(14)

3.8K 337 1
                                    

“ရော့ အဲ့တာတွေဖတ် ပြီးရင် ကလေးကို ဂရုစိုက် ငါ့နောက်ပဲ တကောက်ကောက် လျှောက်လိုက်မနေနဲ့ ”

တခါလေးခွင့်ပြုလိုက်ပါတယ် နောက်ရက်တွေပါ သူ့လက်မောင်းကိုချိတ်ပြီး သွားလေရာ လာလေရာ လိုက်နေသည့် ခိုင်နှင်ဆီကို ခွာချဖို့ ကလျာ အကြံတစ်ခုရခဲ့သည်။  မနက်စောစော ထမင်းစားပွဲကို အဝတ်အစားအကျအနဝတ်ကာ ထွက်လာသည့် ခိုင်နှင်းဆီရှေ့သို့ စာအုပ်အထပ်လိုက်ကြီး ချပေးလိုက်သည်။ စာအုပ်တွေက ကလေးသူငယ်ပြုစုစောင့်ရှောက်ရေးနှင့်ဆိုင်သော စာအုပ်များပင်ဖြစ်သည်။ သူပေးသော စာအုပ်များကို ကြည့်ပြီးနောက် ခိုင်နှင်းဆီ မျက်နှာလေး တဖြေးဖြေး မဲ့ကျသွားသည်။

“အဟင့် စာအုပ်တွေ အထူကြီးပဲ ”

“ကလေးမွေးထားတဲ့ မိခင်တစ်ယောက်အနေနဲ့ သိသင့်တာသိဖို့ လေ့လာရမယ် မင်းက သိတဲ့တတ်တဲ့ လူတွေသင်ပေးတော့လည်း ပြန်မပြောနားမထောင်လေ ဆိုတော့ ကိုယ့်ဘာသာလေ့လာ ဒါတွေဖတ်ပြီးသွားရင် …”

“ဆုချမှာလားဟင် ”

“နေပါဦး စကားတောင် ဆုံးအောင်မပြောရသေးဘူး ဘာတွေလိုချင်တာရှိလို့လဲ ”

“ဘာရယ်မဟုတ်ပါဘူး တခုလောက် ပေးလို့ရမလား ”

“မရဘူး စာပဲဖတ် ”

“ဘာမှမပေးရင် ဘာမှမဖတ်ဘူး  ”

ဒီဂျစ်တူးလေးဟာလေ ကလေးတယောက်မိခင်သာပြောတယ်  ဘယ်လိုမှ ရင့်ကျက်လာနိုင်ဖွယ်မရှိဘူး ။ ကလေးကြီးလာရင် သူက ကလေးနဲ့ အပြိုင်ဆိုးနေတော့မှာလို့ ကလျာတွေးမိသည်။

“ကလေးအတွက် ကင်ပွန်းတပ်ပွဲလုပ်ပေးမယ် နောင့်ရဲ့ မွေးနေ့လည်းရောက်တော့မှာ ဒါနဲ့ သားသားမွေးနေ့က ဘယ်နေ့လဲ ”

“မသိ…အဲ့ ဟိုဟာ အဲ့တာ ”

“ခိုင်နှင်းဆီ မင်း ပေါ့ပျက်ပျက်တွေလုပ်မနေစမ်းနဲ့ ကိုယ့်ဗိုက်ထဲက ထွက်လာတဲ့ ကလေး ဘယ်နေ့မွေးမှန်းတောင် မသိဘူးဆိုရင် နင် လူမဟုတ်ဘူး ”

ဒေါသထွက်လွန်းလို့ အသံကုန်အော်လိုက်တော့မှ  သူ့ရှေ့က ကောင်မလေးက လန့်ဖျတ်ကာ ကလျာ့ကို မော့ကြည့်လာသည်။ တဖြေးဖြေးနှင့် မျက်ရည်တွေ ပိုးပိုးပေါက်ပေါက်ကျလာကာ ငိုတော့သည်။

She's sweet like candy.(GL)Hikayelerin yaşadığı yer. Şimdi keşfedin