ပြင်းထန်သော ပိုးသတ်ဆေးအနံ့က နှာခေါင်းထဲ တိုးဝင်လာသည်။ မျက်စိဖွင့်ကြည့်ဖို့ ကြိုးစားလိုက်ပြန်တော့လည်း စူးရှရှ အလင်းရောင်တန်းကြောင့် မအောင်မြင်။ ဒီကြားထဲ လက်တဖက်က အောင့်သက်သက်ဝေဒနာ ခံစားနေရပြန်သည်။
Shit !
တော်သေးရဲ့ ပါးစပ်ကတော့ ဆဲနိုင်သေးတယ်။ သူ့ရဲ့ ဆဲသံကြောင့် ဆေးရုံခန်းထဲမှာ လူသံ သူသံများ ထွက်ပေါ်လာသည်။ ရှေးဦးစွာ ကြားလိုက်ရတာက အငိုသန်လေးရဲ့ စူးရှရှ အသံလေးဖြစ်နေသည်။
“သတိရလာပြီလားဟင်…
ဘယ်နားနာသေးလဲဟင်
ဆရာဝန်ခေါ်ပေးရမလား လုပ်ပါဦး
တယောက်ယောက် ဆရာဝန်တွေ
ခေါ်ပါဦး အဟင့်… ရှင်သတိရလာပြီလားဟင် တော်ပါသေးရဲ့
ကျွန်မလေ ရှင့်ကို ရှင့်ကို စိတ်ပူနေတာ အဟင့်… ဘာလို့ မျက်လုံးဖွင့်မကြည့်တာလဲဟင် အသံရော
ကြားရရဲ့လားဟင် …ဒီကို ကြည့်ပါဦး ”မျက်လုံးကို စူးနေသော အလင်းတန်းကို ကာဖို့ ဘယ်ဖက်လက်ကို မြှောက်လိုက်သော်လည်း ဆေးထိုးအပ်တန်းလန်းနှင့်မို့ ပြန်ချလိုက်သည်။ ညာဖက်လက်ကို ကြိုးစားကြည့်ပြန်တော့ ပိုဆိုးနေသည်။ ဖြစ်တုန်းက လက်မထိထားပါဘဲနဲ့ အခုတော့ လက်က ထုံကျင်ပြီး လှုပ်လိုက်တိုင်း မခံမရပ်နိုင်ဖြစ်ရသည်။ ဒီကြားထဲ ဘေးကနေ သာလိကာလို တရစပ်ပြောနေသော ခိုင်နှင်းဆီကြောင့် ကလျာ ငိုချင်စိတ်ပေါက်သွားသည်။ တော်ပါသေးရဲ့ ဆရာဝန်တွေ သူနာပြုဆရာမတွေ ရောက်လာပြီး စစ်ဆေးပေးလို့။
ဦးခေါင်းက ချုပ်လိုက်ရပေမယ့် အတွင်းဖက်တော့ မထိခိုက်လို့တော်ပါသေးရဲ့။ ကျန်တာတော့ ဘာမှမဖြစ်ပေ။ ဆရာဝန်တွေပြန်ထွက်သွားသွားချင်း ခရစ်က ဆေးရုံခန်းထဲ ကမန်းကတန်း ပြေးဝင်လာသည်။ သူ့မှာလည်း လက်တဖက်ကို ကျောက်ပတ်တီးစီးထားတာကို ကလျာတွေ့လိုက်ရသည်။
“ခရစ် ဘာဖြစ်တာလဲ လက်က …”
“နောက်မှပြောမယ် Claire မင်း ဘယ်လိုနေသေးလဲ ”
“ ခေါင်းမူးနေသေးပေမယ့် ကောင်းပါတယ် ငါ ဆေးရုံဘယ်လိုရောက်လာတာလဲ ခရစ် နင်ရှိနေတာလား ”
YOU ARE READING
She's sweet like candy.(GL)
Romanceကွာရှင်းထားတဲ့ခင်ပွန်းဟောင်းရဲ့ လက်ဆောင်က တိတ်တိတ်ပုန်းမယားနဲ့ လူမမယ်ကလေးတစ်ယောက်ဖြစ်နေလိမ့်မယ်လို့မထင်ထားဘူး