Ep7

369 49 4
                                    

ဂျယ်ဂျူဒိုရဲ့ညသန်းခေါင်ချိန်မှာတိုက်ခတ်တဲ့လေပြေလေအေးလေတွေကဆိုးလ်မြို့ရဲ့လေထပ်ကိုပိုပြီးအေးစိမ့်စိမ့်ဖြစ်နေသည်ထိုလေပြေအေးလေးနဲ့အတူကောင်လေးနှစ်ယောက်ရဲ့အ‌ခြေနေကလည်းပိုပြီးအေးစက်နေသည်
Kyu:ဟုတ်တယ်ဟာရူတို ငါ့မှာအချစ်ဦးရှိတယ်
Ruto:........
ဂျွန်ဂယူဖြေလိုက်တဲ့အဖြေကြောင့်ရူတိုခနတာငြိမ်သက်သွားသည်
Kyu:သူကငါ့အတွက်ထူးခြားတယ်ငါတို့နှစ်ယောက်ရဲ့တွေ့ဆုံခြင်းကလည်းဆန်းကြယ်တယ်ဒါပေမယ့် ငါ့ရဲ့ဇာတ်လမ်းကအပိုင်း၁နဲ့တင်ဇာတ်သိမ်းသွားတာ
ဂျွန်ဂယူပြုံးပြီးပြောလိုက်ပေမယ့်မျက်ဝန်းထဲမှာတော့မျက်ရည်တွေအပြည့်ဝိုင်းနေတာရူတိုမြင်လိုက်ပါတယ်ဘာလို့လည်းဆိုတော့ဂျွန်ဂယူရဲ့မျက်ဝန်းလေးတွေကိုငေးကြည့်ပြီးဂျွန်ဂယူပြောပြတာကိုနားထောင်နေတာပါ
Kyu:ဟာရူတို ရင်နာစရာအကောင်းဆုံးကဘာလည်းသိလာ
ရူတိုကိုလှည့်ကြည့်ပြီးမေးလိုက်တယ်
Ruto:ဟင်အင့်
Kyu:ငါကြားဖူးတာတော့ရင်နာစရာအကောင်းဆံုးကတစ်ဖက်သတ်အချစ်တဲ့ဒါပေမယ့်ပိုပြီးရင်နာဖို့ကောင်းတာကဘာလည်းသိလား ကိုယ်တစ်ဖက်သတ်ချစ်နေတဲ့သူဆီမှာသူသဘောကျနေတဲ့သူချစ်ရတဲ့သူရှိနေတယ်ဆိုတာသိလိုက်ရတဲ့အချိန်ဘဲ
လူတွေဆီကနေကျွန်တော်စကြားဖူးတုန်းကမယုံခဲ့ပါဘူးအခုကျွန်‌ေတာ်ကိုယ်တိုင်လက်တွေခံစားလိုက်ရတဲ့အချိန်မှာမှအဲ့ခံစားချက်ကိုနားလည်သွားတယ် ကျွန်တော့်သူငယ်ချင်းတွေဆီကနေတဆင့်ပြန်ကြားလာပါတယ်ရူတိုကတခြားလူတွေကိုဆက်ဆံတဲ့ပုံစံနဲ့ကျွန်တော့်ကိုဆက်ဆံတဲ့ပုံစံကမတူဘူးတဲ့ကျွန်တော်နဲ့စတွေ့မှရူတိုကပြောင်းလဲသွားပြီးအရင်ကနဲ့မတူတော့တာတဲ့ဒါပေမယ့်ကျွန်တော်ဘာကိုမှမမျှော်လင့်ထားချင်ပါဘူး‌မျှော်လင့်ချက်တွေထားပြီးတော့မဖြစ်လာရင်ပိုပြီးခံစားရမှာကျွန်တော်ကိုယ်တိုင်ဘဲမဟုတ်လားကျွန်တော်ဖွင့်ပြောဖို့လည်းကြိုးစားမှာလည်းမဟုတ်ပါဘူးဒီအတိုင်းလေးဘဲဆက်သွားချင်တယ်ဒီအတိုင်းလေးဘဲရင်းနှီးနေတာလေးကိုဘဲကျွန်တော်ပျော်ပါတယ်ကျေနပ်ပါတယ်ကျွန်တော့်ရဲ့အတွေးခရီးတွေကရှည်သွားတယ်ထင်ပါရဲ့ရူတိုကျွန်တော့နာမည်ကိုခေါ်တဲ့အသံကြားမှအတွေးတွေအားလုံးကိုရပ်စဲလိုက်တယ်
