(1)

15.5K 568 9
                                    

Unicode

တဖွဲဖွဲကျနေသည့် မိုးရေစက်များကို ကျေနပ်စွာ ခံယူရင်း အိမ်အပြန်လမ်းကို သူတစ်ယောက်တည်း ဖြေးညင်းစွာလျှောက်လာခဲ့သည်။ ကွန်ကရစ်ခင်းထားသည့် လူသွားလမ်းငယ်က အိမ်နားရောက်ခါနီးလေ ပိုမို မတ်စောက် ကွေ့ကောက်လာသည်။ ဒါသည်ပင် Hallstatt ဆိုသည့် ရွာလေး၏ ပထဝီမြေပြင်အလှတရားတမျိုးဖြစ်နေပြန်သည်။ ရွာ၏တဝက်ကို ကာရံထားသည့် ကျောက်တောင်တွေကြောင့် မိုးသားတိမ်စိုင်တိုင်းက လေနှင်ရာမလွင့်နိုင်ပဲ ရွာချရပြန်သည်။ တစတစသည်းလာသော မိုးကြောင့်
အိမ်နားရောက်ခါနီး ခြေလှမ်းဆယ်လှမ်းလောက်ကို ခပ်သွင်သွက်လှမ်းလိုက်သည်။

ခြံစည်းရိုးမရှိသည့် အိမ်မကြီးရဲ့ တံခါးကိုအသာအယာ တွန်းဖွင့်လိုက်တော့ မွှေးကြိုင်သည့် ကုံကုမံ (saffron) ပန်းရနံ့က နှာသီးဖျားသို့တိုးဝင်လာသည်။ အား နွေးထွေးလိုက်တဲ့ခံစားချက်။ ဘာရယ်မဟုတ် တစ်ယောက်ထဲနေထိုင်သည့် အိမ်မှာ သူပြန်လာလေတိုင်း တယောက်ယောက်က စောင့်ကြိုနေသလို ခံစားရစေမည့် အမှတ်အသားထားရတာကို ကြိုက်သည်။ ဉပမာ ကုံကုမံ ပန်းဝတ်ဆံပါသည့် အမွှေးတိုင်ထွန်းခဲ့တာမျိုး၊ မီးလင်းဖိုမှာ ရနံ့စွဲကျန်စေမည့် သစ်သားတုံးငယ် ထည့်ခဲ့တာမျိုးပေါ့။

အပြင်ဖက်ကရွာနေသည့် မိုးတို့ကမတိတ်သေးသဖြင့် ကောင်းကင်ယံကလည်း မလင်းသေး။ မကြာမီနေဝင်တော့မှာဖြစ်သောကြောင့် ဒီညအဖို့တော့ လက်ကျန်နေရောင်ကို မြင်ဖို့မသေချာတော့။ ပြာဖုံးနေသည့် မီးလင်းဖိုကို နောက်တခေါက် မီးရှို့လိုက်ပြီး အိမ်နံရံမှာ ကပ်ထားသည့် လိမ္မော်ရောင် မီးဖန်ဆိုင်းများအားလုံးကို ဖွင့်လိုက်သည်။ နွေးနွေးထွေးထွေးရှိသယောင်ခံစားရပေမယ့် မိုးမိလာသဖြင့် ရေချိုးဖို့ပြင်ရပြန်သည်။

ဥရောပ၏ ညီမျှသော ရာသီဥတုဆိုသည်မှာ အမြဲလိုအေးမြတတ်တာတောင်မှ ရေအေးဖြင့်သာ ချိုးသည့် အကျင့်၊ ရေချိုးခန်းက ထွက်လာတိုင်း စွဲနေသော ဆံပင်ကို ပြောင်အောင်မသုတ်ချင်သည့် အကျင့်တို့သည် သူဘယ်လောင်တောင် ပေပေတေတေနေလဲဆိုတာ သိနိုင်တာပေါ့။ ပေါ့ပေါ့ပါးပါး ဂါဝန်ဖြူတစ်ထည်ကို ကောက်စွတ်လိုက်ပြီး ဧည့်ခန်းထဲထွက်လာခဲ့သည်။ မီးလင်းဖိုနားသွားထိုင်လိုက်မှ နေသာသလိုရှိလာပြန်သည်။ တနေကုန်တနေခန်း လမ်းလျှောက်လိုက် စက်ဘီးစီးလိုက်နှင့်မို့ ခန္ဓာကိုယ်က အာဟာရဖြည့်ဖို့လိုနေပြီ။

She's sweet like candy.(GL)Where stories live. Discover now