(3)

4.8K 376 2
                                    

အမှတ်ရစရာရယ်လို့ သတ်သတ်မှတ်မှတ်မရှိပေမယ့် နှစ်ယောက်အတူနေထိုင်ခဲ့တဲ့ အိမ်မို့ မြင်တွေ့သမျှအရာရာတိုင်းမှာ အတိတ်က ပုံရိပ်တွေသာ ပြည့်နေလေရဲ့။ အထင်းရှားဆုံးက ဧည့်ခန်းမှာ တယုတယ ချိတ်ထားသည့် ကျောက်စီပန်းချီကား။ ပန်းချီကားထဲက လူနှစ်ယောက်ကတော့ ရိုးရာမဂ်လာဝတ်စုံကို ဆင်မြန်းထားပြီး ပြုံးရယ်နေလေရဲ့။

အတိတ်တုန်းက ငါတို့တွေ တကယ်ပျော်ရွှင်ခဲ့တာပဲနော် တစ်ယောက်နဲ့ တစ်ယောက်ချစ်ပါတယ်လို့တောင် သေချာ ဝန်မခံခဲ့ဘဲနဲ့ လက်ထပ်ခဲ့တဲ့ အဲ့ဒီမဂ်လာပွဲမှာ ငါတို့ ပျော်ရွှင်ခဲ့တာပဲ  စိတ်တူ ကိုယ်တူ သူငယ်ချင်းတွေ အဖြစ်ကနေ ဘာရယ်မစဥ်းစားဘဲ လက်ထပ်ခဲ့တော့လည်း သိပ်တွေးပူမနေခဲ့ဘူး ငါတို့တွေ နည်းနည်းလေးလောက်သာ စိတ်ရှည်ခဲ့ရင် တကယ့်ဇနီးမောင်နှံတွေ ဖြစ်ခဲ့မယ်ထင်တယ် နောင် အဲ့ဒီလက်ထပ်ပွဲကို နောင်တရသလားလို့မေးဖူးတယ်နော် အခုတော့  နောင်တရနေပြီ အစကတည်းက ငါသာ ငြင်းခဲ့ရင် မဟုတ်ဘူး ချစ်ဖို့ကြိုးစားခဲ့ရင် နင့်ကို ဒီလိုလက်လွှတ်လိုက်ရမှာ မဟုတ်ဘူး ငါသာ အဆုံးထိ နင့်အနားမှာနေပေးခဲ့ရင် ငါတို့အသက်ရှည်ရှည်နဲ့  အကြာကြီးနေခဲ့ရမှာ စိတ်ချ နင့်အတွက်ငါ လုပ်သင့်သမျှ အကုန်လုပ်ပေးမယ် နောင် 

“မမ ရှေ့နေတွေရောက်ပါပြီ ”

တိတ်ဆိတ်နေချိန်ထွက်ပေါ်လာသော အသံတစကြောင့် သူ အတွေးပြတ်သွားသည်။ အိမ်ကြီးကလည်း သခင်မရှိတော့ တိတ်ဆိတ်သွားလိုက်တာ လေတိုးသံကအစ ကျယ်လွန်းနေသလိုပင်။

ရှေ့နေတွေဆိုတာ အရင်ကတည်းက လုပ်ငန်းဆောင်တာအရ ပတ်သတ်ခဲ့သူတွေဆိုတော့ အနည်းနဲ့အများယုံကြည်လို့ရသည်။  စီးပွားရေး လောကထဲမှာ  သိတတ်တဲ့အရွယ်ကတည်းက ကျင်လည်လာကြသူတွေဆိုတော့ သူတို့နှစ်ယောက်နှင့် ရင်းနှီးသူတွေ ပတ်သတ်သူတွေကို လက်လွတ်စပါယ် မယုံကြည် မပေါင်းသင်းခဲ့။ 

ရှည်လျားထွေပြားလှသော ပိုင်ဆိုင်မှုစာရင်းတွေကို ရှေ့နေတွေက နှုတ်ကတမျိုး စာရွက်စာတမ်းနှင့် တဖုံ အတည်ပြုပြီးချိန်မှာတော့ ထိုအရာအားလုံးရဲ့ ပိုင်ဆိုင်သူအသစ်က သူဖြစ်ကြောင်း တရားဝင်ဖြစ်လာခဲ့သည်။

She's sweet like candy.(GL)Where stories live. Discover now