Ruto:ဂျွန်ဂယူ
Kyu:ဟမ်
Ruto:မင်းခုထိသူ့သဘောကျနေတုန်းဘဲလား
Kyu:သေချာတာပေါ့
ကျွန်တော့်ရဲ့မေးခွန်းကိုဂျွန်ဂယူတွေဝေခြင်းမရှိဘဲမဆိုင်းမတွနဲ့ဖြေလိုက်တာကြောင့်ကျွန်တော့်ရဲ့ဘယ်ဖက်ရင်ကနာကျင်လာသလိုခံစားလာရတယ်ကျွန်တော်ဂျွန်ဂယူကိုချစ်မိနေပြီးလားဆိုတာကျွန်တော်ကိုယ်တိုင်မသိပါဘူးဂျွန်ဂယူနဲ့ပတ်သတ်တဲ့ကျွန်တော့်ရဲ့ခံစားချက်တွေကဘာလည်းဆိုတာကိုကိုယ့်ကိုယ်ကိုအကြိမ်ကြိမ်ပြန်မေးဖူးတယ်ဒါပေမယ့်တိကျတဲ့အဖြေကမထွက်လာပါဘူး
Kyu:မင်းကကော ငါကြားတာတော့ဟိုကောင်မလေးပြန်လာတော့မယ်ဆို
Ruto:အမ်ဒါပေမယ့်
Kyu:ဒါပေမယ့်ဘာဖြစ်လည်းဂျောင်ဝူးပြောတာတော့ငယ်သူငယ်ချင်းမဟုတ်လား
Ruto:အမ် ငါမပျော်ဘူး မဟုတ်ဘူးမပျော်သလိုခံစားရတယ်
Kyu:ဟမ်ဘာလို့လည်း
Ruto:ဒီအတိုင်းဘဲငါတို့ကငယ်သူငယ်ချင်းတွေ ငါ့သူ့ကိုချစ်သလိုသူလည်းငါ့ကိုချစ်တယ်ဆိုတာငါတစ်ယောက်တည်းမဟုတ်ဘူးသူငယ်ချင်းတွေအားလုံးကခံစားမိတယ်ဒါပေမယ့်သူကငါ့ကိုဘာမှမပြောဘဲနိုင်ငံခြားကိုထွက်သွားတယ်
Kyu:အဲ့တာကြောင့်မင်းစိတ်ဆိုးနေတာလား
Ruto:စိတ်ဆိုးတယ်ဆိုပေမယ့်လည်းငါသူ့ကိုလွမ်းပါတယ်နောက်ပိုင်းတော့နေသားကျသွားတယ်ငါတို့အဆက်အသွယ်မရှိတာတစ်နှစ်ကျော်လောက်ရှိပြီး ဟုတ်တယ်သူထွက်သွားတဲ့နေ့ကတည်းကအဆက်အသွယ်မရှိတော့တာ ငါသူ့ကိုမချစ်တော့ဘူးလို့ခံစားရတယ်သူငယ်ချင်းအနေနဲ့ဘဲသံယောဇဉ်ရှိတော့တယ်လို့ထင်တယ်
ထားလိုက်ပါတော့အချိန်လည်းနှောင်းနေပြီးအိပ်ကြရအောင်
Kyu:အမ်
နှစ်ယောက်လုံးအတွေးကိုယ်စီနဲ့မို့လို့တော်ရုံနဲ့အိပ်မပျော်ခဲ့ကြပါဘူး

First Love 💙Where stories live. Discover now