစ်ရေးနိုးလာတော့မင်းကိုမတွေ့လို့ငါစိတ်ပူသွားတာသိလား
Kyu pov:တကယ်စိတ်ရင်းနဲ့ငါ့ကိုစိတ်ပူနေတာလားကျေးဇူးပြုပြီးငါ့အပေါ်ဂရုမစိုက်ပြပါနဲ့ကြာရင်ငါအထင်လွဲမိမှာဆိုးလို့
Ruto:ဘာကြည့်နေတာလဲ
Kyu:ဘာမှမဟုတ်ဘူး
Ruto:မင်းဘာတွေတွေးနေတာလဲ
Kyu:ဒီအတိုင်းဘဲ
Ruto:ငါမင်းကိုတစ်ခုလောက်မေးလို့ရမလား
Kyu:အမ်
Ruto:မင်းမှာသဘောကျနေတဲ့သူရှိတာလားမဟုတ်ဘူးအချစ်ဦးရှိနေတာလား
သူ့မျက်ဝန်းတွေကိုစိုက်ကြည့်ပြီးမေးလာတဲ့ရူတို
Kyu:မင်းမှာကောရှိခဲ့တာလားမဟုတ်ဘူးအခုထိအဲ့အချစ်ဦးကရှိနေတုန်းဘဲလား
Ruto:မင်းသိနေခဲ့သလိုဘဲလေရှိတယ်ဒါပေမယ့်
Kyu:ဒါပေမယ့်ဘာဖြစ်လဲ
Ruto:ထားလိုက်ပါတော့မင်းငါမေးတာမဖြေရသေးဘူးနော်
ဂျွန်ဂယူရူတိုရဲ့မျက်ဝန်းတည့်တည့်ကိုကြည့်လိုက်တယ်ရူတိုကလည်းသူ့ကိုကြည့်နေတယ်ဂျွန်ဂယူတစ်ယောက်ဒီတစ်‌ခါရူတိုရဲ့အကြည့်ကိုမရှောင်‌တော့ဘဲရူတိုရဲ့မျက်ဝန်းလေးတွေကိုကြည့်ပြီးပြောလိုက်တယ်"ဟုတ်တယ် ဟာရူတိုငါမှာအချစ်ဦးရှိတယ်"

********************
မျှော်နေပေးတဲ့သူတွေအတွက်အပ်ပေးလိုက်ပါပြီးနော်ဖတ်ပေးကြတဲ့တစ်ယောက်ချင်းစီတိုင်းကျေးဇူးအများကြီးတင်ပါတယ်လို့💙
ဂျယ်ဂျူဒိုခရီးကမပြီးသေးပါဘူးနော်ဂျွန်ဂယူတစ်ယောက်ရူတိုကိုသူ့မှာအချစ်ဦးရှိကြောင်းဝန်ခံလိုက်ပြီးဆိုတော့ဘာဆက်ဖြစ်မလဲ
နောက်အပိုင်းမှာတွေ့ကြမယ်







First Love 💙Where stories live. Discover now